~45~ ( End)

590 10 0
                                    

#Unicode

မနက်ခင်း နေရောင်စူးစူးကြောင့် Ria တစ်ယောက် မျက်လုံးများအား အသာပွတ်သပ်ကာ နိုးလာခဲ့သည်။ မနေ့ညက အဖြစ်အပျက်များအား ပြန်မြင်ယောင်မိတော့ အိပ်မက်မက်ခဲ့မိသည်လားဟုပင် တွေးနေမိသည်။

သို့သော် ခါးပေါ်မှ တင်းကြပ်စွာ ဖက်ထားသော လက်မောင်းတစ်စုံကြောင့် ထိုအတွေးလေးများက ချက်ချင်း ပြတ်တောက်သွားခဲ့လေ၏။

~~ သူ၏ ချစ်ရသော မောင် ပြန်ရောက်လာခဲ့ပြီ။ ရင်နာစွာ စောင့်စားခဲ့ရသော နေ့ရက်များက တန်ပါသည်လေ..~~

ထို့နောက် ဘေး၌ နှစ်ခြိုက်စွာ အိပ်မောကျနေသော ချစ်ရသူလေးအား ငေးကြည့်နေမိသည်။ ယခင်ကဲ့သို့ ဖြူလျော်နေသော မျက်နှာအရောင်မျိုးမဟုတ်ပဲ သွေးရောင်လေးလွှမ်းနေခဲ့၏။ ခပ်တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းပါးလေးများက ယခင်အတိုင်းပင်...

တူညီသော မျက်နှာထားမျိုးဖြစ်သော်ငြား ယခု အိမ်ရှေ့စံ မင်းသားက ပို၍ တည်ကြည်၏။ အရှိန်အဝါများကလည်း ပို၍ တောက်ပနေသည်။Ria သည်လည်း မနေနိုင်လွန်းစွာ Louis ၏ နှဖူးမှတစ်ဆင့် နှာခေါင်းတစ်လျှောက်အား လက်ညှိုးလေးဖြင့် ခပ်ဖွဖွတို့ထိနေမိသည်။

ထို့နောက် ပါးပြင်လေးအား အသာပွတ်သပ်နေမိ၏။ မျက်နှာပေါ်၌ ယွစိခတ်နေသော လက်ကလေးကြောင့် Louis ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သို့သော် သူမြတ်နိုးရသော နတ်သူငယ်လေးကိုမူ သူ့စိတ်ကြိုက် ထိတွေ့ခွင့်ပေးထားဆဲပင်...

"ထိလို့ဝပြီလား.."

"ဟင့်အင်း.."

အပြုံးနုနုလေးဖြင့် ကျီစယ်နေသော Ria ကြောင့် Louis ၏ မျက်ဝန်းများထဲ၌ အမှောင်ထုလေးတစ်ခုပြေးလွှားသွားခဲ့သည်။

"အခု ကိုယ့်အလှည့်ပဲ.."

ထို့နောက် မေးဖျားလေးအား ပင့်မလျက် ချိုမြိန်သော နှုတ်ခမ်းများလေးများအား အငမ်းမရစားသုံးလေတော့သည်။ နတ်သူငယ်လေးသည်ကား အပြုံးအပျက်ပဲ ကောင်းကင်ဘုံ အိမ်ရှေ့စံ၏ အနမ်းများအား ပျော်ရွှင်စွာတုံ့ပြန်နေခဲ့၏။

အနမ်းရှည်ကြီးပြီးဆုံးသွားချိန်၌မူ Ria ၏ နှုတ်ခမ်းပါးလေးအား လက်မဖြင့် အသာဖိဆွဲလျက် အက်ရှသောအသံဖြင့်မေးလေ၏။ Louis ၏ စိတ်ထဲ၌ ဤမေးခွန်းအား အချိန်တစ်ခုကြာ မြိုသိပ်ထားရသည်လေ...

True DestinyWhere stories live. Discover now