~6~

242 15 8
                                    

#Unicode

Ria ထွက်သွားပြီးသည့်နောက် Sam တစ်ယောက် ထိုင်တွေးနေမိသည်။

Ria ပြောသွားသည်ကား အမှန်များသာ။ လောက၌ ပြီးပြည့်စုံနေသော လူ ဟူ၍ မရှိ။ နိုးနိုးအား ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်သော လူသားယောကျ်ားလေးအား ရှာဖွေပေးလိုက်ရုံသာ....

တစ်နည်းအားဖြင့် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သော လူသားတစ်ယောက်ရှာဖွေလိုက်ရန်သာဖြစ်လေ၏။ နိုးနိုး၏ အချို့လိုအပ်ချက်များသည်ကား တစ်ကယ်တမ်း၌မူ အရေးကြီးမနေခဲ့...

အတန်ကြာအောင် တွေးတောပြီးသည့်နောက် နိုးနိုးထံသို့ ပြန်သွားရန်ပြင်လိုက်သည်။ ကော်ဖီဆိုင်သို့မရောက်ခင် လမ်းခုလတ်တွင် ရင်းနှီးနေသော အရိပ်လေးကို မြင်လိုက်ရသည်ကြောင့်ခြေလှမ်းများအား ရပ်တန့်လိုက်ရ၏။

နိုးနိုးသည်ကား ကော်ဖီဆိုင်မှ သူငယ်ချင်းဖြစ်သူနှင့် နှုတ်ဆက်ခဲ့ပြီး ဖြစ်သည်ထင်၏။ ယခုမူ Mini mart လေးထဲ၌ ငူငူကလေးထိုင်နေရှာသည်။ သူ၏ ရှေ့တွင်တော့ အငွေ့တစ်လူလူထွက်နေသော ခေါက်ဆွဲဘူးလေး ချထား၏။ နိုးနိုးကမူ မှန်ထဲမှတစ်ဆင့် အပြင်ဘက်သို့ငေးမောနေရှာသည်။

ယုန်ပေါက်လေးတစ်ကောင်နှယ် ငြိမ်ငြိမ်ကလေးကုပ်နေသော နိုးနိုးကိုမြင်တော့ မကြာသေးမှီက ထွက်ခဲ့ရသော ဒေါသများက လေနှင်ရာသို့လွင့်ပါသွားကြပြန်သည်။

သက်ပြင်းကိုအသာရှိုက်လျက် နိုးနိုး၏ ဘေး၌ တိတ်တဆိတ်ဝင်ထိုင်လိုက်မိသည်အထိ နိုးနိုးသည်ကား ငေးငိုင်နေဆဲ....

အတန်ကြာ ငေးနေသည်ကြောင့် စပ်စုလိုစိတ်ဖြင့် နိုးနိုးငေးနေသော နေရာသို့ လိုက်ကြည့်မိသည်။ ထိုအခါမှ မကြည်မလင်ဖြစ်နေသော စိတ်အစဥ်တို့ ဟုတ်ခနဲ ချုပ်ငြိမ်းသွားရသည်။

~~ အလိုလေး... မြင်မြင်ချင်းအချစ်လား ဟ..!

ကလေးမလေး ... ကြီးကြီးကျယ်ကျယ်တွေပြောပြီး မြင်မြင်ချင်းအချစ်မှာ နစ်မျောသွားရပြီကိုး...

ဝါးဟားဟားဟား....~~

Sam တစ်ယောက်သည်ကား စိတ်ထဲ၌ လူယုတ်မာသံကြီးဖြင့် ဟားတိုက်ရယ်မောနေကာ မျက်ဝန်းများကမူ ကျေနပ်ပြုံးကြီးပြုံးနေကြောင်း သက်သေတည်နေ၏။

True DestinyWhere stories live. Discover now