#Unicode
"မောင် မင်းကို ဘယ်လိုကာကွယ်ပေးရင် မင်းလုံခြုံလိမ့်မလဲ Ria.."
တင်းကြပ်စွာ ထွေးပိုက်ထားသော လက်တစ်စုံက တဖြည်းဖြည်းပို၍တင်းကြပ်လာကာ တုန်ယင်လာခဲ့သည်ကြောင့် Ria ခပ်ဖွဖွလေး ပုတ်လိုက်မိသည်။
"ဒါပေမယ့် ကျွန်တော် ဘာမှမဖြစ်သေးဘူးလေ.."
"ဖြစ်လာခဲ့ရင်ရော..။ ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ Ria.."
"မကြောက်ပါနဲ့။ ဘာမှမဖြစ်ပါဘူး..."
"ကိုယ် ကြောက်တာပေါ့။ ကိုယ့်ကြောင့် Ria ထိခိုက်ခံရမှာ ကိုယ်ကြောက်တာပေါ့..."
တဖြည်းဖြည်း လက်ချောင်းများက တုန်ယင်လာသည်ကြောင့် မတတ်နိုင်လွန်းစွာဖြင့် မောင့်အား ပြန်လည်ဖက်တွယ်ထားလိုက်မိသည်။ လက်တစ်ဖက်က ခေါင်းလေးအား ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကျောပြင်လေးအား ညင်သာစွာ ပွတ်သပ်ပေးနေလိုက်သည်။
"ဝိဥာဥ်မကြေကွဲသွားပဲ အခုထိအသက်ရှင်နေသေးတဲ့ အကြီးအကဲတစ်ပါးရှိတယ်..."
"ဟင်...."
ထိုအခါမှ တင်းကြပ်နေသောလက်များက အတန်ငယ်ပြေလျော့သွားကာ Ria အား မျှော်လင့်တကြီး ငေးကြည့်လေ၏။
"အင်း.. မြေနတ်ဘုရားပဲ..."
"မြေ နတ်ဘုရား..."
"ဟုတ်တယ်။ မြေနတ်ဘုရားက လူ့ပြည်က လူသားမိန်းကလေးနဲ့ချစ်ကြိုက်ခဲ့ဖူးတယ်...."
"သူ ဘာဖြစ်သွားလဲ..."
"လျှပ်စီးမိုးကြိုးဒဏ် သုံးကြိမ်ခံပြီး လူ့ပြည်ကို ဆင်းသွားခဲ့တယ်။ ကောင်းကင်ဘုံကိုပြန်မလာတော့ဘူး..."
"သူ ဘာမှမဖြစ်ဘူးလား.."
"ဝိဥာဥ်ကြောက အနည်းငယ်အက်သွားတာကလွဲလို့ ဘာမှမဖြစ်ဘူး..."
"ဒါပေမယ့် သူက နတ်ဘုရားလေ။ မင်းအနေနဲ့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..."
မောင်၏ စိုးရိမ်တကြီးဖြင့်ပူပန်လွန်းစွာ ငေးကြည့်နေသော မျက်နှာလေးအား လက်ချောင်းလေးဖြင့် ပွတ်သပ်ပေးလျက် ကြည်နူးစွာပြုံးပြမိသည်။