My Special One😘

7.3K 497 7
                                    

Zawgyi
Part 13
ဖျတ်​ခနဲ မျက်​လုံးဖွင့်​ပြီး နိုးလာ​သော XZ မှာ ကိုယ့်​ ကိုယ်​ကို ပထမဆုံးဆင်​ခြင်​မိသည်​မှာ.. ငါဘယ်
ယောက်​​နေတာလဲ ဟူ​သော အ​တွေးဖြစ်​သည်​...
အနည်းငယ်​ကိုက်​​သော ​ခေါင်းကို ဖိနှိပ်​ရင်း လှဲ​နေရာမှ ထထိုင်​မိ​လေသည်​... အခန်းထဲတွင်​ မီး​ရောင်
ဖျော့​ဖျော့သာရှိပြီး မှုန်​ဝါးဝါးသာ ​တွေ့မြင်​​နေရသည်​..
XZ ဧည့်​ခန်း Sofa ​ပေါ်မှာပဲ အိပ်​​ပျော်​သွား တာပဲ.. ဦး​ရောက်​လာပြီး XZ သူ့ကို ရစ်​မိလား ဘာလား မသိ..​နောက်​​တော့ သူ​ရေသွားချိုးသည်​.. ပြီး​တော့ မိမိ အိပ်​​ပျော်​သွားသည်​...XZ စဉ်းစားပြီးသည်​နှင့်​ အိပ်​​ 
နေရာမှ ​စောင်​ကို ခွာကာထလိုက်​သည်​... မိမိကို ဦးက ​စောင်​ခြုံ​ပေးထားတာ ဖြစ်​နိုင်​သည်​.... Sofa ​ပေါ်မှ ထကာ... ခန်းစည်းများကို ဆွဲဖွင့်​လိုက်​သည်​..
ပြီး​နောက်​ အခန်းထဲ သို့ ဝင်​လိုက်​သည်​... အိပ်​ရာ​ပေါ် တွင်​ ဦးက အိပ်​​နေသည်​.... XZ နှာ​ခေါင်း တချက်​ရှုံ့မိ သည်​... မိမိကိုကျ Sofa ​ပေါ်အိပ်​ခိုင်းပြီး သူကျ King Side Bed ​ပေါ်တွင်​ ​အေး​အေးလူလူ အိပ်​​နေသည်​.... ဦးမနိုး​အောင်​ တံခါးကို ​သေချာပြန်​ပိတ်​ကာ...​ရေချိုးခန်းထဲဝင်​ကာ.. သွားတိုက်​​နေလိုက်​သည်​..ထိုစဉ်​ ​XZ ရဲ့ ပါးပြင်​​လေး တဖက်​​နွေးခနဲဖစ်​သွားသည်​... ဆတ်​ခနဲ လှည့်​ကျိလိုက်​​တော့...
"Morning Kiss"
"ဦး"
ဖျတ်​ခနဲ ခုန်​ကာ တုန်​ယင်​လှုပ်​ရှားသွား​သော နှလုံးသားတစုံကို ဖိကာ..XZ YB ကို မျက်​နှာချင်းဆိုင်
လှည့်​လိုက်​သည်​....ညက ကိစ္စပြန်​​တွေးမိကာ.. XZ တ​ယောက်​ မျက်​နှာရဲကာ...ရှက်​လာ​လေသည်​... ညက အဝတ်​စား​တောင်​မလဲရ​သေးပါ....
"ဒီ အင်္ကျီနဲ့က ဒီလို မျက်​နှာမို့မို့​လေးနဲ့ ပိုလိုက် ​တယ်​...ဟက်​..."
XZ နှုတ်​ခမ်းကို တင်းတင်း​စေ့ကာ.. YB ကိုမကျိဘဲ ကိုယ့်​မျက်​လုံးတည့်​တည့်​ကျရာ သူ့ရင်​ဘတ်​​နေရာကို သာကျိ​နေမိသည်​... အဖြူ​ရောင်​ချည်​သား T shirt ​အောက်​က သူ့ရင်​အုပ်​ကြံ့ခိုင်​မှု အထင်းသား
မြင်​​နေရသည်​... ဒီရင်​ခွင်​ဟာ XZ အတွက်​ တကယ်​ပဲ လုံခြုံမှု ​ပေးနိုင်​မလား... ​ရပ်​စမ်း...ဘာ​တွေ​တွေး​နေတာလဲ...
"မင်း ဖက်​ထုပ်​​ပေါင်းကြိုက်​လား...​ပဲနို့ ပူပူ​လေးနဲ့ တွဲစားရတာကို​လေ.."
ဘယ်​လိုမှ အဆက်​အစပ်​မရှိ​သော စကား​ကြောင့်​ XZ သူ့ကို ​မော့ကျိမိသည်​.. သူက XZ  ရဲ့ပါးကို သူ့လက် ညိုး​လေးနဲ့ ထိုး​နေရင်းမှ
"ကိုယ်​တို့ ဖက်​ထုပ်​​ပေါင်း သွားစားရ​အောင်​.."
"....."
"မင်း အဝတ်​စားလဲ​လေ..."
".........."
"မင်းကကား​မောင်း​နော်​...ကိုယ်​မင်း​မောင်းတဲ့ကား ကို စီးချင်​တယ်​..."
"........."
"ကြာကြာစီးလို့ရ​အောင်​ မြို့ပြင်​မ​ရောက်​ခင်​ က ဖက်​ထုပ်​ဆိုင်​သွားရ​အောင်​...အဲ့က ဖက်​ထုပ်​ကစား
ကောင်းတယ်​....ကိုယ့်​အတွင်း​ရေးမှူးတခါဝယ်​​ပေး ခဲ့ဖူး တယ်​...ဘယ်​လိုလဲ.."
သူ​ပြောတာကို XZ က မျက်​ခုံးအပင့်​သားဖြင့် ​နား
ထောင်​ကာ.. ဘာမှပြန်​မ​ပြောဖြစ်​ခဲ့​ချေ... ​နောက်​ဆုံးကျ​တော့မှ သူမသိ​အောင်​ ရင်​တွင်းမှ ခိုးပြုံးလိုက်​သည်​.. ​အော်​ မြို့ပြင်​က ဖက်​ထုပ်​​ပေါင်းကမှ စားချင်​တာ တဲ့လား... လူသူ​လေးပါးမမြင်​ဖို့ရာအတွက်​ Sponsor ​ပေးထားရတဲ့ ​ကောင်​​လေးကို မြို့ပြင်​ထိ ကား​မောင်းခိုင်း အုံးမယ်​တဲ့​လေ...
ဒီရင်​ခွင်​ဟာ..မနာကျင်​လဲ..မရ​တော့ပါ..
(ဒီမှာ နဲနဲ​ပြောချင်​တာက ​မေက China ကိုမ
ရောက်​ဖူးပါဘူး​နော်​..... ​ရွှေလီ နဲ့ ထင်ချုံးနဲ့ ​မှန်​တံတား ​လောက်​ပဲ​ရောက်​ဖူးတာ.. ဒီမှာ​ရေးထားတာက Fic အရပါ.. ဒါပေမဲ့ ဒီက chinese food ဖြစ်​တဲ့ ဖက်​ထုပ်​​ပေါင်းနဲ့ ပဲနို့က​တော့ တကယ်
စား​ကောင်း တယ်​....​မေ ခရီးသွားတုန်းက စားရတာ..😁😁)
💓💓💓💓💓💓💓💓

My Special One💗💗 (Completed) #Z & U#Kde žijí příběhy. Začni objevovat