3

4.1K 256 3
                                    

🚨🚨🚨🚨🚨

Unicode

ရှောင်းကျန့် အိပ်ရာနိုးလာတော့ ခါးနားမှ တင်းနေအောင် ဖက်ထားခြင်းခံရသည်....

ငုံ့ကြည့်လိုက်တော့ မိမိနှင့်ဆင်တူဝတ်ဆင်ထားတဲ့ လက်စွပ်ပိုင်ရှင်လေး...

ရှောင်းကျန့် ပြုံးလိုက်ကာ... အနည်းငယ်ရုန်းပြီး မျက်နှာချင်းဆိုင်ကို လှည့်လိုက်သည်...

အမြဲတမ်းတည်ကြည်ခန့်ညားသော မျက်နှာက အိပ်နေရင်းတောင်ချောမော နေသည်...

အတူအိပ်ခဲ့တာကြာပြီဖြစ်သော်လည်း ယခုလို အသေးစိတ်ကြည့်ခဲ့တာမျိုး မရှိခဲ့...

အရင်တုန်းက​တော့ ၂ ဦးလုံးက လိုအပ်ချက်တွေသာ ရှေ့တန်းတင်ခဲ့ကြတာမို့... ခုလိုကြည်နူးနေရန် အခွင့်မသာခဲ့....

ခု​တော့ ၂ ယောက်လုံးအချစ်ကြီး ချစ်မိနေ့ကြပြီမို့... အမှတ်တရပေါင်းများစွာနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေး ဖြစ်လာခဲ့ရပြီ...

ရှောင်းကျန့် ဦးမျက်နှာကို တို့ထိ ကိုင်တွယ်ကာ အတွေးယာဥ်ထဲ နှစ်မြောနေခိုက်...

ရုတ်တရက် မျက်လုံးပွင့်လာတဲ့ဦး...

ရှောင်းကျန့် ရှက်ရှက် နှင့် လက်ကို အလျင်အမြန်ဖယ်လိုက်တော့ ဦးက ပြုံးသည်..

"ကျန့်ကျန့်​ ကြောင့် ဦးနိုးသွားတာလား...."

"ဟင့်အင်း...ကိုယ်နိုးနေတာကြာပြီ... ကလေးအိပ်နေတာမို့ ကိုယ်လှုပ်လိုက်ရင် နိုးသွားမှာစိုးလို့....."

ကျန့်ကျန့်သေချာကြည့်လိုက်မှ မိမိခေါင်းအုံးထားတာက ဦးရဲ့ လက်မောင်းတဖက်...

ကျန့်ကျန့် ငုတ်တုတ်ထ ထိုင်လိုက်ပြီး..

"အယ်...ဦးက ကျန့်ကျန့်ကို နှိုးလိုက်တာ မဟုတ်ဘူး...ညောင်းနေမှာပေါ့..."

ဦးက လက်တဖက်ကို ခေါင်းနှင့်ထောက်၍ တစောင်းလှဲကာ ကျန့်ကျန့်ကို ပြုံးကြည့်နေသည်...

"ကလေး... ဒီနေ့ အပြင်လည်ချင်လား..."

ရိပေါ်ပြောလိုက်တော့ မျက်လုံးလေး လက်ခနဲဖြစ်သွားကာ..ခေါင်းတဆတ်ဆတ်နဲ့ ငြိမ့်ပြသည်...

My Special One💗💗 (Completed) #Z & U#Where stories live. Discover now