~42~

143 5 0
                                    

#Unicode

နိုးနိုးအား ပန်းနတ်နယ်မြေ၏ နတ်ဘုရားမအဖြစ် သတ်မှတ်လိုက်သည့် အဖြစ်အပျက်သည်ကား ကောင်းကင်ဘုံတစ်ခွင်ပျံ့နှံ့သွားခဲ့လေ၏။ ထို့ကြောင့် ကောင်းကင်မင်းကြီးက နိုးနိုးအား နတ်အနွယ်ဝင်အဖြစ်ချီးမြှောက်ရန်အတွက် သူထံသို့ အခစားဝင်ရောက်ရန် အကြောင်းကြားလိုက်လေသည်။

Sam ကမူ သူ၏ တာဝန်ပြီးမြောက်ကြောင်း အကြောင်းကြားရန်အပြင် နတ်သူငယ်ဘုံ၏ ကိစ္စအဖြာဖြာအား ဖြေရှင်းပေးရမည့် အိမ်ရှေ့စံဟူသော တာဝန်ရှိသေးသည်ကြောင့် နတ်သူငယ်တိုင်းပြည်သို့ ခဏပြန်သွားလေ၏။

ဆင့်ခေါ်စာ ရသည်နှင့် နိုးနိုးနှင့် ပန်းနတ်ဘုရားမဟောင်းဖြစ်သူအပြင် မြေနတ်အရှင်ကပါ ကောင်းကင်မင်းကြီးထံအခစားဝင်ရောက်ကြသည်။

ကောင်းကင်မင်းကြီးက နိုးနိုးအား နတ်အနွယ်ဝင်တစ်ပါးအဖြစ်အသိအမှတ်ပြုကြောင်း ကြေငြာလိုက်သည်နှင့် နိုးနိုး၏ ခေါင်းထက်၌ ရွှေရောင်အလင်းတန်းတို့ ရစ်သီလာခဲ့လေ၏။ ထို့နောက် ပန်းနတ်ဘုရားမ သရဖူသည်ကား နိုးနိုး၏ ခေါင်းထက်၌ ဖြစ်တည်လာခဲ့သည်။

ယခုဆိုလျှင်မူ နိုးနိုးသည်ကား နတ်သစ်ပင်ကြီးက အသိအမှတ်ပြုထားသော ပန်းနတ်နယ်မြေ၏ အရှင်မဖြစ်သည့်အပြင် ကောင်းကင်ဘုံတစ်ခုလုံးမှ အသိအမှတ်ပြုသော ပန်းနတ်ဘုရားမတစ်ပါး ဖြစ်လာခဲ့သည်။

ပန်းနတ်ဘုရားတစ်ပါးအား ချီးမြှင့်ဂုဏ်ပြုပွဲကိုမူ နောက်သုံးရက်နေပါက ကျင်းပရန် ခွင့်ပြုလိုက်လေ၏။ ထို့ကြောင့် နောက်သုံးရက်ကြာပါက ပန်းနတ်နယ်မြေ၌ ချီးမြှောက်ဂုဏ်ပြုပွဲ ကျင်းပကြရန် ကောင်းကင်ဘုံတစ်ခွင်အား အသိပေးလိုက်လေသည်။

ခဏအကြာ နတ်သူငယ်ဘုံမှ ဘိုးဘိုးကြီးက ခန်းမထဲသို့ အရေးတကြီး ဝင်ခွင့်တောင်းကာ ကောင်းကြီးမင်းကြီးနှင့် မိဖုရားကြီးအား တစ်စုံတစ်ခုကို ခပ်တိုးတိုးလျှောက်တင်လေ၏။

ထိုအခါ ကောင်းကင်မင်းကြီးသာမက မိဖုရားကြီးကပါ ဝမ်းသာသွားလေသည်။

"သားတော်လေးကို အခစားဝင်ဖို့ပြောလိုက်ပါဦး"

ထိုအခါ နန်းဆောင်ခန်းမတံခါးကြီး ပွင့်သွားကာ နတ်ဘုရားတစ်ပါး ဝင်ရောက်လာလေ၏။ ခန်းမထဲသို့ တစ်လှမ်းခြင်းဝင်ရောက်လာသော အနှီနတ်ဘုရားသည်ကား အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေလေ၏။

True DestinyWhere stories live. Discover now