CHAPTER 5.2

11.1K 1.4K 14
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

“ဟားဟားဟားဟား! နန်ရှောင်း ဒီကနေ့တော့ ဒီဖေဖေက မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပေးမယ်”

သူ့အသံဆုံးသွားတာနဲ့ တချိန်တည်းမှာပဲ နန်ရှောင်းက မှော်ဆန်ဆန် လှုပ်ရှားလိုက်တာ သူ့ကို မူလကတုပ်ချည်ထားတဲ့ ကြိုးတွေက ပြေလျှော့ကျကုန်တယ်။

နန်ရှောင်းက ချူယင်းကျယ်ရဲ့ခပ်ကျယ်ကျယ်ရယ်သံတွေရဲ့ ကြားမှာ ရပ်နေလိုက်သည်။

ခုနလေးက သူ့ကိုလာပြောတဲ့ ‌ကောင်လေးကို သူကပြန်ပြောလိုက်သည်။

“မင်းသိလား? ရှီးနဥ်က အရင်ကထက်စာရင် အတော်လေး ဉာဏ်ကောင်းလာတာဆိုတာကိုလေ မိန်းမတွေက တကယ်ကို ပြသာနာအိုးကွဲတွေပဲ တကယ်လို့ ဒီနေရာမှာ သူသာ မရှိဘူးဆိုရင် ငါ့လက်က ချည်ထားတဲ့ကြိုးကို မဖြည်ပစ်နိုင်စရာအကြောင်းမရှိဘူး”

ထိုညီငယ်လေးက ပြောစရာ‌စကားမရှိရ‌လောက်အောင်ကို ဆွံ့အသွားပြီး သူ့အစ်ကိုရှောင်းကို ဘုရားသခင်လိုမျိုးအားကိုးတကြီးနဲ့ကြည့်‌လေသည်။

ဆန့်ကျင်ဘက်အ‌နေနဲ့တော့ ချူယင်းကျယ်က ရယ်နေတာကနေ ဆက်မရယ်နိုင်တော့ဘဲ တန်းလန်းကြီးရပ်သွားတော့တယ်။

နောက်တခြားဘက်အခြမ်းမှာတော့ ရှီးနဥ်က ဖုန်းလှမ်းခေါ်နေသည်။

“ကိုကို...ညီမလေးအဖမ်းခံထားရလို့ လာပြီးကယ်ပေးပါဦး”

ဆယ်မိနစ်လောက်ကြာတော့ ရှီးချန်က ဆိုင်ကယ်တစ်စီး မောင်းလာပြီး သူမ ရှိရာကို ချက်ချင်းရောက်ချလာသည်။   ရှီးနဥ်ကို သူမ ဘာမှမဖြစ်ဘဲရှိနေတာကို တွေ့တွေ့လိုက်ရချင်းမှာ သူမျက်မှောင်ကြုတ်သွားသည်။

“ထပ်ပြီးတော့ နောက်ပြောင်‌နေတုန်းလား?”

အဲ့တာကြောင့် သူဆိုင်ကယ်ကို ပြန်လှည့်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်ပေမဲ့ ရှီးနဥ်က သူ့ကိုတားဆီးလိုက်သည်။

“အဲ့လိုမဟုတ်ဘူး...ကိုကို နန်ရှောင်းကို သွားကယ်ပေးမှဖြစ်မယ် သူက ညီမလေးကို ခုနလေးတင်ကယ်ပေးလိုက်တာမို့လို့ အခု သူက မလွတ်သေးဘဲ အဲ့လူတွေရဲ့ လက်ထဲမှာပဲရှိသေးတယ်”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now