4

3.6K 254 3
                                    

Unicode

Honeymoon ထွက်ပြီး ပြန်လာတဲ့နောက်ပိုင်း ဦးနဲ့ ကျန့်ကျန့်က အရင်
ကျန့်ကျန့်ကို ပေးထားတဲ့ Condo မှာ ဆက်နေသည်.....

ကုမ္ပဏီနှင့် သိပ်မဝေးသော နေရာလည်းဖြစ်တာကြောင့် ဦးရော
ကျန့်ကျန့်ရော အဆင်ပြေသည်...

ခုဆို ကျန့်ကျန့်တို့ လက်ထပ်ပြီးတာ ၆ လပင်ကျော်ပြီဖြစ်သည်...

ဦးက ကျန့်ကျန့်ကို လိုလေသေးမရှိနဲ့ အရိပ်တကြည့်ကြည့်ချစ်ပေး တာကြောင့် ကျန့်ကျန့် စိတ်ချမ်းသာနေရသည်...

မားက လွန်ခဲ့တဲ့ ၁ လက ဆုံးသွားသည်...
မားဆုံးတာကို ဝမ်းနည်းပေမဲ့ မဆုံးခင် သက်တောင့်သက်သာ နေပျော်သွား ခဲ့ရတာကြောင့် ဦးကို ကျေးဇူးတင်ရပါသည်....

ကျန့်ကျန့် ဦးကို အသွေးအသားတခုလုံး ဘဝတခုလုံးစာ ချစ်ရပါသည်..

ကျဲကတော့ သူ့မိသားစုနှင့် အဆင်ပြေကာ ပျော်နေပြီဖြစ်သည်..

ကျန့်ကျန့် အလုပ်ထဲတွင် ရုံးခန်းထဲတွင် ထိုင်ပြီး လက်စွပ်လေးကို လှည့်ကစားနေရင်း ဦးအကြောင်းတွေးကာ ကြည်နူးနေမိသည်....

🎶🎶 My Whole World Change...
from the movement I met you.... 🎶🎶

ရုတ်တရက် ဖုန်းသံကြားလို့ကြည့်လိုက်တော့...ဦးဆီက... ကျန့်ကျန့် ယုန်သွားလေးများပေါ်အောင် ရယ်လိုက်ပြီး..

ဖုန်းကို ယူပြီး အိတ်ထဲထည့်လိုက်ကာ.. အပေါ်အကျီယူဝတ်ပြီး... ရုံးခန်းထဲမှ ပြေးထွက်ခဲ့သည်...

အပြင်ရောက်တော့ လက်ပိုက်လျက်သား ကားကို မှီပြီးစောင့်နေတဲ့ဦး..

ကျန့်ကျန့်ရယ်ပြလိုက်တော့ ပြန်ပြုံးပြလာကာ..လက်ကို ဆန့်တန်းလာသည်..

ကျန့်ကျန့် ပြေးပြီး ဦးရင်ခွင်ထဲ ဝင်လိုက်ပြီး ဦးရဲ့ ရင်ဘတ်ကို ခိုးနမ်းလိုက်သည်....

ဦးကလည်း အလိုက်သင့် ပြန်ဖက်ပြီး ကျန့်ကျန့် ဆံပင်တွေထဲ ခေါင်းနစ်ကာ.. နမ်းသည်..

ပြီးတော့ ဖက်ထားတာက ခွာပြီး..
lover seat ဘက်က တံခါးကို ဖွင့်ကာ.. ထိုင်စေသည်...

ဦးကလည်း Driver Seat ဘက်ကို ထိုင်ကာ.. လက်တဖက်က ကျန့်ကျန့်လက်ကို ကိုင်ထားပြီး ကျန်တဖက်နဲ့ စီယာတိုင်ကို ကျွမ်းကျင်စွာလှည့်ပြီး ကားမောင်းနေသည်...

My Special One💗💗 (Completed) #Z & U#Where stories live. Discover now