My Special One😍

9K 655 4
                                    


Unicode

"Dollar ဈေးတွေ တက်လာလိမ့်မယ်လို့..သတင်းကြားတယ်နော်...ကျန်းချန်..လက်ထဲ
ထည့်ထားဦး..."

ရိပေါ် နှင့် ကျန်းချန်... Golf ရိုက်ပြီးလို့.. Spa ဝင်ပြီး Shiatsu Massage လုပ်နေကြခြင်းဖြစ်သည်... ရိပေါ်က Golf ရိုက်ခြင်းကို ဝါသနာ သိပ်မပါ... ကိုယ်လက်လှုပ်ရှားမှုများသော..အားကစားကို သာ နှစ်သက်သူဖြစ်သည်...သို့သော် လုပ်ငန်းသဘောအရ လူကြီးများနှင့် ဆုံသောအခါ တခါတရံရိုက် ခြင်းဖြစ်သည်....

"အင်း... ထည့်တော့ ထည့်ထားရမယ်...ဒါပေမဲ့..ဈေးကွက်လိုအပ်ချက်ကြောင့် မဟုတ်ဘဲ စွဲတင်တာမျိုးဆိုရေရှည်မတတ်နိုင်ဘူး....ထားပါဗျာ..အဲ့ဒါတွေ..ဒီပုံအတိုင်းဆို မင်းကတော့ China မှာ..အချမ်းသာဆုံး လုပ်ငန်းရှင်ဖြစ်လာဦးမယ်..."

"ဘာလို့လဲ..ကျန်းချန်ကလဲ.."

"ဟုတ်တယ်လေ...ခု ငါတို့ relax ယူနေတဲ့အချိန်တောင် မင်းက လုပ်ငန်းအကြောင်းပဲပြောနေတာကို... အရမ်းလဲ စီးပွားရေးသောင်းကျန်းမနေနဲ့... မင်း...နောက်မှာ မင်း ကျွေးမွေးနေရမဲ့..ဇနီးသားမယားရှိတာလဲ မဟုတ်..."

"အင်းပါကွာ...."

"ဒါနဲ့.ရိပေါ် မင်း အိမ်ထောင်မပြုတော့ဘူးလား...."

"ပြောရရင်တော့..ရယ်စရာများဖြစ်နေမလား မသိဘူး... ငါက တကယ်ချစ်ရတဲ့ သူကို မှ လက်ထပ်ချင်တာ... ဟက်..ဟက်.."

သူ့ရဲ့ ရယ်သံမှာ..နာကြည်းရိပ်စွက်နေတာ..ဘဝကို ခပ်လှောင်လှောင် လုပ်ချင်တာစသဖြင့်.. ဒါတွေက
ကိုယ်တိုင်ပဲသိပါမည်...

"ဆိုလိုတာက..မင်း အရင်က လက်ထပ်ခဲ့တဲ့..သူက မင်း ချစ်လို့ မဟုတ်ဘူးပေါ့...."

ရိပေါ်မျက်လုံးထဲတွင်...ညို့အားပြင်းကာ..စွဲမက်ဖွယ်အလှတရားများနဲ့..
ပြည့်စုံသော..ကျဲ ယွီအာ ကို မျက်လုံးထဲ မြင်ယောင်မိသည်....သူ ကျဲ ယွီအာကို မချစ်ခဲ့ဘူး ထင်တာပဲ...လှပတဲ့..မိန်းမတယောက်ကို စွဲလမ်းမိတဲ့စိတ်တော့ ရှိခဲ့ဖူးမှာပါ....ဒါပေမဲ့..ဒါကို အချစ်လို့မသတ်မှတ်ချင်ပါ...ရင်ခုန်တတ်စအရွယ် ယောကျာ်းလေး ၁ယောက်က ကိုယ့်ထက်အသက်ကြီးတဲ့..သူကိုရင် ခုန်တတ်ကြတာပဲမလား....

My Special One💗💗 (Completed) #Z & U#Where stories live. Discover now