My Special One 😍

10.1K 714 7
                                    

Unicode

တင်းတောင်....တင်းတောင်...ဘဲလ်သံကြားပြီး ခဏကြာသော်..တံခါးကို လာဖွင့်သံ
ကြားရသည်...တံခါးသာဖွင့်ပြီးနောက်..

"ဟယ်..ကျန့်ကျန့်...အိမ်ကိုလာတာလား....ပေးပေး လက်က အထုပ်တွေ..."

"ဟုတ်..ကျဲ..ဆိုင်က ပိတ်ထားတာလား..အိမ်မှာရှိနေတာဆိုတော့..."

"မပိတ်ပါဘူး...မားဆီသွားမလို့..ခဏပြန်လာတာ.. ကလေးတွေ ကျောင်းပိတ်ရက်မို့.. ကျန့်ကျန့် လည်းတခါထဲ သွားရအောင်လေ"

ကျဲပြောစကားကြောင့် ကျန့်ကျန့်ဝမ်းနည်းသွားလေသည်.မိမိအိမ်ကို မိမိက သူဌေးရဲ့ အတွင်းရေးမှူးလို့သာ..ပြောထားသည်...ခုလို လုပ်ပေးသည်ကလဲ..မိမိ သူဌေးဆီမှ ပိုက်ဆံချေးကာ..လုပ်ပေးထားခြင်းဖြစ်သည်.ဟု ညာထားသည်..

မားကို မသိစေချင်ပါ...မားကို တွေ့ရင်..ကျန့်ကျန့် ဟန်ဆောင်နိုင်မည်မဟုတ်ပေ..ထို့ကြောင့်...

"တော်ပြီ..ကျဲ မလိုက်တော့ဘူး...ဒီနေ့ ကျန့်ကျန့်က ခဏအနားရလို့ လာတာ...မားကို ပြောပေးပါ
ကျန့်ကျန့် အရမ်းသတိရတယ်လို့...အလုပ်အားတာနဲ့ လာမယ်လို့...."

"အော်...အင်းပါ..ကျန့်ကျန့်လည်း ကျန်းမာရေးဂရုစိုက်နော်...ပိန်သွားတယ် ကျန့်ကျန့်လေး...ပြီးတော့ ကျဲ ကျေးဇူးတင်ပါတယ်..."

ပြောကာ..ကျန့်ကျန့်ကို ဖက်ကာ..ငိုလေသည်..

"ကျဲကလဲ..မငိုပါနဲ့...ကျွန်တော် ပြန်တော့မယ်... အလုပ်ရှိသေးတယ်..ကျဲ.."

XZ ညာလိုက်သည်...ကြာကြာနေရင် အမှန်အတိုင်းဖွင့်ပြောပြီး..ငိုမိမှာစိုး၍...ကျဲကို နှုတ်ဆက်ကာ..ပြန်လာခဲ့လေသည်....

TV channel မှလာနေသော..Koreaအိမ်ထောင်ရေးဇာတ်ကာ... ကြည့်နေရင်း..XZ အတွေးများနေ လေသည်...ထိုစဉ်...

တင်းတောင်....တင်းတောင်...

XZ ထိတ်ခနဲ ဖြစ်သွားကာ...ဘယ်သူပါလိမ့်ဟု စဉ်းစားမိသည်...မိမိဒီကိုရောက်တာ..တပတ်တောင်
မပြည့်သေး.. YB ဆိုရင်လဲ သူက အခန်း Passcode သိသောသူ....ဘဲလ်တီးနေမည်မဟုတ်...အခြားမည်သူဖြစ်နိုင်သနည်း..ဟု တွေးရင်း...Security Door Lock ကို ဆွဲဖွင့်လိုက်လေရာ..

My Special One💗💗 (Completed) #Z & U#Waar verhalen tot leven komen. Ontdek het nu