~2~

626 28 3
                                    

#Unicode

နေရာအနှံ့အပြားသည်ကား ဖြူဖွေးလှစွာသော တိမ်စိုင်တိမ်တိုက်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ နေရာတိုင်းကမူ ခပ်ဖျော့ဖျော့ရောင်ခြည်လေးများဖြင့်သာ ဖုံးလွှမ်းလျက်ရှိသည်။ ထူးဆန်းလွန်းသည်ကား တောက်ပလျက်ရှိသော နေမင်းကြီးသည်ကား ထိုတိမ်စိုင်ခဲကြီးများ၏ အောက်၌ လင်းလက်လျက်ရှိ၏။

ထိုနယ်မြေအတွင်း၌မူ လုံးချင်းအိမ်လုံးလုံးကလေးများအား ချစ်စဖွယ်ကောင်းစွာ တည်ဆောက်ထားလေသည်။ အိမ်ပတ်ပတ်လည်သည်ကား နူးညံ့သော တိမ်လွှာများဖြင့်ဖုံးအုပ်လျက်ရှိ၏။

ပို၍ ထူးဆန်းသည်ကား ထိုနယ်မြေရှိ လူသားများသည်ကား အတောင်ပံ ဖြူဖြူများ ပိုင်ဆိုင်ထားကြလေသည်။ ထို့ပြင် ခေါင်းထက်၌ အဝါရောင်အကွင်းလေးများ ထွန်းလင်းနေကြ၏။ လူများအားလုံးလိုလို ကိုယ်လုံးနဲ့ကွက်တိကျနေသော အဖြူရောင် အဝတ်လေးများ ဝတ်ဆင်ထားကြ၏။

ကျော၌မူ လေးနှင့်မြှားလေးအား သယ်ဆောင်ထားကြသေးသည်။ မြှား၌မူ အချစ်ရေးရာသင်္ကေတအဖြစ် အသည်းပုံကလေးများ ထွင်းထားကြ၏။

မှန်ပါသည်။ ဤနယ်မြေသည်ကား ဖူးစာရေးနတ်တို့၏ နတ်နေမြေဖြစ်ကာ ဟိုဟိုဒီဒီလှုပ်ရှားသွားလာနေသူတို့သည်မှာလည်း ဖူးစာရေးနတ်ကလေးများပင်...

ထိုအတွင်း၌ တစ်ဦးသော နတ်ငယ်ကလေးသည်ကား သူ၏ အခန်းထဲ၌ စာရွက်စာတမ်းများဖြင့် ရှုပ်ယှက်ခတ်လျက်ရှိ၏။ ထိုနတ်ငယ်လေး၏ အမည်သည်ကား Sam!

"Sam!!"

"ဟုတ်ကဲ့.."

*ဒုန်း!!*

*ခွပ်*

~အင့်~

"ကွဲပြီ.."

အလောတကြီး ထလိုက်ရာမှ တံခါးစောင်းနှင့် တိုက်မိကာ မျက်မှန်ဝိုင်းလေး ကွဲသွားချေပြီ။ သို့သော် အခေါ်တော်ရှိသည်မို့ ခပ်သွက်သွက် ထွက်လာလိုက်မိသည်။

"Sam! မျက်မှန်က ဘယ်လိုဖြစ်ရတာတုန်း..."

"လောလောနဲ့ထွက်လိုက်တာ နံရံနဲ့တိုက်မိပြီး ကွဲသွားတာပါ "

"မင်းဆိုသည်မှာလည်း။ ထားပါတော့။ တောင်းထားတဲ့ စာရွက်စာတမ်းတွေရပြီလား..."

True DestinyWhere stories live. Discover now