7

3.6K 240 5
                                    

Unicode

ကျန့်ကျန့် ကိုယ်ဝန်ရှိတာကို သိပြီးနောက်ပိုင်း ဦးက ကုမ္ပဏီကို မသွားတော့ပဲ....အိမ်မှာနေပြီး လုပ်စရာရှိတာ လုပ်တော့သည်..... အရမ်းအရေးကြီးသော အစည်းအဝေးရှိမှသာ ကုမ္ပဏီကိုသွားသည်...... ပြီးတာနှင့် ချက်ချင်းပြန်လာကာ... ကျန့်ကျန့်ရဲ့ တနေ့သာကို အိမ်အကူ ကောင်မလေးများကို မေးမြန်းသည်.....

ကျန့်ကျန့်ကို အရင်ကဂရုစိုက်တာထက် ပိုပြီးဂရုစိုက်သည်....
ခုဆို ကျန့်ကျန့်က ဘာမှမလုပ်ရပဲ စားလိုက်အိပ်လိုက်ဖြင့် ဝက်လုံးလေးနဲ့ပင် တူနေပြီ....

Design လုပ်ငန်းကိုလည်း ကျန့်ကျန့်၏ အတွင်းရေးမှူးလေးကိုသာ အပ်ထားရသည်....

ပုံဆွဲစရာရှိမှသာ ကျန့်ကျန့်က အိမ်မှာဆွဲသည်...

ခု ကိုယ်ဝန်က ၇ လထဲရောက်နေပြီမို့ ကျန့်ကျန့် အထိုင်အထခက်လာပြီဖြစ်လို့ မည်သည့်အလုပ်မှမလုပ်ရတော့ပေ...

ခုက ဦးက ကျန့်ကျန့်အတွက် စားစရာလုပ်နေသော အိမ်အကူအား သွားကြီးကြပ်နေသည်...

ဟိုဟာ မထည့်နဲ့...ဒီဟာ မထည်နဲ့နှင့် ညွန်ကြားနေတာကို ကျန့်ကျန့် အိမ်ရှေ့ခန်းမှာ ခြေဆင်းထိုင်ကာ နားထောင်ပြီးရယ် နေသည်...

ခုကျန့်ကျန့်တို့က ကွန်ဒိုကနေ ဦးရဲ့ ခြံဝန်းထဲ ပြောင်းနေကြသည်.... ကျန့်ကျန့် လေကောင်းလေသန့်ရရန်ဆိုပြီး အပင်လေးတွေ ပန်းလေးတွေ ခြံဝန်းထဲတွင် စီစီရီရီ စိုက်ထားသည်...

ဂျပန်မြက်ခင်းအတုဝယ်ကာ... အိမ်ရှေ့တွင် ကျန့်ကျန့်လမ်းလျှောက်ဖို့ လုပ်ပေးထားသည်....

ကျန့်ကျန့်ဦးကို ချစ်တာ...အရမ်းပဲ ကံကောင်းလွန်းပါသည်....

ကျန့်ကျန့်ရယ်နေတုန်း ဦးရဲ့..ဖုန်းဝင်လာသည်....

ကျန့်ကျန့်ကိုင်လိုက်ကာ.....

"Hello. .."

"Daddy....."

"ဟင်.."

ကျန့်ကျန့်ကြောင်သွားသည်....
ဖုန်းနံပတ်ကြည့်လိုက်တော့.... ပြည်တွင်းဖုန်း ဖြစ်နေသည်...

ပြီးမှ ဝမ်းသာအားရနှင့်..

"David လား..."

"ဟမ်.... အော် ကျန့်ကောလား..."

My Special One💗💗 (Completed) #Z & U#Where stories live. Discover now