My Special One 😘

7.2K 525 3
                                    

Zawgyi
Part 14

ရန်​ရန်​သာ...ဖဲကို မက်​မက်​​မော​မော​ဆော့ပြီး မနိုင်​ခဲ့ ရင်​.. နိုင်​ခဲ့​သော်​ငြားလည်း XZ ကို Hotel မှာ တက်​​ကျွေးရတဲ့ထိ သဒ္ဓါတရား မ​ပေါက်​ခဲ့လျှင်​.. Hotel မှာ ​ကျွေး​သော်​ငြားလဲ W. Hotel ကို
မ​ရွေးခဲ့လျှင်​ XZ ရဲ့ စိတ်​ကို ဆူးကဲ့သို့ စူး​စေမည့်​ ရုပ်​ရှင်​ပြကွက်​​လေးတခုအား မြင်​​တွေ့ခဲ့ရမည်​မဟုတ်​​ပေ..
ရန်​ရန်​သည်​... ​လောင်းကစားကို ဝါသနာပါကာ.. 
လောင်းကစားများထဲမှ ဖဲ ကစားခြင်းကို ခုံမင်​သူ ဖြစ်​သည်​... ယခုလဲ ကာစီနိုတွင်​ ဖဲ Yuan ၂သောင်း
နိုင်​သဖြင့်​ Wang group ပိုင်ဆိုင်​​သော W.Hotel ရဲ့ Restaurant ​ထောင့်​ဆုံးဝိုင်း
တွင်​ ရန်​ရန်​နှင့်​အတူ Dinner စား​နေခြင်းပင်​...
အဲ့ဒီအချိန်​ စကား​ပြောရင်း တ​နေရာကို လှမ်းကြည့်​မိလိုက်​လျှင်​ XZ ၏ မျက်​လုံးမြင်​ကွင်းထဲသို့ စုံတွဲတတွဲ က ဝင်​လာသည်​.. အမှတ်​တမဲ့ ကြည့်​မိ​တော့ ထိုစုံတွဲက ​တော်​​တော်​လိုက်​ဖက်​တာပဲလို့ ​ကောက်​ချက်​ချမှု
ဘယ်​သူဘယ်​ဝါမှန်း ​သေချာမကြည့်​မိခင်​ထိဖြစ်​သည်​.
ဘယ်​သူဘယ်​ဝါမှန်း သဲသဲကွဲကွဲ မြင်​လိုက်​ရ​သော အခါ XZ ရဲ့ နှုတ်​ခမ်းများက ပွင့်​ဟသွားသည်​..
"ဦး"
အဲ့အသံက နှုတ်​ဖျားက ထွက်​တယ်​ဆိုရုံ​လေး ထွက်​သည်​ဖြစ်​လျက်​ အစားမက်​​နေ​သော ရန်​ရန်​ ကြားနိုင်​မည်​မဟုတ်​​ပေ..
ဦးက တကိုယ်​လုံး နက်​​စွေး​နေ​သော Suit ကို ဝတ်​ဆင်​ထားပြီး ခါတိုင်းထက်​ကျိ​ကောင်း​နေသည်​.. အမျိုး သမီးက​တော့ ဦးနှင့်​ရွယ်​တူ​လောက်​ဖြစ်​နိုင်​ကာ.. ဦးရဲ့ လက်​ကို တွဲချိတ်​ကာ ဝင်​လာသည်​..
သူမက Elegant ဖြစ်​​အောင်​ Fashion ကို ပြင်​ဆင်​ထားသည်​... ဖြူစွတ်​​နေ​သော ဇာဂါဝန်​ဒူးဖုံး ​လေးက အ​တော်​တန်​ဖိုးကြီးမည့်​ ဝတ်​စုံမျိုးပါပဲ... မျက်​နှာ
လေးကို သဘာဝ​ဆန်​ဆန်​ ပြင်​ဆင်​ထားသည်​က သူမရဲ့အလှကို ပို၍​ပေါ်လွင်​​စေသည်​...
