CHAPTER 10

11.9K 1.6K 41
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီး မီသားစုတွင်

ရှီးနဉ်ဟာ  အခန်းထဲမှာ ထိုင်လျက် သူမရဲ့အိမ်စာကို ရေးနေတုန်း ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရကာ  လှမ်းကြည့်လိုက်တော့ လင်မော့ရွှယ် ဝင်လာတာကို မြင်လိုက်ရသည်။

“မေမေ”  ရှီးနဉ် ခေါ်နေကြပုံစံအတိုင်း လှမ်းခေါ်လိုက်၏။

‌သူမရဲ့အမေဟာ  နွားနို့တစ်ခွက်နဲ့ သူမကိုယ်တိုင်လုပ်ထားတဲ့ ကိတ်မုန့်ကို ယူဆောင်လာပြီး အပြုံးလေးနဲ့ စကားပြောလေသည်။

“စာလုပ်ဖို့အတွက် ပိုကောင်းအောင်လို့လေ အတန်းက သင်ခန်းစာတွေက အရမ်းခက်လားသမီးလေး”

ရှီးနဉ်:  “အရမ်းကိုလွယ်ပါတယ်  သမီးက အခု ပြင်ပသင်ရိုးညွှန်းတမ်းပုစ္ဆာတချို့ကိုတောင် လုပ်နေပြီရယ်”

လင်မော့ရွှယ်က  သူမရဲ့စကားတွေနားထောင်ပြီး သဘောတွေ့နေသည်။

“အရင်ဆုံး သင်ရိုးထဲကဟာတွေကို နားလည်အောင်လုပ်ဖို့ ပိုအရေးကြီးတယ်နော် ဖြေးဖြေးပဲလုပ် သမီးလေး စာကြိုးစားဖို့ ဆန္ဒရှိနေတာကို မြင်ရတာကိုပဲ အမေတို့က အရမ်းကိုဝမ်းသာနေပါပြီ”

ရှီးနဉ်ဟာ  လင်မော့ရွှယ်ရဲ့  အနှီပုံစံကိုတွေ့လိုက်ရတော့ သူဟာ သူမ  ထပ်ပြီးညာနေတယ်ဆိုပြီး သံသယဝင်နေတယ် ဆိုတာကို သဘောပေါက်လိုက်သည်။ သူမ ရုတ်တရက်ဆိုသလိုပင်  လပတ်စာမေးပွဲကို အမြန်ဆုံးရောက်လာဖို့ပဲ မျှော်လင့်မိတယ်။ ဒါမှသာ သူမရဲ့မိဘတွေကို ကောင်းမွန်တဲ့အမှတ်တွေနဲ့ သက်သေပြနိုင်ပြီးတော့ သူတို့ကို ပျော်ရွှင်အောင်လုပ်ပေးချင်တယ်။

မော့ရွှယ်ဟာ စကားပြောဖို့ရာ ခဏလောက်တုံ့ဆိုင်းနေပြီး‌မှ ပြောလာသည်။

“အခုတလော သမီးနဲ့ သမီးအစ်ကိုရဲ့ ဆက်ဆံရေးက ကောင်းမွန်လာပြီလို့ အမေ မြင်မိတယ်”

“ဟုတ်တယ် သမီးတို့ ပြန်ပြီးသင့်သင့်မြတ်မြတ်ရှိနေပြီလေ”

မော့ရွှယ်ဟာ နောက်ထပ် နွားနို့ခွက်တစ်ခွက်ကို သူမဆီတွန်းပို့လိုက်သည်။ “ဒီနွားနို့ခွက်က သမီးအစ်ကိုအတွက်ပဲ သူ့ဆီကိုပို့ပေးဖို့အတွက် သမီးမေမေ့ကို ကူညီပေးနိုင်တယ်မလား?ပြီးတော့ သမီးဖေဖေကလည်း ပြောစရာရှိလို့တဲ့ သမီးရဲ့အစ်ကိုနဲ့ ခဏနေရင် ဆင်းလာခဲ့တော့နော်”

🎉 You've finished reading Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED || 🎉
Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now