My Special One 😘

7.4K 523 6
                                    

Zawgyi
Part 12

XZ ရဲ့​မွေး​နေ့ကို ​စော​စောစီးစီး ထူးဆန်းအံ့သြဖွယ်​ရာ လုပ်​ခဲ့ပြီး​နောက်​ တန်ဖိုးကြီး ​မွေး​နေ့​လက်​​ဆောင်​ ကို​ပေးသွားခဲ့သူ YB သည်​ ​မွေး​နေ့ပြီး​တော့လည်း 
ပျောက်​ချင်းမလှ​ပျောက်​သွား​လေသည်​.. ​မွေး​နေ့မှာ လူသားချင်းစာနာ​ထောက်​ထားမှုရှိသလို XZ လွတ်
လွတ်​ လပ်​လပ်​ ​နေ​စေခဲ့ခြင်းဟာ XZ ရဲ့ စိတ်​ကို နူး ညံ့တုန်​ယင်​​စေသည်​.. ​ပြောရလျှင်​​တော့ စိတ်​ချမ်းသာ​စေသည့်​​နေ့ တရက်​ဖြစ်​ခဲ့ပါသည်​...
မွေး​နေ့မှာ မိသားစုနဲ့အတူ ကုန်​ဆုံးခဲ့ပြီး ရန်​ရန်​က ခရီးသွား​နေ​သော​ကြောင့်​ တရက်​​နောက်​ကျပြီးမှ မုန့်
ကျွေးဖြစ်​သည်​.... ပြိုင်​ကားအတွက်​ ရန်​ရန်​က ဝမ်း
သာအားရဖြစ်​လျက်​ မုဒိတာ ပွား​နေလျှင်​ ဒီလိုသူငယ်​ချင်း တ​ယောက်​ရထားသည့်​အတွက်​ ​ကျေနပ်​ရ ပါ
သည်​.....
"ဒါဆိုရင်​ နင်​က David ကို နင့်​​မွေး​နေ့ဆိုတာ မ
ပြောဖြစ်​ဘူး​ပေါ့..."
"မ​ပြောဖြစ်​ဘူး... ​ပြောစရာလဲ မလိုဘူး​လေ.."
"သူနဲ့ အ​ခြေအ​နေက​ရော..."
"ဒီလိုပါပဲ.."
"ဘာကို ဒီလိုပါပဲလဲ.."
ရန်​ရန်​​ပြော​​မေး​သော အ​မေးကို XZ ချက်​ချင်းမ​ဖြေဘဲ  တချက်​စဉ်းစားဟန်​ပြုကာ...
"David နဲ့ စကား​ပြောတာက ​ပျော်​စရာ​ကောင်း
တယ်​.. ပြီး​တော့ သူက  ငါဘာဖြစ်​ချင်​တယ်​ဆိုတာကို သူ့ကို တိုင်​ပင်​​ပြောပြလို့ရတယ်​... ဒါ​ကြောင့်​ ငါသူ့ကို ခင်​တယ်​..ဒီ​လောက်​ပဲ​လေ... သူက ငါ့ကို 
ပြော​သေးတယ်​... ငါ့ကို ဝါသနာပါတဲ့ သင်​တန်း တက်​ပါလားတဲ့... အဲ့ဒါ​တော့ ငါလဲ စဉ်းစား ​နေတာ.."
ရန်​ရန်​က XZ ကို အဓိပ္ပါယ်​ပါပါ ​ငေးကျိ​နေကာ မကြုံ
စဖူး သက်​ပြင်းရှိုက်​သည်​...
"နင်​ David လို ဘဝမျိုးကို အိပ်​မက်​မက်​​နေတာလား..."
"အိပ်​မက်​မက်​တာမျိုး​တော့ မဟုတ်​ဘူး​ပေါ့.. ဒါ​ပေမဲ့ ငါလဲ ဘဝအတွက်​ အာမခံချက်​ရှိတဲ့ အလုပ်​တခုရဖို့ ခုကတည်းက ငါကြိုးစာသင့်​တယ်​လို့ ထင်​လာလို့.."