သူမက စားပွဲထိုင်​တာ​တောင်​ ဦးရဲ့ လက်​ကို မဖြုတ်
ချင်​ ဖြုတ်​ချင်​ဖြင့်​ ဖြုတ်​လိုက်​ရသည့်​ပုံ.. XZ ရဲ့ ရင်​ထဲမှာ မုန်​တိုင်းအ​သေးစားတခု ဝင်​​ရောက်​​နေသလို လှုပ်​ ခတ်​​နေသည်​... ဘာ​ကြောင့်​ ဒီလိုဖြစ်​​နေလဲ ဆိုတာ ကိုယ့်​ကိုယ်​ ကိုလဲ မသိပါ.. ​ပြောရလျှင်​ ကိုယ့်​ချစ်​သူ ကို ​နောက်​တ​ယောက်​နဲ့ တွဲခုတ်​​နေတာ ​တွေ့သွား​သော Feeling မျိုး ခံစား​နေရတယ်​ ဆိုရင်​ XZ ကို ရူးသွားပြီလို့ ​ပြောကြမှာလား..
ကျွတ်​...​သေစမ်း XZ ဒါက မိုက်​မဲခြင်းပဲ...
"ငါ​လေ...မ​နေ့ညက ဆက်​ရိုက်​ချင်​​သေးတာ.. ဒါ​ပေမဲ့ ငါနဲ့ အတူ​ဆော့တဲ့ သူ​တွေက အရမ်းနိုင်​​နေပီ..ရပ်
လိုက်​​တော့ မဟုတ်​ရင်​ ပြန်​ရှုံးသွားမယ်​​ပြောကြလို့ ငါ ရပ်​လိုက်​တာ..သိလား.... ဟဲ့.. ငါ​ပြောတာကြား လားကျန့်​ကျန့်​..နင်​ဘာ​တွေ​ငေး​နေတာလဲ.."
ရန်​ရန်​က XZ မျက်​လုံး​ရှေ့တွင်​ လက်​ကို ​ဝေ့ရမ်း
လိုက်​​တော့မှပဲ XZ မျက်​​တောင်​ခတ်​မိသွားသည်​.. ဘယ်​လို လှိုက်​တက်​လာ​သော ဝမ်းနည်းစိတ်​​ကြောင့်​ မသိ XZ ရဲ့ လည်​​ချောင်းထဲက အသံက မထွက်​ဘဲ  အက်​ကွဲ ဆို့နင့်​စွာ ​ပျောက်​ကွယ်​သွားသည်​...
"ဟဲ့ နင်​ဘာဖြစ်​​နေတာလဲ.."
အကင်းပါး​သော ရန်​ရန်​က XZ ကျိရာ သို့ လိုက်​ကျိ
လိုက်​လျှင်​ မြင်​ကွင်းကို မြင်​သွားသည်​... ရန်​ရန်​လဲ XZ လိုပဲ အံ့သြစွာနှင့်​ ​ငေးမိပါသည်​...
ခဏ​နေ​တော့မှ မျက်​​တောင်​ကို ပုတ်​ခတ်​ပုတ်​ ခတ်
လုပ်​ကာ XZ ကို ကျိလာသည်​.. XZ က ဘာမှ မ
ပြောဘဲ ပင့်​သက်​ရှိုက်​ကာ ​ရှေ့က ဝိုင်​ခွက်​ကို အသာ
မော့လိုက်​သည်​..
"နင်​ ဘယ်​တုန်းကတည်းက မြင်​တာလဲ.."
ရန်​ရန်​ သက်​မဲ့ ရုပ်​တုကဲ့သို့ ဖြစ်​သွား​သော XZ ကို စကားစလိုက်​သည်​...
"သူတို့ ဝင်​လာကတည်းက.."
