~19~

121 8 0
                                    

#Unicode

"ကိုယ် သူနဲ့မိတ်ဆက်ပေးမယ်လေ။ မင်းအလုပ် လုပ်လို့ရတာပေါ့..."

"ဒီလိုဆို ကျွန်တော်က ကျေးဇူးတင်တာပေါ့..."

"Ok လေ..။ သွားစို့.."

"ခဏ..။ နိုးနိုးကိုပြောခဲ့လိုက်ဦးမယ်။ စိတ်ပူနေမှာစိုးလို့.."

"Ok"

Sam သည်ကား နိုးနိုးကို အသိပေးရန် ဟိုဟိုဒီဒီ ဝေ့ဝဲကာလိုက်ရှာမိ၏။ ထိုအခါ မနီးမဝေးတစ်နေရာ၌ မျက်လုံးလေးများ အရောင်တောက်လျက် ရေခဲမုန့်အားငေးကြည့်ကာ စောင့်ဆိုင်းနေပါသော နိုးနိုးအားတွေ့လိုက်ရသည်။

ရှပ်အင်္ကျီလက်ရှည်လေးအား ဘောင်းဘီတိုလေးဖြင့်တွဲဖက်ဝတ်ဆင်ထားကာ ရှူးဖိနပ်လေးစီးထားပါသော နိုးနိုး။ ထို့ပြင် လက်လေးနှစ်ဖက်အား စုကိုင်ထားကာ ခုန်ဆွခုန်ဆွလုပ်နေပုံက ကလေးလေးတစ်ယောက်နှယ်...။ ဆံပင်များကိုလည်း မြှောက်လျက် စုစည်းထားသည်ကြောင့် ဟိုဘက်သည်ဘက် ယမ်းခါနေသေး၏။

Sam သည်ကား ကလေးလေးတစ်ယောက်နှယ် ချစ်စဖွယ်ကောင်းနေသော နိုးနိုးအားကြည့်လျက် ခပ်ဖွဖွပြုံးမိ၏။ အတူနေလာတာကြာသည်နှင့်အမျှ ထိုကလေးမလေးသည်ကား တဖြည်းဖြည်းချစ်စရာကောင်းလာသည်လေ။ အင်း.. ပိစိလေးထူးဆန်းပြီး စပ်စလူးထပေမယ့်ပေါ့...

နိုးနိုးကိုမြင်ပြီးနောက် လှမ်းခေါ်မည်အပြု လမ်းထောင့်တစ်နေရာ၌ မိမိတို့အား စူးစိုက်ကြည့်နေသော လူတစ်ယောက်အား တွေ့လိုက်ရသည်။

ထိုယောကျ်ား၏ အကြည့်များသည်ကား စူးရှလွန်းလှသည်။ စိုက်ကြည့်နေသော သူ၏ မျက်ဝန်းများသည်ကား အေးစက်လွန်းနေ၏။ မျက်ဝန်းထောင့်များကမူ အနည်းငယ်နီမြန်းနေသယောင်ယောင်..။

ထိုမျက်ဝန်းများသည်ကား ဒေါသမျက်ဝန်းများဖြစ်ကြောင်း ကြည့်တတ်သူတိုင်း ပြောနိုင်လေသည်။ သို့သော် အဘယ်ကြောင့် မိမိတို့အား ဒေါသမျက်ဝန်းများဖြင့်ကြည့်နေပါသနည်း။ မိမိတို့သည်လည်း မည်သည်ကိုမျှအမှားမလုပ်ဖူးပါချေ။

မဟုတ်သေး။ အမှားမဆိုထားနှင့်။ ထိုလူသားများက မိမိတို့အား မြင်ပင်မမြင်ဖူးကြပါချေ။

True DestinyWhere stories live. Discover now