My Special One 😘

7.5K 521 2
                                    

Zawgyi
Part 16

အနက်​​ရောင်​ ရှပ်​ကွက်​ အင်္ကျီကို ဝတ်​ဆင်​ကာ.. ရှင်း ​ပြောင်​​နေ​သော မျက်​နှာဖြင့်​ မှန်​​ထဲမှာ မြင်​​နေရ​သော ပုံရိပ်​ကို XZက တန်​ဖိုးရှိ​သော သူဟုတ်​ မဟုတ်​ စဉ်းစား​နေမိသည်​... ​သေချာတာ​တော့ လူတ​ယောက်​ရဲ့ ရိုးသားခြင်း ဂုဏ်​တန်​ဖိုး​တော့ ဘယ်​ရှိ​တော့မှာလဲ... မိဘအတွက်​ပါ.. ဘာအတွက်​ပါ.. ဘယ်​လိုပဲ ​ပြော
စေကာမူ ဘဝနဲ့ ​ငွေ​ကြေး အခြားအဆင်​မ​ပြေမှု များစွာကို အလဲအလှယ်​လုပ်​ခဲ့ တာပဲ​လေ...ဒါ​ကြောင့်​ ဦးက မိမိ​ပေါ်မှာ ဘယ်​လိုတန်ဖိုးထားရှိမှာတဲ့လဲ.. လှပ ​ကြော့ရှင်း​သော ပညာတတ်​မိန်းမတ​ယောက်​ကို မျက်​လုံးထဲမှာ မြင်​လာသည်​... XZ ဘယ်​​နေရာမှာမှ ယှဉ်​လို့မရတဲ့ မိန်းမတ​ယောက်​ပဲ.. တန်​ဖိုးဆိုတာလဲ ထို
မိန်းမတကိုယ်​လုံး၌ ပြည့်​​နေ​ပေလိမ့်​မည်​... နှလုံးသား က တဆစ်​ဆစ်​ နာကျင်​မှုသည်​ ​သွေး​ကြောအနှံ့ထိုး တက်​လာသည်​... ​ဦးက ထားတဲ့ လူတ​ယောက်​ရဲ့ တန်​ဖိုးဆိုတာ ဘာကို XZ တကယ်​သိချင်​​နေတုန်း မှာ ph ဝင်​လာသည်​...
David ဆက်​တာ ဖြစ်​သည်​..
"​ပြော David..."
"စကား​ပြောလို့အဆင်​​ပြေလား.."
"Omm ​ပြေပါတယ်​..ဘာလို့လဲ.."
"Aww ​အေး​အေး​ဆေး​ဆေးရှိမှ စကား​ပြောလို့
ကောင်းမှာမို့​လေ... အာ့​ကြောင့်​​မေးတာ.."
"Aww.. ဟုတ်​ပါပြီ..."
"Zhan Ge မနက်​ဖြန်​ ည​နေ ၅နာရီ​လောက်​ အား လား..."
"အင်း..သင်​တန်းဆင်းချိန်​က ၄ နါရီ ပဲ အားပါတယ်​..."
"မနက်​ဖြန် ပါးရဲ့ မိတ်​​ဆွေ တ​ယောက်​ရဲ့ မင်္ဂလာနှစ်​ပတ်​လည်​​နေ့​လေ..အဲ့ဒါဖိတ်​ထားလို့... ကျွန်​​တော်​လဲ ခုမှ China ​ရောက်​​တော့ Party မှာ ​ကြောင်​ ​နေမှာ စိုးလို့ အ​ဖော်​​ခေါ်တာ.... ကျွန်​​တော်​နဲ့ ပွဲလိုက်​ တက်​​ပေးနိုင်​မလား..."
ပွဲလိုက်​တက်​​ပေးနိုင်​မလား... အဲ့စကားသံက XZ ရဲ့ နားထဲမှာ ပဲ့တင်​ထပ်​သွားသည်​... တဆက်​ထဲမှာပဲ
မြင်​မိတာ​က ဦးရဲ့ မျက်​နှာပင်​... XZ နဲ့တွဲပီး လူမြင်​ ကွင်းကို ဘယ်​​တော့မှ မထွက်​ချင်​တဲ့သူ.. တ​နေ့
က​တော့ မိန်းမတ​ယောက်​ကို ချစ်​ခင်​နှစ်​သက်​စွာ ညစာစား​နေတာ​လေ...XZ က​တော့အဲ့လို​တောင်း ဆိုတာ​တောင်​ သူက ငြင်းဆန်​​ရှောင်​လွဲခဲ့သည်​...
ဒါဆို David က​ရော....
အင်း​ပေါ့​လေ... David သိထားတဲ့ XZ နဲ့ ဦး သိထားတဲ့ XZ က တူမှမတူဘဲကိုး...
"ဘယ်​လိုလဲ လိုက်​တက်​မယ်​မလား.. Zhan Ge"
