My Special One😘

7.8K 565 6
                                    

Zawgyi
Part 11
သူက ထမင်း စားပွဲတွင်​ ဝင်​ထိုင်​ပြီး ပြင်​ဆင်​ထား​သော ​ခေါက်​ဆွဲ ပန်းကန်​ကို ကြည့်​ပြီး အံ့သြသွားမိ သည်​.. အင်္ဂလန်​ပြည်​ထုတ်​ ​ကြွေပန်းကန်​လုံးဖြင့်​ ပြင်​ဆင်​ထား​သော ​ခေါက်​ဆွဲကို ကျိကာ YB XZ ကို အလန့်​ တကြား​မော့ကြည့်​မိသည်​.... သူ့ပုံစံက ဘယ်
လောက်​​တောင်​များ အထိတ်​တလန့်​ ဖြစ်​သွား​စေသလဲ ​တော့မသိပါ.. ​အေးစက်​စက်​အမူရာပင်​​ပျောက်​ ကွယ်​လျက်​ ကပျာကယာပင်​ ​မေးလာ​တော့သည်​...
"ဘာ...ဘာဖြစ်​လို့လဲ ဟင်​"
ထမင်း စားပွဲ​ပေါ်တွင်​ တင်​ထား​သော ​ခေါက်​ဆွဲမှာ...
ဂျုံ​ခေါက်​ဆွဲကို အဖြူထည်​ပြုတ်​ထားကာ.. အ​ပေါ်တွင်​ အသား လွှာ​လေးများ တင်​ထား​သော ငြုပ်​​ကောင်း နံ့​လေး ​မွှေး​နေ​သော ​ခေါက်​ဆွဲတခွက်​...ငြုပ်​သီး
စိမ်း​လေးများလဲ အ​ပေါ်တွင်​ ညှပ်​ကာ ထည့်​ထား​သေး သည်​...
"ဘာဖြစ်​လို့လဲ ဟင်​... ဒါက စားရတာ အဆင်​ မ​ပြေ လို့လား...ခု ရက်​ပိုင်း​ဈေးလဲ မသွားဖြစ်​လို့..အိမ်​မှာ ရှိတာ​လေးပဲ...လုပ်​.."
သူ​လေး စကားပင်​မဆုံးလိုက်​ပါ....မဆုံး​အောင်​လဲ.. မိမိ ရုတ်​တရက်​ ​ပွေ့ဖက်​လိုက်​​သော ​ကြောင့်​ပင်​..
နွေး​ထွေးအိစက်​​သော ကိုယ်​လုံး​လေးက သူ့ရင်​ခွင်​ထဲသို့ မြှုပ်​ဝင်​သွားသည်​.. ခဏ​နေ​တော့မှ လူချင်းပြန်​ခွာ မိ​လေသည်​...
"Sorry..."
သူ့​ sorry ကို သူ​လေးက နားမလည်​သလို ကြည့်​ သည်​... သူက ​ကောင်းပြီဟူ​သော သ​ဘောဖြင့်​ လက်​ ကာပြကာ...
"ဒီလို ​ဂျုံ​ခေါက်​ဆွဲချက်​က ကိုယ်​အကြိုက်​ဆုံး ပါ.. အ
ကြိုက်​ဆုံး ဆိုတာထက်​ ကိုယ့်​ဘဝရဲ့ အမှတ်​တရ အ
ဖြစ်​ဆုံး အရာတခုပါ...မင်း ဒီလိုချက်​ဖို့ ဘယ်​လို စိတ်​ကူး ရလဲ..."
"ဒီလိုပါပဲ.. ဦးက ပင်​ပန်းတဲ့ ပုံလဲ ​ပေါက်​​နေတာနဲ့ အားရှိ​အောင်​ ပြီး​တော့ အိမ်​မှာလဲ ဂျုံနဲ့ အသားပဲရှိလို့.. ချက်​လိုက်​မိတာ.."
"Aw.. အင်းပါ... ကဲ ကိုယ်​စားပြီ​နော်​.. မင်း​ရော ထပ်​စား​လေ.."
""​တော်​ပြီ ကျွန်​​တော်​ စားပြီးပြီ.. ခုက juice တခွက်​ပဲ​သောက်​​တော့မလို့..."
ခေါက်​ဆွဲစားပြီး...​ခြေလက်​​ဆေးလိုက်​ကာ...ညဖက်​ အိပ်​ရာ ဝင်​တဲ့အခါမှာ​တော့.. YB က သူ​လေးကို...
"ဒီည မင်းကိုယ့်​ကို မင်းရဲ့ ရင်​ခွင်​ထဲ ထည့်​ထား​ပေး နိုင်​မလား..."