"Wang သူ​ဌေးနဲ့ အဆင်​မ​ပြေဘူးလား.
ကျန့်​ကျန့်​"
"​ပြေပါတယ်​...ဒါ​ပေမဲ့ ဘယ်​အချိန်​ထိ အဆင်​​ပြေမယ်​ဆိုတာ သိမှမသိတာ..သူကန်​ထုတ်​လိုက်​တဲ့ အခါငါ ရုတ်​တရက် ​လွင့်​သွားတာမျိုး ဘာလုပ်​ရမှန်း မသိတာမျိုး မဖြစ်​ချင်​ဘူး...ငါ့ဘဝကို စနစ်​တကျ တည်​ 
ဆောက်​ထားချင်​တယ်​... Plan ​တွေနဲ့ သွားချင်​တယ်​..."
ရန်​ရန်​က​တော့ ဘာမှမ​ပြော​တော့ပါ.. XZ ကသာ ဦးကို ​ပြောဖို့ ကြိုးစားရပါသည်​.. ဒီရက်​ပိုင်း သူဘာ​တွေ အလုပ်​ရှုပ်​​နေသလဲ မသိ.. XZ ဆီ မ​ရောက်​ ခဲ့ပါ... ဒါ​ကြောင့်​ XZ ကပဲ.. သူ့ထံသို့ သတ္တိနည်းနည်း​မွေး ကာ ဖုန်းဆက်​ကြည့်​ရသည်​...
"Hello... ​ပြော Bunny"
"အလုပ်​ရှုပ်​​နေလား..ဦး"
"မရှုပ်​ပါဘူး...ရတယ်​... Bunny ဘာ​ပြောချင်​လို့လဲ...."
"Aww.. ကျွန်​​တော့ ​မွေး​နေ့ပြီးကတည်းက မ​တွေ့မိတာ​လေ အဲ့ဒါ​ကြောင့်​ လှမ်းဆက်​ကျိတာ.. ​မွေး​နေ့မှာ ဘာမှလဲ မ​ကျွေးဖြစ်​​သေးလို့..."
"ဘာလဲ..မုန့်​​ကျွေးချင်​လို့ ​ခေါ်တာလား..."
"ဟုတ်​..အပြင်​မှာ ဦးစားချင်​တဲ့ တခုခု ဝယ်​​ကျွေးချင်​လို့ပါ.."
"အင်း.... ကိုယ်​အပြင်​မှာ​တော့ မစားချင်​ဘူး.."
"ဗျာ..."
"ဟုတ်​တယ်​.. အိမ်​မှာပဲ စားချင်​တာ.. အိမ်​မှာပဲ ညစာ တခုခု စီစဉ်​ထား​ပေး​လေ.. ညကျကိုယ်​လာမှာပါ...
ကိုယ်​မင်းကို ဖုန်း​တောင်​ဆက်​အုံးမလို့... မင်းက နဲနဲ ဦးသွားတာ.."
XZ ရဲ့ နှုတ်​ခမ်း တဖက်​က မသိမသာ မဲ့ရွဲ့သွား သည်​.. အင်း​လေ သူက ဘယ်​တုန်းကများ မိမိနှင့်​ အ
ပြင်​တွဲသွားဖူးလို့လဲ.... အိမ်​မှာပဲ ​တွေ့ကြတာ မလား..
XZ နဲ့ အပြင်​မှာတွဲသွား တွဲလာလုပ်​ဖို့​တောင်​ သူတို့က ဝန်​​လေး ကြတာပဲ...ဒီလို လူမျိုး ထံမှ ဘယ်​အချိန်​ ဖဲ့ထုတ်​မလဲ ဆိုတာ ကြိုတင်​စဉ်းစား ထားသင့်
သောအရာတခုပဲမလား......
"Ok လား.... Bunny"
":omm... ရပါတယ်​.."
"Ok.. ဒါဆို ညကျ ဆုံကြတာ​ပေါ့... ကိုယ်​ဖုန်းချ
လိုက်​ပီ​နော်​...."
