~11~

188 12 0
                                    

#Unicode

တိမ်တိုက်များဖုံးလွှမ်းလျက်ရှိသော နတ်သူငယ် နန်းဆောင်အတွင်း၌မူ ဘိုးဘိုးကြီးသည်ကား မျက်မှန်ဝိုင်းကြီး၏ အကူအညီဖြင့် ပြီးမြောက်ခြင်း စာရင်းများအား စစ်ဆေးနေ၏။ ဘေး၌မူ ဒေါ်လေး Kelly က အလိုမကျသော မျက်နှာထားဖြင့်ရပ်စောင့်နေလေသည်။ လက်ထဲ၌မူ ကြေးမုံပြားတစ်ခုအား ကိုင်ဆောင်ထား၏။

"အစ်ကိုကြီး ! ညီမလေး ပြောသားပဲ။ သူနဲ့မဖြစ်ပါဘူးလို့။ အခုကြည့်..! ဘယ်လိုအခြေအနေဖြစ်နေပြီလဲလို့..."

"......."

"လိုက်ဖက်တဲ့ ဖူးစာလေးတောင် ရှာမပေးနိုင်ဘူးလား သူက..."

"Kelly..."

ဘိုးဘိုးကြီးက ရပ်တန့်ဖို့ရန် အရိပ်အယောင်ပြသော်လည်း ဒေါသထွက်နေသော ဒေါ်လေးက ရပ်တန့်မည့်ပုံမပေါ်ပေ....

"ညီမလေး ကိုမရပ်ခိုင်းနဲ့။ သူ့ကို စာရင်းအင်း ဌာနမှာပဲ လုပ်ခိုင်းပါတော့လို့ပြောတာကို နားမထောင်ဘူး။ သူက ရှာဖွေရေး ဌာနနဲ့ မကိုက်ညီဘူးလို့...."

"ငါလုပ်နေတာတွေကို ငါသိပါတယ်။ မလောပါနဲ့..."

"အစ်ကိုကြီး သူ့ကို အချိန်ပေးထားတာ ၁၂ ပတ်နော်။ အခု ၇ ရက်တောင်မပြည့်သေးဘူး သတ်မှတ်လူသားရဲ့ စိတ်ကိုမဆန်းစစ်နိုင်တဲ့အပြင် မြှားတွေပါ ကုန်သွားပြီ...."

"......"

"သူ့အနေနဲ့ ရှာဖွေရေးဌာနနဲ့မကိုက်ညီဘူး..."

"Kelly.. မင်း မပြောခင် တစ်ခုခုကို စေ့စေ့စပ်စပ်မတွေးမိဘူးလား..."

"ဘာကိုပြောချင်တာလဲ..."

"များသောအားဖြင့် ဝိဥာဥ်ဖက် လူသားတစ်ယောက်ဟာ သတ်မှတ်လူသားနဲ့ တူညီတဲ့ စိတ်စွမ်းအားရောင်စဥ်ရောင်ဝါရှိတယ်...

အဲ့ဒီအတွက် ကိုယ့်ရဲ့သတ်မှတ်လူသားပေါ်မှာ ဖြာထွက်နေတဲ့ ရောင်စဥ်ကို ဖူးစာရေးနတ်သားတွေအနေနဲ့ သူရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တယ်...

ဝိဥာဥ်ဖက် လူသားကို ရှာဖွေရာမှာ အထောက်အကူပြုသလို ပိုပြီးလည်း ခိုင်မြဲစေနိုင်တယ်...."

True DestinyWhere stories live. Discover now