ဘယ်​လိုမှ နားမလည်​နိုင်​​သော မျက်​ဝန်းများဖြင့်​ သူ
လေးက မိမိကို ​ငေးကြည့်​လာသည်​... ​သူ​လေးက 
နေရထိုင်​ရခက်​​သော မျက်​နှာဖြင့်​ ပြန်​ကျိ​နေတုန်းမှာ YB. က XZ ရင်​ခွင်​ထဲသို့ တိုး ဝင်​မိသည်​...
မိခင်​တ​ယောက်​ရဲ့ ရင်​ခွင်​ထဲသို့ တိုးဝင်​အိပ်​စက်​​ရ​သော က​လေး တ​ယောက်​လို ​နွေး​ထွေးလုံခြုံသွား
သည်​...ဒီထက်​ပိုပြီး သူ့မှာ တခြား ရမက်​ဆန္ဒများ မရှိပါ.. ဒါကို သူ့မျက်​ဝန်းမှတဆင့်​ သူ​လေး သိနိုင်​ပါ​စေ...
"မင်း ကိုယ့်​ဘဝအ​ကြောင်း ဘယ်​​လောက်​သိလဲ.."
"ဟင့်​အင်း... ဦးသိပ်​ချမ်းသာတယ်​ ဆိုတာက လွဲ ပြီး ကျန်​တာ မသိဘူး.."
"အင်း ဒီ​နေ့ကိုယ်​ထူးထူး ခြားခြား မားကို သိပ်​သတိရတယ်​... မင်းချက်​​ကျွေးတဲ့ ​ခေါက်​ဆွဲ​ကြောင့်​လဲ ပါ တယ်​... ကိုယ်​ငယ်​ငယ်​က အဲ့လို ​ခေါက်​ဆွဲစားရဖို့
တနင်္ဂ​နွေ​နေ့ကို ​စောင့်​ရတယ်​... ကိုယ်​တို့က ငယ်​ငယ်​က အရမ်းဆင်းရဲတယ်​​လေ.."
သူ​လေးက ငြိမ်​သက်​သွားတယ်​.... သူက သူ​လေးရင်​ ခွင်​ထဲမှာ အနည်းငယ်​လူးလွန့်​မိသည်​...
"ဆင်းရဲ ခဲ့လို့ ​ကျေးဇူးတရားတခုအတွက်
ကိုယ့်​ဘဝကိုလည်း ​ရောင်းစားခဲ့ရသလို ..ဖြစ်​​ခဲ့သေးတာ​ပေါ့ မိန်းမ​တ​ယောက်​ရဲ့ အမည်​ခံ ​ယောကျာ်း
ကိုယ်​ ဖြစ်​ခဲ့ဖူးတယ်​ Bunny"
သူ​လေး အနည်းငယ်​​တောင့်​မတ်​သွားသည်​ဟု ထင်​ပါသည်​.. သူက ရင်​ခွင်​ထဲ ပိုတိုးဝင်​ကာ.. ဖက်​ထားမိ
သည်​...
"ကိုယ်​ငယ်​ငယ်​က မားရဲ့ ရင်​ခွင်​ထဲ ဒီလို ဝင်​အိပ်​ရတာ အရမ်းကြိုက်​ခဲ့တာ.. စိတ်​ထဲမှာလဲ လုံခြုံတယ်​လို့ ခံစားရတယ်​.. ဒီ​နေ့ အဲ့လို ခံစားမှုမျိုး ကိုယ်​ပြန်​ရ လိုက်​သလိုပဲ.. ကိုယ်​ဒီည ဒီတိုင်း​လေးပဲ အိပ်​ချင်​ တယ်​.. Bunny"
သူ​လေးထံမှ ဘာစကားသံမှ ထွက်​မလာပါ.. သူလဲ ဒီတိုင်းပဲ ငြိမ်​သက်​စွာ အိပ်​ဖို့ ကြိုးစားလိုက်​သည်​..
သူ​လေးထံမှ ရ​သော ကိုယ်​သင်းနံ့သည်​..ငယ်​ငယ်​က မားဆီမှ ရ​သော အနံ့နှင့်​ မတူပါ​သော်​လဲ..​ဒီရနံ့ကပဲ သူ့ကို ​နွေး​ထွေး​သော ကမ္ဘာတခုဆီသို့ ​ခေါ်​ဆောင်​ သွားသည်​...
အနီးကပ်​ကြားရ​သော သူ​လေး၏ ရင်​ခုန်​သံ တဒိတ်
ဒိတ်​သည်​ သူ့ကို စည်းချက်​ကျကျ ​ချော့သိပ်​​နေငည့်​အလား.. ​နောက်​ဆုံး​တော့ အိပ်​​ပျော်​သွားခဲ့ ​လေသည်​..
🌵🌵🌵🌵🌵🌵🌵🌵

My Special One💗💗 (Completed) #Z & U#Where stories live. Discover now