"ရပါတယ်​.... ကိုယ်​အဆင်​သင့်​လုပ်​ထားမယ်​ ​လေ.. မင်းလာ​ခေါ်လိုက်​​ပေါ့..."
"အဟဲ..​ကျေးဇူးတင်​ပါတယ်​.... ကျွန်​​တော်​လဲ လကုန်​ရင်​ ပြန်​​တော့မယ်​... ​ကျောင်းပြန်​တက်​ရ​တော့မှာ​လေ.."
"ဟုတ်​လား...​ကျောင်းပြန်​ဖွင့်​​တော့မှာ​ပေါ့..."
"အင်း​ပေါ့.. ​ကျောင်းပြန်​ဖွင့်​​တော့မှာမို့ ပြန်​မှာ.. မ
ဟုတ်​ရင်​​တော့ မပြန်​ချင်​ဘူး... "
"ဘယ်​သူနဲ့ မခွဲနိုင်​လို့လဲ..."
"တစုံတ​ယောက်​ကို​ပေါ့...ဟဲဟဲ.."
David က ဆက်​မ​ပြော​တော့သဖြင့်​ XZ က ဆက်​မ​မေး​တော့​ပေ.... တခြားအ​ကြောင်း နဲနဲ ​ပြောပြီး ဖုန်းချခါနီးတွင်​ XZ သိချင်​စိတ်​ကို ထိန်းမရစွာ.. ​မေး
လိုက်​မိသည်​......
"David.."
"ဗျာ.."
"ဟို သိချင်​တာ တခုရှိလို့ ​ဖြေ​ပေးပါလား.."
"​​မေး​စေဗျာ.."
"David က လူတ​ယောက်​​ပေါ်မှာထားတဲ့ တန်​ဖိုး ဆိုတာ ဘယ်​လို အရာမျိုးကို ​ပြောတာလဲ.."
David ရုတ်​တရက်​​တော့ နှုတ်​ဆိတ်​သွားသည်​... သူစဉ်းစား​နေတာ ဖြစ်​နိုင်​ပါသည်​.. XZ ကိုလဲ ရယ်​ကျဲကျဲနဲ့ ​ပြော​​သေးသည်​...
"ခဏ​လေး ကျွန်​​တော့ဘဝမှာ အဲ့လို​မေးခွန်းမျိုး ဘယ်​သူမှ မ​မေးဖူးသလို တန်​ဖိုးနဲ့ ပတ်​သက်​တဲ့ ကိစ္စ လဲ တခါမှ မစဉ်းစားဖူးလို့ ​ဖြေရခက်​​နေတယ်​..."
"ရပါတယ်​...​ဖြေး​ဖြေးပဲ စဉ်းစားပါ.."
"အင်း တခု​တော့ ရှိတယ်​... လူတ​ယောက်​ရဲ့ တန်​ဖိုးဆိုတာ ဆင်းရဲ ချမ်းသာနဲ့ မဆိုင်​ဘူး...သူ့ ရဲ့ ကိုယ်
ပိုင်​​​အရည်​အချင်း သူဘယ်​​လောက်​စိတ်​နှလုံး လှ
လည်း စသဖြင့်​ အဲ့ဒါ​တွေနဲ့ တန်​ဖိုးထားမိမယ်​ ထင်​တယ်​..."
"Aww.."
"ဘာလို့​မေးတာလဲ..."
"ဒီလိုပါပဲ..သိချင်​လို့..​ဖြေ​ပေးတာ ​ကျေးဇူး​နော်​.."
"ရပါတယ်​.. Zhan Ge.. See U ..Tmorrow ​နော်​.."
David က နှုတ်​ဆက်​ပြီး ဖုန်းချသွားသည်​... XZ
ရဲ့ အာရုံတွင်​ မျက်​နှာ တခုတည်းကို ပြန်​မြင်​​ယောင်​ ကာ ရင်​ထဲ စူးနင့်​​နေသည်​.. ဘာ​ကြောင့်​များ မချစ်​သင့်​တဲ့ ချစ်​လို့မရတဲ့ သူကို ချစ်​မိသွားရတာလဲ.. သူက​ရော ကိုယ့်​အချစ်​ကို ယုံမှာတဲ့လား.. ကိုယ်
တောင်​ ​ငွေ​ကြေးအတွက်​နဲ့ ခန္ဓာကိုယ်​ကို ​ရောင်းခဲ့တာ​လေ... ဒီလို လူတ​ယောက်​ထံမှာ ခင်​ဗျားအတွက်​ကြီးကျယ်​မြင့်​မြတ်​တဲ့ အချစ်​တခု ​မွေးဖွားလာခဲ့တယ်​ဆိုရင်​ ကျွန်​​တော့အတွက်​ ကံဆိုးခြင်းတခုသာ ဖြစ်​လာ မှာပါ.....
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

My Special One💗💗 (Completed) #Z & U#Where stories live. Discover now