"ငါတို့ကို မမြင်​​လောက်​ပါဘူး​နော်​.. နင်​သွားနှုတ်​ဆက်​ မလား ကျန့်​ကျန့်​"
"ငါက ဘာဆိုင်​လို့ နှုတ်​ဆက်​ရမလဲ.."
ခဏက ရန်​ရန်​နှင့်​ XZ တို့၏ စကားသံတို့ဖြင့်​ သာယာ​နေ​သော ထမင်းဝိုင်းမှာ တမုဟုတ်​ချင်း 
ခြောက်​ကပ်​တိတ်​ဆိတ်​သွားသလို ခံစားရသည်​... XZ ကို ရန်​ရန်​က နားလည်​သလို တချက်​ကျိကာ..
"နင်​ ဘာဖြစ်​​နေတာလဲ..ကျန့်​ကျန့်​.."
"ငါက ဘာဖြစ်​​နေလို့လဲ..."
"ငါ့ကို လာပြီး ဖုံးကွယ်​မ​နေနဲ့... ငါက နင့်​ကို အရှိ
အတိုင်းမြင်​တဲ့သူ.. နင့်​စိတ်​ထဲ ထိခိုက်​ခံစား သွား
တယ်​မလား..ဟင်​ ကျန့်​ကျန့်​ အဲ့ဒါဘာလို့လဲ သိလား..
နင်​ Wang သူ​ဌေးကို ချစ်​မိ​နေပြီမို့ပဲ.."
"ဟင်​.. မဖြစ်​နိုင်​တာ.."
အဲ့စကားကို XZ ​သွေးရူ​သွေးတန်းနဲ့ ​ရေရွတ်​လိုက်​သည်​.. ရန်​ရန်​က XZ ကို ဂရုဏာသက်​သလို ကျိ
သည်​....မဖြစ်​နိုင်​ပါဘူး... ဦးကို ချစ်​​နေတယ်​ဆို တာ ဘာလို့ ဖြစ်​နိုင်​မှာလဲ... သူ့ကို XZ ချစ်​စရာ ဘာ
အ​ကြောင်းရှိလဲ.. David လို လူမျိုးကိုသာ ချစ်​ရင်​ ချစ်​မှာ​ပေါ့....
ဒါ​ပေမဲ့ ကိုယ့်​ခံစားချက်​ကို ပြန်​​ကြောက်​​နေရသည့်
ကိစ္စမျိုးက အဲ့လိုဆိုးဝါးတဲ့ အဖြစ်​မျိုးနဲ့ နီးစပ်​မလား.. ဦး နဲ့ ဂုဏ်​ရည်​တူ အဆင့်​တူ မိန်းမတ​ယောက်​နှင့်​ ချစ်​ခင်​ ရင်းနှီးစွာ ​တွေ့ရခြင်းဟာ XZ ရဲ့ရင်​ကို မီးစနှင့်
စိုက်​ထိုးထားသည့်​နယ်​ ပူ​လောင်​စူးနင့်​​စေသည်​လေ..
"အဲ့ဒီမိန်းမကြည့်​တာ Wang သူ​ဌေး အ​ပေါ်အရည်​​ပျော်​​နေတဲ့ မျက်​လုံး​တွေနဲ့...."
XZ ကအမှတ်​မရှိစွာ ကြည့်​မိပြန်​သည်​..
ချစ်​စဖွယ်​​ကောင်း​အောင်​ မူနွဲ့ပြ​နေ​သော ထိုမိန်းမ၏ ပုံရိပ်​ကို ​တွေ့လိုက်​ရသည်​...အဲ့ဒါကို ​တွေ့​တော့မှပဲ သူဦးကို တခါမှ မချွဲဖူးတာ သတိရသည်​...
"သူက​ရော..."
"အင်း..Wang သူ​ဌေးက​တော့ ပုံမှန်​ပါပဲ..ဒါ​ပေမဲ့ သူတို့ ​တော်​​တော်​ရင်းနှီးတဲ့ ပုံ​ပေါက်​တယ်​​နော်​...