သူက နှုတ်​ဆက်​ပြီး ဖုန်းချသွားသည်​... XZ ရင်​ထဲမှာ ဘယ်​လို ​ဝေဒနာရယ်​ မ​ပြောတတ်​ဘဲ ခံစားကာ ကျန်​ ​နေခဲ့သည်​.. ကိုယ့်​ကို သိမ်​ငယ်​ရှက်ရွံ့​သလိုလဲ ခံစားလိုက်​ရ သည်​.. XZ တ​ယောက်​ ​ခေါင်းကို ​မော့ကာ..အသက်​ကို ဝဝရှူသွင်းလိုက်​သည်​... ခံစားခွင်
့မရှိ.. ပတ်​သက်​ခွင့်​မရှိ.. ရင်​နာခွင့်​မရှိ....XZ ​သွေးရူး​သွေးတန်းနဲ့ တချက်​ ရယ်​လိုက်​မိသည်​...
XZ နင်​ဘာ​တွေ ခံစား​နေတာလဲ...နင့်​လို ​ကောင်​မျိုးကို လူကြားထဲ တွဲမသွားရဲတာကို ခံစား​နေတာလား.. နင့်​ဘဝနင်​သိစမ်းပါ... ခုကစပြီး Pro ပီသ​အောင်
နေစမ်း....
XZ ဆုံးဖြတ်​ချက်​တခုကို ပြတ်​ပြတ်​သားသား ချလိုက်​ကာ.... မီးခံ​သေတ္တာထဲမှ ပိုက်​ဆံ အထပ်​လိုက်​ကို
ထုတ်​ကာ....လွယ်​အိတ်​ထဲ ပစ်​ထည့်​လိုက်​သည်​...
ပြီး​တော့ shopping mall ကို သွားကာ.. လို
ချင်​တာများ... ဝယ်​ချင်​တာ..အားလုံး ဝယ်​ခဲ့လိုက်​သည်​....
အိမ်​နဲ့ သိပ်​မ​ဝေး​သော နာမည်​ကြီး hotel တခုသို့ သွားကာ.. ဟင်းပွဲများ မှာလိုက်​သည်​.. ပါဆယ်​ ဝယ်​သည်​.. မချက်​ပါ... ဘာလို့ အိမ်​​စေတ​ယောက်​လို သူစားချင်​တာ​တွေကို ဖွယ်​ဖွယ်​ရာရာ ချက်​ပြီး
စောင့်​​နေရမှာလဲ..... ဒီလို အ​ပေးအယူနဲ့ ပတ်သက်​​နေ​ရ​သော ​ယောကျာ်းမျိုး​တွေဟာ..အစစ်​နဲ့ မတန်​ပါ..
အပြန်​တွင်​ Beauty Spa သို့ ဝင်​ကာ.. တကိုယ်​ လုံး​ပေါင်းတင်​ကာ.. ဂျီးချွတ်​သည်​.. အနည်းငယ်​ရှည်​​နေပြီဖြစ်​​သော.. ဆံပင်​ကို ခပ်​အုပ်​အုပ်​​လေး ဖြစ်
အောင်​ညှပ်​ကာ... dark brown အ​ရောင်​ တင်​လိုက်​သည်​... ပြီး​နောက်​.. မျက်​နှာကို နုအိ​နေ​အောင်​ ​ပေါင်းတင်​လိုက်​သည်​... စိတ်​တိုင်း ကျလုပ်​ပြီး​နောက်​ ​နေအိမ်​သို့ ​အေး​ဆေးပြန်​လာခဲ့လိုက်​သည်​...
ပြန်​​ရောက်​သည်​နှင့်​ ​ရေမိုးချိုးကာ.. ဝယ်​လာ​သော
အင်္ကျီများထဲမှ.. Overside Shirt အဖြူ​ရောင်​ကို ဝတ်​ဆင်​ကာ... ​ရေ​မွေးဆွတ်​လိုက်​သည်​..အင်္ကျီက ​ပေါင်​လယ်​​ကျော်​ထိ​ရောက်​သဖြင့်​ ​အောက်​၌
အောက်​ခံ​ဘောင်းဘီသာ ဝတ်​ဆင်​ထားလိုက်​သည်​..
