~22~

116 7 0
                                    

#Unicode

အခုတလော Sam တစ်ယောက် အိမ်မကပ်ပေ။ မနက်ခင်းဆိုပါက မနက်စာပြင်ပေး၊ နိုးနိုးအား အိပ်ရာနှိုးပေးပြီးသည်နှင့် အပြင်ထွက်သွားတတ်သည်။ ထို့နောက် နိုးနိုးကျောင်းမှပြန်လာသည်အထိ သူပြန်မလာတတ်သေးပေ။ ည ၈ နာရီထိုးခါနီးလောက်မှ ပြန်ပြန်လာတတ်သည်။

ထို့နောက် နိုးနိုးအတွက်ညစာပြင်ပေး၏။ အိမ်သန့်ရှင်းရေးကိုမူ ပိတ်ရက်ကျမှ လုပ်ပေးတတ်သည်။ Sam ရောက်လာခါမှ ပိုပိုအပျင်းကြီးလာသော နိုးနိုးက Sam ၏ ဂရုစိုက်မှုများအား အသားကျလာခဲ့သည်။

Sam ကမူ နိုးနိုးအတွက် ထမင်းပြင်ပေး၏။ အိမ်သန့်ရှင်းရေးလုပ်ပေးတတ်၏။ နိုးနိုးတစ်ယောက် မွစာကျဲနေအောင်ဖွထားသော အခန်းလေးအား စိတ်ရှည်လက်ရှည် ပြောင်လက်နေအောင်ရှင်းပေးတတ်၏။

အပြင်သို့ထွက်ထွက်သွားသည်မှာ အချိန်ကြာလာသောကြောင့် နိုးနိုးတစ်ယောက်မနေနိုင်ပဲမေးကြည့်လိုက်တော့ ကုမ္ပဏီတစ်ခု၌ အလုပ်ဝင်နေကြောင်းပြောလာခဲ့သည်။

သို့သော်ငြား နိုးနိုး၏ ဝေယျာဝစ္စများကိုတော့ မညည်းမညူလုပ်ပေးတတ်၏။ တစ်ခါခါ အိပ်ရေးပုပ်နေသော နိုးနိုးအား ကျောင်းချိန်မှီအောင် စိတ်ရှည်လက်ရှည်နှိုးပေးတတ်သေးသည်။

ပိတ်ရက်များတွင်မူ နိုးနိုးနောက်သို့လိုက်ကာ ရှော့ပင်းထွက်သည်အား အဖော်လိုက်လုပ်ပေးတတ်၏။ Idol များအား ယွစိထိုးအောင် သဘောကျနေတတ်သော နိုးနိုးအား ခေါင်းကိုအသာခါရင်း အပြုံးလေးဖြင့်ကြည့်နေတတ်သည်။

တစ်ခါတစ်ခါ သူမလေး အသည်းအသန်လိုချင်နေရှာသော စာအုပ်များကိုလည်း သူနှင့်အပြိုင် Order လုတင်ပေးရသေး၏။ limited gift များရလျှင်ဖြင့် အပျော်လွန်နေတတ်သော နိုးနိုးအား Sam က ခေါင်းလေးအား အသာဖွပေးလေ့ရှိသည်။

အချိန်များသည်ကား တရွေ့ရွေ့ကုန်ဆုံးလာသည်မှာ တစ်လကျော်ပင် ကုန်ဆုံးသွားခဲ့ချေပြီ။ တစ်လအတွင်း၌မူ Sam တစ်ယောက်သူ၏ မူလတာဝန်များအား လုပ်ဆောင်ရန်ပင်မေ့လျော့နေခဲ့မိသည်။

ယနေ့၌မူ ပိတ်ရက်ဖြစ်သည်ကြောင့် Sam သည်ကား ဧည့်ခန်းထဲရှိဆိုဖာပေါ်၌ အေးအေးလူလူထိုင်နေမိ၏။ ပြူတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်လိုက်မိတော့ နေသာလျက် ရာသီဥတု သာယာလျက်ရှိသည်။ တစ်ချက်တစ်ချက် လေလေးပင် တိုက်ခတ်နေသေးသည်။

True DestinyWhere stories live. Discover now