အဲ့ဒီမိန်းမက ဘယ်​သူလဲ မသိဘူး.. ဒါက စုံစမ်းလိုက်​ရင်​ လွယ်​ပါတယ်​..ငါစုံစမ်း​ပေးမယ်​...ကျန့်​ကျန့်​.."
"​နေပါ ဟာ..စုံစမ်းပြီးဘာလုပ်​မှာလဲ.."
"အမ်​..ဘာလုပ်​ရမှာလဲ.. သိထားရမှာ​ပေါ့.. ဒီမှာ ကျန့်​ကျန့်​ နင့်​စိတ်​ထဲမှာ Wang သူ​ဌေးကို တကယ်​ချစ်​တယ်​ဆိုရင်​ သူ့ကို ပိုင်​ဆိုင်​​အောင်​ ကြိုးစားဖို့ဆိုတာလဲ လိပ်​ပြာသန့်​လို့ရတယ်​... နင်​ ဒီဘဲ ကြီးကို တကယ်
ကြွေသွားတာ​ပေါ့..ဟုတ်​လား..​ပြောစမ်း ဘယ်​ချိန်​ကတည်းက ​ကြွေ​နေတာလဲ..ဟမ်​.."
ဘယ်​ချိန်​ကတည်းက ​ကြွေ​နေတာလဲ...အဲ့ဒါ​တော့ XZ မ​ပြောတတ်​.. ဒါ​ပေမဲ့ ဦးနဲ့ ပတ်​သက်​လာလျှင်​ အလုပ်​အရ သ​ဘောမထားနိုင်​ဘဲ ခံစားချက်​​တွေ
ပါဝင်​လာတာဟာ ကြာပီပဲ... ဒါကို XZ အချစ်
နှင့်​မတွဲစပ်​မိတာဖြစ်​သည်​... ဒါ​ပေမဲ့လဲ ဒါက အချစ်​ ဟုတ်​ပါမလား​လေ...
"ငါ့ကို ငါလဲ မသဲကွဲ​သေးပါဘူးကွာ.."
"ငါ​မေးမယ်​..သူနဲ့​တွေ့တဲ့အချိန်​တိုင်းမှာ ဘယ်​လို​နေလဲ.."
ဘယ်​လို​နေလဲတဲ့... XZ က ခပ်​လှမ်းလှမ်းက သူ့ကို ဆွတ်​ပျံ့စွာ လှမ်း​ငေးမိသည်​.. ကြည်​လင်​ရှင်းသန့်​​နေတဲ့ သူ့ကို အ​ဝေးက လှမ်းကြည့်​တာ​တောင်​ ​နွေး​​ထွေးလုံခြုံ​နေတာမျိုး​လေ..သူ့ရဲ့ သံလိုက်​စက်​ကွင်းက ဒီနားထိ​ရောက်​လာကာ ရစ်​ပတ်​ဆွဲငင်​ထားသလိုမျိုး.. ရင်
ခွင်​ဟာ..နာကျင်​ရင်းနဲ့ကို ​ကျေနပ်​​နေသလိုဖြစ်​​နေတာဟာလည်း အချစ်​ရဲ့ ရူးသွပ်​မှု တခုပဲဖြစ်​လိမ့်​မည်​..
"သူ့ ရဲ့ ​bell သံကြားတာနဲ့တင်​ ငါ့နှလုံးသား​တွေ အရမ်းခုန်​လာတယ်​.. သူ ငါ့နားကို ​ရောက်​လာရင်​ အင်​ပါယာကြီး တခုထဲ ဝင်​သွားရသလိုပဲကြီးကျယ်​ခမ်းနား တယ်​... ပြီး​တော့ ငါထင်​ပါတယ်​..သူငါ့ကို Sex ကိစ္စချည်းပဲ ဦးစား​ပေးဆက်​ဆံတာ မဟုတ်​ဘူးဆိုတဲ့ အသိက...အင်း အဲ့ဒါများငါခံစားသွားမိတဲ့ အချက်​လား
မ​ပြောတတ်​​တော့ပါဘူး..ရန်​ရန်​ရာ..."
