CHAPTER 9.2

10.7K 1.5K 50
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

“နင့်ရဲ့မျက်နှာကို‌ မျက်နှာသစ်ပြီးသွားပြီဆိုတော့ မိတ်ကပ်လိမ်းရမဲ့အချိန်ပဲ”

သူတို့ရဲ့လုပ်ရပ်တွေကို မြင်လိုက်ရတဲ့အချိန် ထိုကောင်မလေးခမျာ ကြောက်လန့်တုန်လှုပ်လာတော့သည်။

ကောင်းမင်က  ကိုယ့်ဘာသာကိုအားရကျေနပ်စွာနဲ့ ပြောလာ၏။

“ဘော့စ်  အခုတလောမူမမှန်တော့တာက  ဒီကောင်မကြောင့် ဖြစ်နေတယ်ဆိုတာ ငါသိပါတယ် ငါတို့ ဘော့စ် အစား သူ့ကို ရှင်းပေးမှာမို့လို့ အေးအေး ဆေးဆေး နေလို့ ရစေရမယ်လို့ ယုံကြည်ထားလိုက်”

ကောင်းမင်က  ရှီးနဉ်လက်ထဲ ကိတ်မုန့်အကြီးကြီးထိုးပေးလာကာ

“ဘော့စ် ရဲ့ဒေါသတွေကို ဖြေလျှော့ဖို့အတွက်  ကိတ်မုန့်ကို ကိုယ်တိုင်ကိုယ်ကျ ကျွေးလိုက်မှဖြစ်မယ်!”

ရှီးနဉ်ဟာ  သူတို့တတွေ ဝိုင်းထားတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။

သူမဟာ  လှတာကတော့ ရှယ်လှသည်။ သို့သော် ရင်သပ်ရှုမောဖွယ်အလှမဟုတ်ဘဲ ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် အခုလက်ရှိ သူမရဲ့ ပုံစံလေးက အရမ်း သနားစရာကောင်းလှသည်။

အဲ့တာ ထုန်လုပဲ။

အစက အပြစ်ကင်းစင်ရိုးသားလှတဲ့ ပန်းငယ်လေးလို  ဒီဇာတ်လိုက်မဟာ  ဘာလို့  ဝမ်းတွင်းမည်းသွားရတာလဲ ဆိုတဲ့အကြောင်းအရင်းကိုတော့  သူမအခု နားလည်လာမိသည်။

အင်းပေါ့လေ  သူ ဒီလိုမျိုးတွေ အနိုင်ကျင့်ခံခဲ့ရမှတော့ သူ့ရဲ့ နူးညံ့တဲ့ စိတ်ထားလေးကနေ အေးစက်မာကြောတဲ့အထိ ဖြစ်မှာပေါ့။

“ဘော့စ် စကြတော့မလား?”

ကောင်းမင်က သူမရဲ့ညွှန်ကြားချက်ကို စောင့်နေပုံပေါ်သည်။

“အားး  ငါတော့  သူရဲ့မွေးနေ့ပွဲလေးက  ဘယ်လိုအမှတ်တရတွေ ဖြစ်လာမလဲဆိုတာ မြင်ရဖို့ကို မစောင့်နိုင်တော့ဘူး ဟားဟားဟား”

“ပြီးတော့ စိတ်ပူမနေနဲ့နော် ဘော့စ် နင့်ကို လုပ်ပြီးသွားရင် နင့်ကို လှလာအောင် ငါက ဆေးကိုရောင်စုံခြယ်ပေးမယ်နော်”

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now