~9~

185 14 0
                                    

#Unicode

အစည်းအဝေး ခန်းမကြီးတစ်ခုအတွင်း၌ အေးစက်စက်အငွေ့အသက်တို့လွှမ်းခြုံနေ၏။ သူတို့၏ သူဌေးဖြစ်သူသည်ကား ယနေ့မှ ပုံမှန်ထက်ပို၍ အေးစက်သော လူသတ်ငွေ့များ ထုတ်လွှတ်နေလေသည်။ ခံစားချက်မရှိ၊ အရယ်အပြုံးမရှိသော သူတို့၏ သူဌေးက ခပ်ရွဲ့ရွဲ့တစ်ချက်ပြုံးလိုက်သည်ကပင် သေမိန့်ချရန် ကြိုးစင်တင်လိုက်သလိုပင်....

အစည်းအဝေး ခန်းမကြီးတစ်ခုလုံးသည်ကား အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်လျက်ရှိ၏။ အသက်ရှူသံကိုပင် ကျယ်သွားမည်စိုး၍ ထိန်းကာရှူနေရသည်။ ကြားရသည့်တစ်ခုတည်းသောအသံသည်ကား သူတို့ စေတန်သူဌေး၏ လက်ချောင်းများထံမှ ထွက်ပေါ်နေသော စားပွဲခေါက်သံကလေးများပင်...

"ဆက်ရှင်း..."

ခပ်ပြတ်ပြတ် အမိန့်သံက တင်ဆက်ရမည့်သူအား တုန်သွားစေ၏။ ထို့နောက် တုန်ရီနေသော အသံဖြင့် သူ၏ လုပ်ဆောင်ချက်၊ အကြံပြုချက်များအား တင်ပြရှာသည်။

ကျန်သူများမှာတော့ ခေါင်းပင်မမော့ဝံ့ကြပဲ စာရွက်များကိုသာ သည်းကြီးမည်းကြီး ငုံ့ကြည့်နေကြရှာ၏။

"ရပြီ။ နောက်တစ်ပတ် ဒီထက်ပိုကောင်းမယ့် အကြံတွေလိုချင်တယ်။ အစည်းအဝေး သိမ်းမယ်..."

အေးစက်စက် စကားတစ်ခွန်းနှင့်အတူ ဘယ်သူ့စကားပြန်မှမစောင့်ပဲ ထထွက်သွားပါသော စေတန်သူဌေး...

သို့သော် ခန်းမတစ်ခုလုံးက သူထွက်သွားမည်ကိုစောင့်နေသည့်အလား သူဌေးအပြင်ရောက်သွားခါမှ အလုအယက် အသက်ပြေးရှူကြ၏။ စာရွက်များအား ယပ်တောင်သဖွယ်အသုံးပြုရင်း တဗြန်းဗြန်းခတ်လျက် အသက်ရှူဝရန်အလို့ငှါ ကြိုးစားနေရသည်။

တစ်ချို့သည်ကား ချွေးစေးများအား ခိုးသုတ်နေကြ၏။ ခန်းမအတွင်းရှိ လူအားလုံးသည်ကား ယခုမှ အသက်ရှူချောင်သွားကြသည့်နှယ်...

"ငါတို့ ရေခဲတုံးကြီး ဒီနေ့ဘာဖြစ်နေတာလဲ..."

"အေးဟယ်... 0° လောက်ဆိုရင်ကို အေးစက်နေပြီဟာ။ ခုအခြေအနေက မိုင်းနပ်စ် (-) အောက်ထိုးကျနေပြီဟေး..."

True DestinyWhere stories live. Discover now