ကိုယ့်​ကိုယ်​ကို ပြင်​ဆင်​ပြီးသည်​နှင့်​ အခန်းကို Romantic ဆန်​​အောင်​ ပြင်​ဆင်​သည်​..ဖ
ယောင်းတိုင်​​လေး​တွေထွန်းကာ.. နှင်းဆီ ရနံ့ Air Fresher ကို ဖျန်းလိုက်​သည်​...
ပြီး​နောက်​ ဝယ်​လာ​သော အစားအ​သောက်​များကို စားပွဲ​ပေါ်တင်​ကာ... ဝိုင်အပြင်းစား ​​ပုလင်းကို တင်​လိုက်​သည်​.. ပြီး​နောက်​ တီးလုံး​လေး​တွေသာ ပါ​သော သာယာငြိမ့်​​ငြောင်း​သောသံစဉ်​ကို ဖွင့်​ထားလိုက်​ သည်​..
အားလုံးပြီးသွား​တော့...Dim light ကိုသာဖွင့်​ကာ ဦးကို ထိုင်​ခုံတွင်​ ​ဝိုင်​ ​သောက်​ကာ​စောင့်​​နေလိုက်​သည်​...
XZ ဝိုင်​​သောက်​ပြီး တဝက်​ကျိုး​လောက်​တွင်​.. တံခါး.. Ps နှိပ်​သံကြားပြီး တပြိုင်​နက်​ တံခါးဖွင့်​ကာ ဝင်​လာ​သော ဦးကို​တွေ့လိုက်​သည်​..
XZ ကို​တွေ့​တော့ ရုတ်​တရက်​ အံ့သြသလို
တချက်​ဖြစ်​သွားသည်​.....
"Bunny"
""​ရောက်​လာပြီလား..."
သူက ဇ​ဝေဇဝါ ပုံစံနှင့်​ အိမ်​ထဲဝင်​လာပုံမှာ ရယ်​ချင်​စရာ ​ကောင်းလှသည်​...
"အပြင်​က ပြန်​​လာတာလား..."
"No..no..no..this is only for you.. ဦး... ခ်​ခ်​"
အနည်းငယ်​ ရီ​ဝေ​ဝေဖြစ်​​နေ​သော XZ ရဲ့ ပုံစံကို သူက နားမလည်​ဟန်​ဖြင့်​ ကျိသည်​.. ပြီး​နောက်
အခန်းပုံစံကို ကျိကာ.. လိုက်​မမီဖြစ်​​နေပုံကို XZ က သ​ဘောကျသလို တခ်​ခ်​ ရယ်​​နေ​တော့သည်​... ဆွဲ
ဆောင်​အားပြင်းထန်​​သော XZ ရဲ့ ပုံစံ ရီ​ဝေ​ဝေ မျက်​ဝန်းနဲ့ အပြုံးနှုတ်​ခမ်း.. ဝတ်​ထား​သော အင်္ကျီ​ကြောင့်​ ​ပေါ်လွင်​​နေ​သော..​ပေါင်​တံသွယ်​သွယ်​​လေးများနဲ့ အင်္ကျီကြယ်​သီး ၂​လုံး ပြုတ်​​နေ​သဖြင့်​ ပုခုံးမှ ​လျှောကျ ကာ ​ပေါ်​နေ​သော ပုခုံးသား ​ဖွေး​ဖွေး​လေးနဲ့ ညှပ်​ရိုး
ဖွေး​ဖွေး​လေးများကို အတိုင်းသာမြင်​​နေရသည်​...
"Bunny မင်း ​သောက်​ထားတာလား..."
"အွန်း...နည်းနည်း​လေး..ပိစိ​လေး.."
လက်​ညိုးကို လက်​မ​လေးနှင့်​ နည်းနည်း​လေးဟူ​သော ပုံစံလုပ်​ပြကာ..နှုတ်​ခမ်း​လေးဆူကာ..​ပြောလိုက်​​သော. ပုံစံ​ကြောင့်​ YB အသဲထဲ လှိုက်​ခနဲ ဖြစ်​သွားသည်​..
