~12~

169 13 0
                                    

#Unicode

ကော်ဖီဆိုင်၏ ထောင့်လေးတစ်နေရာ၌မူ နိုးနိုးသည်ကား အပြင်ဘက်သို့တိတ်တဆိတ်ငေးမောလျက်ထိုင်နေ၏။ စားပွဲပေါ်တွင်တော့ ကော်ဖီပူပူကလေး တစ်ခွက်က အငွေ့ကလေးများ တလူလူထွက်နေရှာသည်။ နေခြည်နုနုကလေးကလည်း ပြူတင်းပေါက်ဆီမှတစ်ဆင့် စားပွဲပေါ်သို့ဖြာကျနေသေး၏။

အပြင်ဘက်၌မူ အေးအေးလူလူ သွားလာလှုပ်ရှားနေသော လူများရှိသည့်အပြင် အရှေ့ဘက်ပန်းခြံအတွင်း၌ အပန်းဖြေနေကြသူများလည်းရှိ၏။ ကလေးငယ်လေးများကမူ ခြေထောက်သေးသေးလေးများဖြင့် ပျော်ရွှင်စွာပြေးလွှားဆော့ကစားလျက်ရှိသည်။

နိုးနိုးသည်ကား မြင်နေရသော မြင်ကွင်းကလေးအား မေးလေးထောက်လျက်ပင် ငေးမောကြည့်နေမိရှာသည်။ အတန်ကြာသည်အထိမျက်လုံးလေး မှိတ်လျက် အေးချမ်းသော လောကကြီးအား အပြည့်အဝခံစားနေမိ၏။

အရင် တစ်ပတ်က နိုးနိုးသည်ကား တစ်ယောက်ယောက်ထံမှ စိုက်ကြည့်ခံနေရသယောင်ယောင်ခံစားနေရသည်။ မသိမသာ ဝေ့ဝဲလျက် ရှာဖွေကြည့်မိပါသော်လည်း မည်သူ့ကိုမျှမတွေ့။

မကောင်းသည့်လူများ ဖြစ်မည်စိုး၍ အတန်ကြာ သတိထားကာ လေ့လာကြည့်ပါသော်လည်း တစ်စုံတစ်ရာမူမမှန်ခြင်းမရှိခဲ့ပေ။  သို့သော် မသိစိတ်ထံမှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေပါကြောင်း အသိပေးနေသယောင်ယောင်...

မကြာမကြာ အနီးအနား၌ တစ်စုံတစ်ယောက်က လှည့်လည်သွားလာနေသယောင်ယောင်လည်း ခံစားရတတ်သေးသည်။ သို့သော် အမှန်တရားသည်ကား မည်သူမျှရှိမနေခဲ့ပေ။

ထို့ကြောင့် မသိစိတ်မှခြောက်ခြားနေသည်ဟုပင် ယူဆကာ မေ့မေ့ပျောက်ပျောက်နေလိုက်မိ၏။ ထိုအတွေးကြောင့်ပေလားတော့မသိ။ အခုတလော ထိုသို့မခံစားရတော့ချေ....

°°°°°°°°°°°

Sam သည်ကား ပန်းခြံရှိ ခုံတန်းလျားလေးပေါ်၌ အေးအေးလူလူထိုင်ကာ လူသားများအား ငေးကြောင်ကြည့်နေမိသည်။ ခံစားချက်ပေါင်းစုံ ၊ ရည်ရွယ်ချက်ပေါင်းစုံဖြင့် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေကြပါသော လူသားများအား ထူးဆန်းစွာ စိုက်ကြည့်နေမိသည်။

True DestinyWhere stories live. Discover now