CHAPTER 8.1

10.7K 1.4K 21
                                    

【𝖴𝖭𝖨𝖢𝖮𝖣𝖤】

သေချာတာပေါ့။ နောက်အတန်းချိန်စတော့ ယန်လောင်ရှီးက  ယွီချူယောင်နဲ့အတူ အခန်းထဲဝင်လာတော့သည်။

အရည်အသွေးပြည့်မှီတဲ့ နတ်ဘုရားမလေးရဲ့ အရပ်က 1.68မီတာရှိပြီး ဖရဲသီးစေ့မျက်နှာပေါက်လေးနဲ့ မျက်လုံးခပ်ကြီးကြီး ဂန္ဓာဝင်တွင်တဲ့အနုစိတ်ထားတဲ့ရုပ်ရည်မျိုးရှိသည်။ သူမရဲ့ပုံပန်းသဏ္ဌာန်ကိုထပ်ပေါင်းပြောရမယ်ဆိုရင် သူမဝတ်ထားတဲ့ ဖိနပ်ကနေ လက်ဝတ်လက်စားတွေအထိ အရာအားလုံးက ဈေးကြီးပုံပေါ်သည်။

ဘယ်သူမဆို သူမကို ရှီးမိသားစုရဲ့ သမီးအရင်းလို့ပဲထင်မိကြလိမ့်မယ်။ မွေးစားသမီးလို့ကို ထင်ကြမှာမဟုတ်ပေ။

ယန်လောင်ရှီးကနေ ကျောင်းသားတွေကို အပြုံးလေးတစ်ပွင့်နဲ့အတူ ‌စပြီး‌အသိပေးလေသည်။

“ဆရာမ သူ့ကို မိတ်ဆက်ပေးစရာတော့လိုမယ်မထင်ဘူး အားလုံးလဲ သူ့ကိုသိကြမှာပါ ဖျော်ဖြေပွဲကြောင့် ကျောင်းကနေတစ်လအနားယူသွားပြီး အခု သူပြန်ရောက်လာပြီ အားလုံးကြိုဆိုပေးလိုက်ကြပါဦး”

လက်ခုပ်ဩဘာတဖြောင်းဖြောင်းနဲ့ လူအုပ်ကြီးဆီကထွက်လာတော့သည်။ အထူးသဖြင့် စိတ်လှုပ်ရှားလွန်းလို့ မျက်နှာတွေတောင် နီရဲနေကြတဲ့ ကောင်လေးတွေဆီကပေါ့။ သူတို့က သူတို့အိမ်မက်ထဲက နတ်ဘုရားမကို အပြင်မှာတွေ့လိုက်ရပုံပေါ်နေသည်။

“အားလုံးပဲ မင်္ဂလာပါ ငါပြန်လာပြီ”

ယွီချူယောင်က သူမရဲ့အတန်းဖော်တွေကို အပြုံးနဲ့မိတ်ဆက်လိုက်တော့ အတန်းဖော်တွေရဲ့အားပေးမှုတွေ တလုံးတခဲတည်းကို ရလာသည်။

ရှီးနဉ်ကတော့  သူမရဲ့မျက်လုံး ပင့်တောင် မကြည့်လိုက်တော့ဘူး။ 

သူက ကြာပန်းဖြူမလေးလေ သူနဲ့ ပတ်သက်ပြီးဘာတွေများကောင်းတာရှိလို့လဲ? အဲ့ဒီအစား မေးခွန်းလေး၊ငါးခုလောက် ထိုင်ဖြေနေတာမှပိုကောင်းသေး။

“ချူယောင် သမီးရဲ့အရင်နေရာကို ပြန်ထိုင်တာပိုကောင်းမယ်” ဆရာမကနေ သူမကိုပြောလေသည်။

Mary Sue ဇာတ်ကောင်အဖြစ်သို့ကူးပြောင်းလာခြင်း || COMPLETED ||Where stories live. Discover now