XZ က YB နားမှ ​လျှောက်​ကာ..စားပွဲ​ပေါ်မှ ဝိုင်​ပု
လင်းကို ပြန်​သွားယူကာ...ပုလင်းလိုက်​​မော့ ​သောက်​ လိုက်​သည်​.... ဝိုင်းများ ဖိတ်​လျှံကာ.. ​မေး​စေ့မှတ
ဆင့်​ လည်​တိုင်​တ​လျှောက်​စီးဆင်းလာကာ.. အင်္ကျီရင်​ဘတ်​တွင်​ ဝိုင်​အနီများ စွန်း​ပေသွားသည်​...
ပြီး​နောက်​ ပုလင်းကို ပြန်​ချကာ..နှုတ်​ခမ်းကို လျှာ​လေး နှင့်​သပ်​ကာ.. YB ပခုံး​ပေါ်တွင်​ လက်​တဖက်​တင်​ကာ..
"ဒါ​တွေ အားလုံးက ကျွန်​​တော့​မွေး​နေ့မှာ ခင်​ဗျားကို ဘာမှ မ​ကျွေးလိုက်​ရလို့ Celebrateပြန်​လုပ်​တာပါ... ဟီး..ဟီး.."
လက်​ညိုး​လေးနှင့်​ အားကို ​ဝေ့ဝိုက်​ပြကာ.
.​ပြောလိုက်​ပြီး.... မျက်​လုံး များမှိတ်​သွား​အောင်
ရယ်​ပြကာ..​ပြောပြ​နေသည်​...
"မင်း တခုခု ဖြစ်​​နေတာလား...bunny"
"Oh..no..no... မဖြစ်​ပါဘူး...ဟဲ ဟဲ ဖြစ်​ဝူး.. ဖြစ်​ဝူး.."
ခေါင်းတခါခါ လက်​ညိုးတထိုးထိုးနှင့်​​ပြော​နေ​သော...bunny တအား ချစ်​ဖို့​ကောင်း ​နေသည်​..
YB ဘယ်​လို မှ စိတ်​မထိန်းနိုင်​​တော့ပါ... ဒါ
ကြောင့်​ bunny ခါးကို တဖက်​ထိန်းကာ..​နောက်​တဖက်​ဖြင့်​ ​ခေါင်းကို ကိုင်​ပြီး အနမ်းကြမ်းကြမ်း များ ​ပေးလိုက်​မိသည်​...အတန်​ကြာ​အောင်​နမ်းပြီး သူ​လေးက အသက်​ရှူကြပ်​လာသည်​ထင်​ ရင်​ဘတ်​ကို ခပ်​ဖွဖွ ထုလာသဖြင့်​ လွတ်​​ပေးလိုက်​သည်​...
"ဦးက သိပ်​ဆိုးတာပဲ ဟွန့်​...​ရေလဲ မချိုးဘဲနဲ့..ကျန့်​ ကျန့်​ကို လာနမ်း​နေတယ်​.."
ပြောရင်း.. YB လည်​ပင်း​ပေါ်သို့ လက်​နှစ်​ဖက်​ကို
ယှက်​တင်​ကာ....မျက်​နှာချင်းဆိုင်​ ကျိ​နေပြီး YB ၏ လည်​တိုင်ကို လျှာနှင့်​ လျက်​လိုက်​...စုတ်​လိုက်​လုပ်​​နေသည်​.. YB က. XZ ကို ခွာလိုက်​ကာ..
"Bunny မင်း တခုခု ဖြစ်​​နေတာလား.."
"​ရော်​ ခက်​လိုက်​တာ.. ဘာမှမဖြစ်​ဘူး... အဲ..
အ​ပြောင်းအလဲ မကြိုဆိုရင်​ ခင်​ဗျားဟာ..ကျရှုံးသွား
လိမ့်​မယ်​.. တဲ့..အဲ့စကားကို ဘူ​ပြောတာလဲ... သိလား... သိရင်​​ဖြေ မှန်​ရင်​ အာဘွား​ပေးမယ်​..."
