~43~

152 7 0
                                    

#Unicode

နိုးနိုးနှင့် Sam သည်ကား မည်သူမှမသိခင် လူ့လောကသို့ တိတ်တဆိတ်ခိုးထွက်လာခဲ့သည်။ နတ်သူငယ်ဘုံ၏ အိမ်ရှေ့စံနှင့် ပန်းနတ်ဘုရားမတို့ဖြစ်ကြသော်လည်း လူ့လောကနှင့်အနေနီးသူများဖြစ်ကြရာ နှစ်ယောက်သားသည်ကား အတိုင်အဖောက်ညီကြ၏။

နိုးနိုးကိုမူ မြေနတ်အရှင်ကထိန်း၍ Sam အား ဘိုးဘိုးကြီးက ထိန်းသော်လည်း နှစ်ယောက်ပေါင်း၍ သောင်းကျန်းကြလျှင်မူ မည်သူမျှထိန်းမနိုင်တော့ချေ။

ထို့ကြောင့် နိုးနိုး အနေဖြင့် ပန်းနတ်ဘုရားမအဖြစ်ရောက်ရှိသည်ကား ဘဟ်လောက်မှမကြာသေးသော်ငြား သူတို့အတွဲ၏ ပြဿနာရှာကြသည့်သတင်းကမူ ကောင်းကင်ဘုံတစ်ခွင်သို့ပျံ့နှံ့ပြီးဖြစ်ချေ၏။

မြေနတ်အရှင်တို့ လင်မယားနှစ်ယောက်နှင့် ဘိုးဘိုးကြီးတို့သည်ကား အချင်းချင်းစိုက်ကြည့်ကာ ခေါင်းခါလျက်နှင့်ပင် ထိုအတွဲအား လက်မြှောက်ထားကြလေတော့သည်။

ကောင်းကင်ဘုံအား မီးတက်မရှို့ခင်အထိ၊ ပန်းနတ်နယ်မြေနှင့် နတ်သူငယ်ဘုံကြီး ဇောက်ထိုးဖြစ်မသွားခင်အချိန်ထိ သူတို့လက်သင့်ခံပေးနိုင်ပါသည်လေ...

ယခုလည်း သူတို့တိတ်တဆိတ် လူ့ပြည်သို့ခိုးထွက်သွားကြသည်အား သိကြသော်လည်း မမြင်ချင်ယောင်သာ ဆောင်ထားကြတော့သည်။

လူ့လောကသို့ရောက်သော် နိုးနိုးနှင့် Sam သည်ကား Ria တို့နေလေ့ရှိသည့်တိုက်ခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်ကြတော့၏။

ထိုတိုက်ခန်းသို့ရောက်သော် နိုးနိုး၏ ရင်ထဲ၌တင်းကြပ်သွားမိသည်။ တိုက်ခန်းတစ်ခုလုံးသည်ကား မီးတစ်လုံးမျှထွန်းမထားပဲ မှောင်မိုက်လျက်ရှိ၏။ တိတ်ဆိတ်ခြောက်ကပ်နေသည်ကား အပ်ကျသံပင်ကြားရလောက်သည်။

နိုးနိုးတို့ရောက်လာသည်ကား ညအချိန်ဖြစ်လေရာ လရောင်ဖျော့ဖျော့ကသာ တိုက်ခန်းအတွင်း၌ ဖြာကျနေလေ၏။ တိုက်ခန်း တစ်ဝိုက်လှည့်လည်ကြည့်ရှုလိုက်သော်လည်း Ria အား မတွေ့ချေ။

အိပ်ခန်းထဲသို့ သွားရှာကြည့်လိုက်မှ ကြမ်းပြင်ပေါ်၌ ဒူးပိုက်လျက် ခေါင်းငုံ့ကာ ထိုင်နေသော Ria အား တွေ့ရသည်။ ကုတင်ကိုမှီထားလျက် ဒူးပိုက်ကာ ငြိမ်သက်နေပုံသည်ကား မည်သူ့ကိုမျှ အရေးမလုပ်ချင်သည့်ပုံပင်..

True DestinyWhere stories live. Discover now