Unicode
တတိယအကြိမ်မြောက်ဖုန်းဝင်လာတဲ့ အခါမှာတော့ ရှောင်းကျန့် မကိုင်လျှင်မဖြစ်တော့မှန်းသိစွာ..ပြီးတော့ မကိုင်ရင်လည်း မကိုင်မချင်းခေါ်မှာသိသောကြောင့် ဖုန်းကိုင် လိုက်သည်... David ရဲ့ မကျေမနပ်သံ စတင်ကြားရသည်...
"ဟေး ဖုန်းတွေခေါ်နေတာ..ဘာလို့မကိုင်လဲ.. Miss call တွေ့လဲ ပြန်မခေါ်ဘူး...""..........."
"ကျွန်တော်ပြောနေတာ ကြားလား..."
"ကြားတယ်လေ..."
"ကြားရင် တခုခု ပြန်ပြောအုံးလေ..ကျန့်ကော ဘာဖြစ်နေတာလဲ...တယောက်ယောက်နဲ့ အဆင်
မပြေဘူးလား....."အင်း ဒီလိုတော့လဲ ခန့်မှန်းတတ်သားပဲ...အင်းလေ အနောက်နိုင်ငံမှာနေတဲ့ သူတယောက်ပဲ ဒီလောက်တော့ သိမှာပေါ့...
"ဒီလိုပါပဲ.."
"ဟား..ဟုတ်နေတာပဲ..ကဲပြောပါအုံး ဘယ်သူနဲ့ ဘာဖြစ်ထားလဲ..."
ရှောင်းကျန့် ဘာပြောရမလဲ..ဒီကိစ္စက ရန်ရန်ကလွဲပြီး တ ခြား သူတွေကို ရင်ဖွင့် လို့ရတာလဲ မဟုတ်...
"ဒီလိုပါပဲ..."
"ဒီလိုပါပဲ...ဟိုလိုပါပဲ...ဟိုလိုလို ဒီလိုလို ပါပဲ..."
ရွှတ်နောက်နောက်နှင့် ရှောင်းကျန့် ပြောသောစကားကို သူက ပြောင်နေသောကြောင့် စိတ်မထိန်းနိုင်ဘဲ ရယ်သံ တချက်ထွက်သွားမိသည်.....
ထိုအခါ သူက..
"ဟေး....ရယ်ပြီ..မုန့်ဝယ်ကျွေးတော့..."
"ဟမ်.. ဘာဆိုင်လို့လဲ...""ဆိုင်တာပေါ့..ကျွန်တော်ပြောင်လိုက်လို့ ကျန့်ကော.. ရယ်တာလေ..."
"အံမယ်...ဒီလို စကားတွေလဲ တတ်တာပေါ့..."
"တတ်ပါ့..တတ်ပါ့..."
ပြောလိုက်တာက..အခြောက်သံနှင့်မို့ တခါထပ်၍ ရယ်မောမိပြန်သည်...နှစ်ခါလောက်ရယ်မောလိုက်ရတာနဲ့တောင် အနည်းငယ်ပေါ့ပါးလွတ်လပ်သွားရသေးသည်....
"ဟော...ရယ်ပြန်ပြီ..မုန့်ဝယ်ကျွေးတော့ဗျာ...ကျွန်တော် ဗိုက်ဆာနေလို့ပါ.."
"အယ်...ကိုယ့်ကိုယ်ကို ဝယ်စားလေ..."
"ပိုက်ဆံ မရှိဘူးဗျ.."
YOU ARE READING
My Special One💗💗 (Completed) #Z & U#
Fanfictionမချစ်ဖူးသူချင်းမို့ နီးရက်နဲ့ ဝေးနေခဲ့တယ်.......... တကယ်တော့ ကိုယ်တို့ ချစ်နေခဲ့ပြီးသားပါ..... သဘောကျမိတဲ့ ဝတ္ထုတအုပ်အား Copy ယူ၍ Yizhan Version ပြန်ရေးသည်.. မူရင်းရေးသားသော ဆရာမနှင့် ဇာတ်ကောင်များကို စော်ကားလိုခြင်းမရှိပါ.... ချစ်တဲ့လူသား ၂ယောက်အတ...