My Special One 😘

11K 605 11
                                    

Unicode

အဲ့ဒီအဖြစ်ပျက်တွေဖြစ်ပြီး တပတ်ကျော်သည်အထိ ဦး ထံမှ ဆက်သွယ်မှု တစုံတရာ မရရှိတော့ပါ...

David ကတော့ နေကောင်းလားလို့ သာကြောင်း မာကြောင်း ဖုန်းဆက်မေးပြီး အဆက်သွယ်မရှိတော့..

ရှောင်းကျန့် တယောက် ဘာကို နားလည်ပြီး နေရမယ်မှန်း မသိဘဲ တယောက်ထဲ ချောက်ချားသော ညတွေကိုဖြတ်ကျော်ခဲ့ရသည်.....

ဒါပေမဲ့ တရက်မှာတော့ David က ဖုန်းဆက်ကာ အပြင်မှာတွေ့ရန် ချိန်းသည်.

ရှောင်းကျန့် သည် David ဆီက ဘာများသိရမလဲဟူသော စိုးရိမ်စိတ်တထိတ် ထိတ်
ဖြင့် သွားခဲ့သည်...

David ပုံစံက အေးအေးဆေးဆေး ကြည်ကြည်သာသာပါပဲ...

"ကျွန်တော် Zhan Ge ကို နှုတ်ဆက်ရင်း မုန့်ကျွေးချင်လို့လည်း ပါတယ်.. မနက်​​ဖြန် ကျွန်တော် ပြန် တော့မယ်လေ..."

"Aww ဟုတ်လား.."

"ဟုတ်တယ်.. ကြားထဲမှာလဲ အလုပ်ရှုပ်နေတာနဲ့ Zhan Ge နဲ့တွေ့ဖို့တောင် အချိန်မပေးနိုင်ဘူးဖြစ် နေတာ... ခုတော့ ကျွန်တော် Zhange အတွက် အဖိုးတန် လက်ဆောင်တခုပေး ခဲ့မလို့..."

"ဗျာ... ဘာပေးမှာလဲ.. ကိုယ် ဘာမှမလိုချင်ပါဘူး.. တန်ဖိုးကြီးတာတွေ မပေးပါနဲ့.. David"

"ဟက်... တန်ဖိုးဆိုတာ လူတွေရဲ့ သတ်မှတ်ချက်ပါ.. ကဲ ဒီ Stick လေးကို တန်ဖိုးကြီးတဲ့ အရာတခု လို့ Zhan Ge သတ်မှတ်အုံးမှာလား.."

David က ရှောင်းကျန့် ရဲ့ ရှေ့သို့ Stick လေးတခု ချပေး လိုက်သည်.. ရှောင်းကျန့် က David ကို နားမလည် သလို မော့ကြည့်မိသည်.. David က ငြိမ်း ချမ်းသော အပြုံးနဲ့ ပြန်ကြည့်နေသည်...

"သာမန်အားဖြင့်တော့ ဒီ Stick လေးက ဘာမှ မဟုတ်ဘူးပေါ့... ဒါပေမဲ့ တန်ဖိုးကြီး တစုံတခုပါနေတယ်...Zhan Ge အတွက်လဲ တန်ဖိုးဖြတ်နိုင်မှာမဟုတ်ဘူး... ဒါလေးကို Zhan Ge ပျော်ရွှင်အောင် ကျွန်တော် လက်ဆောင်ပေးပါရစေ..."

David က Stick လေးကို ရှောင်းကျန့် လက်ထဲသို့ တွန်းပေးလိုက်သည်... သူ့စကားကို နားမလည်ပေမဲ့လည်း တယောက်ရဲ့အေးချမ်းမှုက တယောက်ထံသို့ ကူးစက်တဲ့ သဘောရှိလားတော့ မပြောတတ်.. David ပေးသော Stick လေးကို ရှောင်းကျန့်က တုန်ယင်သော လက်များဖြင့် အသာလှမ်းယူလိုက်သည်...

My Special One💗💗 (Completed) #Z & U#Where stories live. Discover now