CHAPTER 2.1

11.7K 1.5K 15
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

“ဟော..ဟော ဟိုမှာ F4ပဲ!!”

“ငါတို့ဒီနေ့ ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ? နန်ရှောင်း၊ လင်းစန်းနော့နဲ့  ကျင့်စစ်းဟန့် တို့ကို တစ်ပြိုင်နက်တည်းကို တွေ့ရတယ်!!! သူတို့က စောက်ရမ်းချောတာပဲ!! ဘုရားရေ!!”

“အလျင်အမြန် ငါ့ကို ကူညီစောင့်ရှောက်တော်မူပါ!! သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခြေတံရှည်ကြီးတွေနဲ့  ပြိုင်ဘက်ကင်းတဲ့ အလှတရားတွေကြောင့် ငါသတိတောင်မေ့လဲတော့မလိုပဲ!”

“သခင်လေး နန်ရှောင်း က သောက်ရမ်းမိုက်တယ်! လင်းစန်းနော့ကလည်း မထိရက်မကိုင်ရက်ချင်စရာ တည်ငြိမ်လွန်းတဲ့  နတ်ဘုရားတစ်ပါးနဲ့တူတယ်~ ချစ်စရာကောင်းလွန်းတဲ့ ရှောင်စစ်းဟန့် ကတော့ ငါတို့ကိုပြုံးပြနေ‌တယ်! ‌ငါ ရူးပြီ! ရူးပြီ!”

“သခင်လေးရှီးချန် ဒီမှာမရှိတာ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ မဟုတ်လို့ရင် F4 တွေ အတူတူလမ်းလျှောက်တာကို မြင်ရဦးမှာ သူတို့ရဲ့ ထူးကဲလှတဲ့ အလှတရားတွေက ငါ့ရောဂါအတွက် ကုသပေးနိုင်တဲ့ ဆေးတစ်မျိုးပဲ!  ယန်းချန် အထက်တန်းကျောင်းရဲ့လှပလွန်းတဲ့  မြင်ကွင်းလေး!!”

မိန်းကလေးများက ကျောင်းရဲ့ ဆွဲဆောင်မှုအရှိဆုံးနဲ့ ချမ်းသာတဲ့ကောင်လေးများကို လွန်လွန်ကဲကဲ ချဲ့ကားပြီးတော့ကို ချီးမွမ်းကုန်ကြသည်။

သူတို့ရဲ့ စိတ်လှုပ်ရှားချီးမွမ်းခန်းဖွင့်တာ မကြာသေးခင်မှာပဲ ရှီးနဥ် က နန်ရှောင်း အပေါ် ပစ်လဲသွားလိုက်သည်နှင့်တစ်ပြိုင်နက် တချိန်တည်းမှာပဲ ကောင်မလေးများက သူတို့ရဲ့ မျက်နှာ အနေအထားကပြောင်းလဲသွားခဲ့သည်။

“အဲဒီဒုက္ခပေးလွန်းတဲ့တစ်ယောက်ပဲမလား....”

“ဘယ်လောက်ပဲ သူက  ရှီးချန် ရဲ့ ညီမလေးဖြစ်နေဦးတော့  အတော်လေး အရှက်မဲ့တာပဲ ဒါက ရှီးချန်ကော အတွက် အရှက်ရစရာပဲ”

“ဒီနေ့ကတော့ ငါတို့ရဲ့နန်ရှောင်းလေးအတွက် ငါစိတ်မကောင်းဖြစ်ရတဲ့ နေ့တစ်နေ့ပဲ ရှီးနဉ်က ဘယ်သူမှဖယ်ရှားလို့မရတဲ့ လှည့်စားတတ်တဲ့ မျက်နှာဖုံးနဲ့သူပဲ”
[T/N: မျက်နှာနှစ်ဖက်နဲ့စောက်ကျင့်မကောင်းတဲ့သူလို့ပြောချင်တာပါ]

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now