"ဘယ်​လို ပဲဖြစ်​ဖြစ်​ လူတ​ယောက်​ကို ချစ်​မိသွားတယ်​ဆိုတဲ့ ခံစားချက်​က သိသာပါတယ်​...ခုသူ့ကို အခြား တ​ယောက်​နဲ့ တွဲ​တွေ့ရတာနှင့်​ ရင်​ထဲက ပူ​လောင်​တယ်​မလား.. အဲ့ဒါက ဘာလို့ပူ​လောင်​တာလဲ သိလား"
"အချစ်​​ကြောင့်​လား..."
"တစိတ်​တပိုင်းအားဖြင့်​​တော့ အချစ်​​ကြောင့်​​ပေါ့.. တကယ်​​တော့ Confidence မရှိတာ​ကြောင့်​ ပဲ.."
ရန်​ရန်​က ကျွမ်းကျင်​ပညာရှင်​နယ်​​ပြောသည်​... အင်း
ပေါ့​လေ...တကယ်​လဲ သူဟာ ​XZ နှင့်​ယှဉ်​ရင်​​တော့ ကျွမ်းကျင်​အဆင့်​ပါပဲ...
"Confidence မရှိတာ.."
"ဟုတ်​တယ်​.. သူ့အချစ်​က ကိုယ့်​လက်​ထဲမှာ ပိုင်​ပိုင်
နိုင်​နိုင်​ ရှိ​နေတယ်​လို့ ယုံကြည်​ချက်​ရှိရင်​​တော့ အဲ့လို ပူ​လောင်​တာ​တွေရှိမှာ မဟုတ်​​တော့ဘူး..."
XZ က ဆတ်ခနဲပဲ ဟိုမိန်းမရဲ့ မျက်​နှာကို လှမ်း
ကြည့်​မိသည်​... အဲ့မိန်းမမျက်​နှာက Confidence ရှိတဲ့မျက်​နှာလား... မဟုတ်​နိုင်​ပါ...
မိမိသည်​.. ​ယောကျာ်း​လေး ဖြစ်​သည်​ဆို​​သော အချက်​ နဲ့တင်​ Confidence ဆိုတာ..မရှိ​တော့ပါ.... ထို
မိန်းမသည်​..လှသည်​...ထက်​မြက်​ပုံ​ပေါ်သည်​... ဦး
နှင့် တွဲ ရန်​ အလိုက်​ဖက်​ဆုံး တ​ယောက်​ဖြစ်​သည်​..
မိမိသည်​...သူ့အတွက်​ အသစ်​အဆန်းအ​နေဖြင့်
ခဏတွဲ​သော သူတဦးသာဖြစ်​သည်​...
တွေး​နေရင်း ​အေးစက်​​သော လက်​တဖက်​ကို ဖျတ်​ခနဲ လာ​ရောက်​ဆုပ်​ကိုင်​ခြင်း ခံလိုက်​ရ​သော အခါ XZ လန့်​​တောင်​ သွားရသည်​...
ကြည့်​လိုက်ေ​တာ့ ​တောက်​ပစွာ စိန်​​ခေါ်​နေ​သော မျက်​လုံး များဖြင့်​စိုက်​ကြည့်​​နေ​သော ရန်​ရန့်​ကို ​တွေ့ရသည်​...
ရန်​ရန်​ ​ပြော​သောစကားများက ဟုတ်​​သော်​ရှိ မဟုတ်
သော်​ရှိ XZ အတွက်​​တော့ ရူးသွပ်​ချင်​စရာ အတိ
တည်း...

My Special One💗💗 (Completed) #Z & U#Where stories live. Discover now