~5~

308 14 1
                                    

#Unicode

Sam သည်ကား ဒေါသအလိပ်လိုက်ထွက်ကာ ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့၏။ စူပုပ်နေသော မျက်နှာဘေးဖြင့် ဒေါသတကြီးလျှောက်လှမ်းနေပုံကား တစ်မျိူးတစ်မည်ချစ်စဖွယ်ကောင်းနေသေးသည်။ မျက်မှန်ဝိုင်းကြီးအား ပင့်ကာ ပင့်ကာဖြင့် လမ်းလျှောက်နေရင်းမှပင် တစ်စုံတစ်ယောက်အားဝင်တိုက်မိ၏။

မျက်ခုံးများအား တွန့်ချိုးလိုက်ကာ မော့ကြည့်လိုက်တော့ Ria က နားမလည်နိုင်သော မျက်နှာထားဖြင့် ငေးကြည့်နေလေသည်။

"Sam... ဘာဖြစ်လာတာလဲ..."

"......."

Sam ကမူ Ria ၏ အမေးစကားအား ပြန်မဖြေ။ မျက်နှာကြီးကိုသာ ကလေးတစ်ယောက်နှယ် စူပုပ်ပြနေ၏။ ထိုအဖြစ်ကိုမြင်တော့ Ria က ခပ်ဖွဖွရယ်သည်။ ထို့နောက် Sam ၏ ခေါင်းမှ ဆံပင်လိမ်ခွေခွေလေးများအား ဆွဲဖွလိုက်၏။

"သတ်မှတ်လူသားနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်လာတာလား..."

"အင်း..."

Ria ၏ ချော့မော့ကာ မေးမြန်းမှုအားတောင့်မခံနိုင်စွာ နှုတ်ခမ်းကိုဆူလျက်ခေါင်းကိုခပ်ကြမ်းကြမ်းငြိမ့်ပြလိုက်မိ၏။

ထို့နောက် မကျေနပ်ချက်များအား ပေါက်ကွဲထွက်တော့သည်။

"Ria... လူသားတွေကိုက အဲ့ဒီလောက် လောဘကြီးကြတာလား..."

"ဘာလို့အဲ့ဒီလိုမေးတာလဲ..."

"မဟုတ်ဘူး Ria..။ ဘာလို့ ပြီးပြည့်စုံလွန်းအားကြီးတဲ့လူတွေကို တောင့်တလွန်းအားကြီးကြတာလဲ..."

" တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူပါ့မလဲ Sam ရဲ့။ ကိုယ်သိတဲ့ လူသားတစ်ယောက်ဆို အရာအားလုံးကို လျစ်လျူရှုထားတာ..."

ထိုစကားပြောပြီးသည်နှင့် Ria ၏ မျက်ဝန်းများ ငေးငိုင်သွားခဲ့၏။

~~ ဟုတ်သည်။ လူသားတစ်ယောက်...

ထိုလူသားတစ်ယောက်သည်ကတော့မူ လောကကြီးထဲရှိ အရာရာအားလျစ်လျူရှုထားလေ၏...~~

Ria ၏ ငေးငိုင်သွားသော မျက်ဝန်းများကြောင့် Sam သည်ကား တစ်ချက်တွန့်သွား၏။ အတန်ကြာမှ သက်ပြင်းအရှည်ကြီးချလိုက်ကာ ပေရွက်လိပ်ကြီးအား Ria ထံသို့ထိုးပေးလိုက်တော့သည်။

True DestinyWhere stories live. Discover now