1

6.3K 332 1
                                    

Unicode

ရှောင်းကျန့်တယောက် ဘေကျင်းမြို့ ရဲ့ အလှအား..မှန်ပြတင်းပေါက်မှ ကျော်လွန်ကာ..ငေးမောနေခိုက်..

ခါးထက်သို့ရောက်လာသော လက်တစုံနှင့် ပြင်းရှရှ ရေမွှေးနံ့လေးကြောင့် ပြုံးလိုက်မိသည်...

"ဘာတွေတွေးနေတာလဲ....Bunny ကိုယ်လာတာတောင် မသိဘူး..."

သြရှရှအသံလေးနဲ့ နားနားလေး ကပ်ပြောကာ... ရှောင်းကျန့်၏ အကျီ အောက်မှ တစွန်းတစပေါ်နေသော လည်ဂုတ်လေးကို ဖိနမ်းနေသည်..

ရှောင်းကျန့်ယား၍ တွန့်ခနဲ တချက်ဖြစ် သွားကာ... အနည်းငယ်ရုန်းလိုက်ပြီး.

"ယားတယ်လေ...ဦးရဲ့... ကျန့်ကျန့် ဘာမှမတွေးပါဘူး...ဦးကိုလွမ်းနေတာ..."

ရှောင်းကျန့်ပြောရင်း နောက်မှသိုင်းဖက်ထားသော လက်ကို ဖြုတ်ကာ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် လည်ပင်းတွင် လက်နှစ်ဖက်ယှက်တင်လိုက်ပြီး. နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်..

"Bunny နော်... ကိုယ့်စိတ်ကို လာမစွ နဲ့နော်... စိတ်မထိန်းနိုင်ရင် ဒီည night out မထွက်ရပဲနေမယ်..."

ရိပေါ်က အနည်းငယ်ဆူပုတ်ပုတ်လေး ပြောလိုက်တာကြောင့် ရှောင်းကျန့် တဘောတကျရယ်လိုက်ပြီး...

နှုတ်ခမ်းကို ဖိနမ်းလိုက်...ခွာလိုက်နှင့် ၃ ၄ ခေါက်လောက်လုပ်လိုက်သည်...

ရိပေါ်က မိမိကို အသည်းယားအောင် မြူစွယ်နေတဲ့ ယုန်ပေါက်ကြောင့်....

ခါးထက်မှလက်ကို အတင်းဆွဲကပ်လိုက်ပြီး ခေါင်းနောက်ဖက်က်ု လက်လေးနဲ့ ထိန်းကာ..အနမ်းကြမ်းများ ပေးလိုက်သည်....

အပေါ်တလှည့် အောက်တလှည့် အားရအောင် စုတ်ယူနမ်းရှိုက်ပြီးမှ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ပြီး လွှတ်ပေး လိုက်သည်...

"အ...ကျန့်ကျန့် နာသွားပြီ....ဦးက အရမ်းပဲ..."

"bunny က ကိုယ့်ကို အသည်းယားအောင် လုပ်တာကိုး.... ကိုယ်အပြင် မခေါ်မဖြစ်ခေါ်သွားချင်လို့နော်... မဟုတ်ရင်တော့..."

ရှောင်းကျန့် ဦးရဲ့စကားကြောင့် ဦးရင်ဘတ်ကို လက်လေးနဲ့ ထုကာ..မျက်စောင်းထိုးလိုက်သည်....

My Special One💗💗 (Completed) #Z & U#Where stories live. Discover now