My Special One 😘

7.3K 485 7
                                    

Zawgyi
Part 15

ဒီတပတ် သောကြာကိုတော့ YB က ရှိတဲ့ Dinner ကိုတောင် ဖျက်ကာ သူလေးဆီသို့ သွား ခဲ့သည်... သူလေးကို လွမ်း၍ဖြစ်ပါသည်...

Bell တီးလိုက်ကတည်းက တံခါးလာ
ဖွင့်ပေးမည့် ပုံကို ရင်ခုန်မှန်းဆနေခဲ့ရသည်...

တကယ်လည်း လာဖွင့်ပေးတဲ့ ပုံစံလေးက သူ့ရင်ကို ဆွဲယူ လှုပ်ခတ် စေလေသည်...လိုင်းစင်းပါသော ချည်သာ ရှပ်ကွက် ပွပွ ကို ဒူးအထက်ဘောင်းဘီတို အနက်နှင့် တွဲဖက်ဝတ်ဆင် ထား သည်... ရေမိုးချိုးပြီးစထင်သည်..
လိမ္မော်သီးရေချိုးဆပ်ပြာနံ့လေးက
သင်းပျံ့နေသည်...

သူလေး အနားမှ ဖြတ်သွားခိုက်ဝယ် အေးခနဲ တောင် ခံစားသွားရသည်...
မိန်းကလေးတွေရဲ့ အလှတွေကို ချီးကျူးထားတာတွေ  အများကြီးမြင်ဖူးပေမဲ့ ဒီကောင်လေးအလှကိုရော ဘယ်လို ဖော်ကျူးရမလဲ.....

မျက်နှာသစ်စ မျက်နှာလေးကလဲ နူးညံ့ ကြည်စင်နေသည်.... ထိုပါးပြင်လေးကို ဖိကပ်နမ်းလိုက်လျှင်
အေးစက်နူးအိနေမည်ထင်သည်... သို့သော်လည်း သူဘာကြောင့် တွန့်ဆုတ်နေမိသနည်း....

"ရေချိုးနေတာလား.."

"ဟုတ် ပြီးနေပါပြီ..."

YB Sofa မှာ သက်တောင့် သက်သာ ဝင်ထိုင်
လိုက်သည်... သူလေးက သူ့ရှေ့သို့ စိမ်းဖန့်ဖန့် အရည်တခွက်လာချပေးသည်....

"Green Tea ပါ.."

"ကျေးဇူး"

YB ကောက်မော့လိုက်ပြီး သူလေးကို မေးလိုက်သည်..

"ဒီည ညစာ ဘာစီစဉ်ထားလဲ.."

"ဦး စားချင်တာ စီစဉ်ပေးမှာမို့ ဘာမှ လုပ်မထားဘူး.."

"ဟုတ်လား...ဒါဆိုလဲ အများကြီး မစီစဉ်ပါနဲ့....ကိုယ်သောက်ရင်း မင်းနဲ့စကားပြောချင်တယ်...ဟိုးအရင်ကလိုပေါ့... ကိုယ်သောက်တဲ့ ဘေး မင်းထိုင်ပေး တာလေးက အရမ်းကြည်နူးဖို့ကောင်းတယ်.."

သူလေးက YB ကို အဓိပ္ပါယ်မဖော်တတ်သော မျက်လုံး များဖြင့် ကြည့်လာသည်... အဲ့ဒီမျက်လုံးတွေဟာ စကားအများကြီးပြောသည်..သို့သော် ဘာပြော ချင်တယ်ဆိုတာတော့ သူမသိချေ...

My Special One💗💗 (Completed) #Z & U#Where stories live. Discover now