CHAPTER 9.1

10.5K 1.4K 18
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ယွီချူယောင် ကျောင်းကို ရောက်ပြီးနောက် တော်တော်လေးကိုရေပန်းစားလာခဲ့သည်။ တခြားအတန်းများမှ ကောင်လေးတွေတောင်မှ သူမကိုတွေ့ရဖို့အတွက် သူတို့အတန်းကို အပြေးလာခဲ့ရတာဖြစ်သည်။ သူတို့က ပြတင်းပေါက်ကနေ လည်ပင်းတွေ တိုးဝင်ကာကြည့်ကြရသည်။

“ အဲ့တစ်ယောက်က ယွီချူယောင်ပဲ‌  တကယ်ကို လှရက်လိုက်တာ”

“သူက တယောလဲထိုးတတ်‌သလို  အရည်အချင်းလည်း အရမ်းရှိတယ် ”

“အာ သူက စာလဲ တော်တယ် ငါတို့တွေ ဒီလိုလူမျိုးမှ လေးစားသင့်တာ”

“အိုး ဘုရားရေ   အပြင်ကိုထွက်လာပြီ”

လူတိုင်းက ယွီချူယောင်  ခုံမှထကာ အခန်းပြင်ထွက်လာလာတာကို ကြည့်နေရင်း အရမ်းစိတ်လှုပ်ရှားနေသည် ။အဲ့အချိန်မှာပဲ လူအုပ်ထဲက ကောင်လေးတစ်ယောက်က ရှေ့ကို ထွက်လာပြီး ယွီချူယောင်ရဲ့အရှေ့မှာပိတ်ရပ်လိုက်သည်။

“နတ်ဘုရားမလေး ငါမင်းကို အလယ်တန်းကျောင်းသားဘဝကတည်းက စိတ်ဝင်စားလာခဲ့တာ ဒီဟာက ငါကိုယ်တိုင် လုပ်ထားတဲ့ ဘီစကစ်သေးသေးလေးတွေပါ ကျေးဇူးပြုပြီး စမ်းစားကြည့်ပေးပါ”  မျက်မှန်လေးနဲ့ ကောင်လေးတစ်ယောက်ကနေ ယွီချူယောင်ကို ဘီစကစ်တစ်ထုတ်ပေးလေသည်။

“အာ ကျေးဇူးပါ”

ယွီချူယောင်က ဘီစကစ်ကိုယူကာ ထိုကောင်လေးကို ချိုချိုသာသာ အပြုံးလေးတစ်ပွင့်နဲ့အတူပြောလာ၏။

“မင်းက အရမ်းသဘောကောင်းတာပဲ ငါမင်းကို အမြဲ အားပေးနေတယ်”

ကောင်လေးက မျက်နှာလေးနီရဲရင်း ထိုသို့ ပြောကာ ခပ်မြန်မြန် ထွက်ပြေးသွား‌လေသည်။

နောက်အတန်းချိန်ကတော့ ကာယအချိန်ပဲဖြစ်သည်။ ကျောင်းသားများက သူတို့ရဲ့ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် အတန်းဖြုတ်ကာ လွတ်လွတ်လပ်လပ်ဖြစ်သွားတော့သည်။

ရှီးနဉ်ကတော့ သစ်ပင်အုပ်လေးထဲက တိတ်ဆိတ်တဲ့ နေရာလေး တစ်ခုကို ရှာတွေ့ခဲ့ပြီး ပုစ္ဆာများဖြေရှင်းတဲ့နည်းလမ်းတွေ ထိုင်ကာ ဖတ်နေလိုက်သည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now