~1~

2.3K 49 1
                                    

#Unicode

ကောင်းကင်ကြီးသည်ကား ပြာလဲ့လျက်ရှိ၏။ တိမ်စိုင်တိမ်တိုက်တို့သည်လည်းကင်းစင်လျက်ရှိပြီး နေခြည်နုနုတို့ကလည်း နွေးထွေးစွာ ဖြာကျနေသေးသည်။ လမ်းသွားလမ်းလာများသည်ပင် သာယာလှသော ရာသီဥတုကြောင့် အပြုံးကိုယ်စီ သယ်ဆောင်ကာ သွားလာလှုပ်ရှားလျက်ရှိကြသည်။

နွေဦးရာသီဖြစ်သည်နှင့်အညီ လေရူးတို့ကလည်း တသုန်သုန်တိုက်ခတ်နေသေးသည်။

ထိုသို့သော လောကကြီးအလယ်၌မူ နွေးထွေးသော အငွေ့အသက်များလွှမ်းခြုံလျက်ရှိသော တိုက်ခန်းငယ်လေးတစ်ခုတည်ရှိနေ၏။ သီချင်းသံ ဆူဆူ တို့ကလည်း ခပ်ဆာဆာ ပျံ့လွင့်နေသေးသည်။

ထိုအခန်းထဲ၌မူ ချစ်စရာကောင်းသော မိန်းကလေးငယ်လေးတစ်ယောက်သည်ကား အပျော်လှိုင်းတို့၌ စီးမျောလျက် ကခုန်နေသေး၏။

ထိုကလေးမလေးသည်ကား မြတ်နိုးဝေ...

တီရှပ်ခပ်ပွပွကြီးအား ဘောင်းတီတိုလေးဖြင့် တွဲဖက်ဝတ်ဆင်ထား၏။ ခပ်လိမ်လိမ်၊ ခပ်ပွပွ ဖြစ်နေသော ဆံပင်ရှည်ကြီးများကိုမူ ခေါင်းပေါ်၌ ထုံးဖွဲ့ထားလေသည်။ ဖြူဖွေးနေသော မျက်နှာချောချောလေးထက်၌ မျက်မှန်ဝိုင်းကြီးက နေရာယူထားလေ၏။

အခန်းတွင်း၌မူ ကိုးရီးယားသီချင်းသံများက ပျံ့လွင့်နေလေသည်။

နိုးနိုး သည်ကား လက်ထဲ၌ တံမြက်စည်းကြီးကိုင်ကာ တွန့်လိမ်တွန့်လိမ် က ခုန်နေသေး၏။ အခန်းပတ်ချာလည်အား တံမြက်စည်းလှည်းနေကာ ကိုးရီးယားသီချင်းများကိုပင် ဟန်ပါပါ ဝါးချနေသေးသည်။

"Is the love shot..!! နား... နာ့ နာ နာ နား နာ နား...!! "

"......."

"ဘူထောဝူနယ်... Fire..!!!!!"

နားမလည်၊ ပါးမလည်ဖြင့် အပီဟဲကာ ခါးကိုလိမ်လျက် လိုက်ကနေပါသော နိုးနိုး...

တက္ကသိုလ်ကျောင်းသူလေးဖြစ်သော နိုးနိုးသည်ကား Fan girl လေးတစ်ယောက်။ သူ၏ ချစ်လှစွာသော idol များသည်ကား ကိုးရီးယား၊ တရုတ်၊ ထိုင်း ၊ ဂျပန် စသဖြင့် နိုင်ငံအစုံမှ ပါဝင်လေ၏။

kpop songs များအား ကြိုက်နှစ်သက်သူဖြစ်သော နိုးနိုးသည်ကား C drama များအားလည်း အလွတ်မပေး။ ထိုင်းမှ BL actors များကိုလည်း သည်းသည်းလှုပ်ချစ်သည်။ ဂျပန် Anime များလည်း ကြိုက်သေးသည့်အပြင်၊ အလင်းချောင်းကြီးများပါသော manga များအားလည်း သည်းသည်းလှုပ်ကြိုက်နှစ်သက်သေးသည်။

True DestinyWhere stories live. Discover now