Bunny မှာ ဒီလို ​ပြောင်းလဲ ခြင်းအ​ကြောင်းတရား တခု​တော့ ရှိ​နေလိမ့်​မည်​...
"​ဖြေလဲ..အဲ့စကားကို ဘူ​ကြောတာလဲဆို...ဟွန့်​..
ကျန့်​ကျန့်​​မေး​နေတာကို..​ဖြေဝူး.."
YB စိတ်​ပျက်​လက်​ပျက်​နှင့်​ ​ခေါင်းကို ခါယမ်းလိုက်​သည်​... XZ ရဲ့ လက်​ကို ဆွဲကာ..Sofa ​ပေါ်သို့
ထိုင်​ခိုင်းကာ.. XZ ရဲ့ ပခုံးကို သူ့ဘက်​တည့်​တည့်​ဆွဲလှည့်​ကာ..
"Bunny မင်း​ကောင်း​နေပီလား.."
"​ကောင်း​နေပီ..ဘာကို ​ကောင်းတာလဲ.."
"ကျစ်​....​ပြောရခက်​လိုက်​တာ...ကဲ..ကဲ..ခဏ​နေအုံး..
ကိုယ်​​ရေချိုးလိုက်​အုံးမယ်​...ထပ်​မ​သောက်​နဲ့​တော့.. ဟုတ်​ပြီလား..."
ပြောပြီး YB လှည့်​ထွက်​မည်​အပြု XZ က သူ့ရဲ့ လက်​​ကောက်​ဝတ်​ဆီသို့ ဖျတ်​ခနဲ ဆုပ်​ကို်င်​လာသည်​..
သူက ချာခနဲ လှည့်​ကျိလိုက်​လျှင်​ ရီ​ဝေ​ဝေမျက်​ဝန်းတစုံနှင့်​ ဆုံသည်​...ထိုင်​လျက်​သားနဲ့ သူ့ကို​မော့ကျိ​နေ​သော.. သူ​လေးရဲ့ ပုံစံက သူ့ကို စိတ်​ကြွ​စေပါ သည်​..
သူ​လေးက ကျိ​နေရင်းမှ မတ်​တပ်​ထလာကာ... မိမိ
နှုတ်​ခမ်းကို ဖိကပ်​နမ်းလိုက်​ကာ...
"မြန်​မြန်​ချိုး​နော်​... ကျန့်​ကျန့်​​စောင့်​​နေမယ်​... ​"
ပြောပြီး YB နှုတ်​ခမ်းကို လျှာနှင့်​ လျက်​လိုက်​ကာ..
ပြန်​ထိုင်​သွားသည်​.....
သူက ​ခေါင်းညိတ်​ကာ.. ​ရေကို သွက်​သွက်​​ပြေး ချိုး
လိုက်​သည်​... ​ရေချိုး​နေရင်းမှ bunny ​ပြောင်းလဲ တာကို အံ့သြတာက သပ်​သပ်​ ရီ​ဝေယစ်​မူးဖို့​ကောင်း
သောအဖြစ်​အပျက်​ကို ရင်​ခုန်​တာက သပ်​သပ်​ ခံစား
ချက်​​တွေက ​ရော​ထွေးလို့​နေသည်​... ​ယောကျာ်း ဆိုတာက ​ယောကျာ်းပဲ​လေ.. သူက အ​တွေးနှင့်​ ​ကျေနပ်​စွာ ပြုံးပြီး ပြန်​ထွက်​လာချိန်​မှာ​တော့ Bunny က Sofa ​ပေါ်တွင်​ အိပ်​​ပျော်​​နေ​လေပြီ..
သူ့မှာသာ...စိတ်​ပျက်​လက်​ပျက်​နှင့်​...ငိုရခက်​ ရယ်​ရ ခက်​ဖြစ်​ သွားသည်​...

My Special One💗💗 (Completed) #Z & U#Where stories live. Discover now