CHAPTER 7.3

10.9K 1.5K 19
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

ရှီးချန် ထိုကတိပေးလိုက်တုန်းကလဲ ထူးထူးခြားခြားရယ်လို့မဟုတ်ဘူး။  ဒီတိုင်း ကတိပေးလိုက်တာမျိုးသာဖြစ်သည်။

ရှီးနဉ် သူမအတန်းထဲမှာ  အဆင့်ကောင်းကောင်းရလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားတာကြောင့်ပဲ။ပြီးတော့လည်း ခြောက်လအတွင်းမှာ အဆင့်ကောင်းလာဖို့ဆိုတာကလဲ ဘယ်လိုမှမဖြစ်နိုင်တာကို။

ဒါပေမဲ့လို့ ရှီးနဉ် ရဲ့ အတွေးတွေကတော့ အရမ်းကိုရိုးရှင်းလေတယ်။ ရှီးချန်က သူမ ဘာကိုပဲလိုချင်လိုချင်ပေးမယ်လို့ ကတိပေးထားပေမဲ့ တကယ်တော့ သူမအနေနဲ့ ဘယ်အရာမှ လိုချင်တာမျိုးမရှိဘူး။ သူမရဲ့မိဘတွေ နဲ့ သူမရဲ့အစ်ကို အဆင်ပြေနေသရွေ့ သူတို့မိသားစု သဟဇာတဖြစ်လာတာမျိုးပဲ အလိုရှိတာဖြစ်သည်။

[ကျောင်းဝန်းအတွင်းတွင်]

 
ရှီးနဉ်က  ပုံမှန်အတိုင်း မေးခွန်းတွေရေးဖြေနေသည်။ ကျောင်းက သင်ခန်းစာအဆင့်နဲ့ လိုက်လျောညီထွေအောင် လေ့ကျင့်နေသည်။ သူမရဲ့မှတ်ဉာဏ်ကောင်းကောင်းနဲ့သင်ယူတတ်မြောက်နားလည်နိုင်စွမ်းကို အားကိုးလိုက်ပြီး လွန်ခဲ့တဲ့‌ရှေ့နှစ်လက သင်သွားတဲ့ သင်ရိုးတွေကို အမှီလိုက်နိုင်‌လာခဲ့သည်။

အထက်တန်းသင်ရိုးတန်းစာအုပ်ရဲ့ အကြောင်းအရာတွေက ခက်ခဲတာမျိုးမဟုတ်ပေ။ သူမ ထိုစာအုပ်ကသင်ခန်းစာတွေကို ရင်းနှီးကျွမ်းဝင်ပြီးသားတွေချည်းပဲဖြစ်သည်။
 

ယန်းချန်ရဲ့တစ်နှစ်ကို 100,000ယွမ်(ယွမ်တစ်သိန်း) ကျောင်းလခပေးသွင်းရတဲ့ ထိပ်တန်းအဆင့်မြင့်အထက်တန်းကျောင်းရဲ့ အားသာချက်က အတော်လေး ပုံရိပ်ထင်ဟပ်တာပင်။  ဘာလို့ဆို ကျောင်းက အကောင်းဆုံးဆိုတဲ့ သင်ကြားမှုအရာတွေနဲ့ပဲ သူတို့ကို ထောက်ပံ့တယ်။ သူမရဲ့အရင်ဘဝတုန်းက ‌မြို့ပြနဲ့ဝေးလံတဲ့ကျေးလက်ဒေသကနေ စာသင်ကြားခဲ့ရတဲ့အတွက် ရှီးနဉ် အတွက်တော့ အခုလိုအဆင့်မြင့်မြင့်သင်ကြားနေရတာ အသက်ရှင်ဆေးတခုလိုပဲ ။ သူမက ခက်ခဲပြီးရှုပ်ထွေးတဲ့ပုစ္ဆာတွေ မေးခွန်းတွေကို နှစ်ခုစလုံးကို ဖြေရှင်းရတာ အလွန်စိတ်ဝင်စားတာကို သူမသိရှိခဲ့သည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now