My Special One 😘

8.4K 608 10
                                    

Unicode

"Daddy နေကောင်းလား...".

"အင်း ကောင်းတယ်...ဒါနဲ့..Daddy သားလေးရော.. နေကောင်းရဲ့လား...မတွေ့တာကြာတော့ ပိုတောင် ချောလာသေးတယ်...."

လူကြီးတွေ ကိစ္စဘယ်လိုပဲ ဖြစ်ဖြစ် ဒီကလေးကို ရိပေါ် ချစ်ပါသည်...သူ့မား ဗိုက်ထဲက ထွက်လာ က
တည်းက မိမိ ၈နှစ် ၉နှစ်လောက် ထိန်းခဲ့ရသော ကလေး... နောက်မှ သူ့မားက နိုင်ငံခြားကို သူ့အမျိုးသား နှင့်ပြောင်းသွားမှ ကွဲခဲ့ ရခြင်းပင်....ဒီကြားတဲ့ ၂နှစ် ၁ခါ ၃နှစ်၁ ခါတော့တွေ့ဖြစ်ခဲ့သည်...ယခုလည်းကျောင်းပိတ်လို့ ပြန်လာသည်ထင်...

"သား..ဘယ်လိုလဲ..ဟိုမှာနေတာ..."

"ဒီလိုပါပဲ...Daddy ရာ...ပါးနဲ့ မားကတော့.. မသေဆေး မအိုဆေးတွေ မှီဝဲနေလေရဲ့...."

"ဟား..ဟား. သားကတော့..."

ဟုတ်သည်..David ရဲ့ ပါးနဲ့မားက ချမ်းသာဂုဏ် မောက်သူများသာ..အသက်ရှည်ရန် နည်း လမ်းကိုလည်း များစွာ ဂရုစိုက်သူများပင်...

"Daddyကော အိမ်ထောင်မပြုသေးဘူးလား.."

"ငယ်ပါသေးတယ်ကွာ....ဟားဟား.."

သူ့ပြောစကားကြောင့် သားက ရီနေလေသည်...

"သားက ဒီမှာ ထုံးစံအတိုင်း one month ပဲလား.."

"Yep Daddy..."

"Ok.. မင်း နေ့လည်စာရော စားပြီးပြီလား..."

"Nope Daddy ဆီလာရင်း Accidentအသေးစားဖြစ်လို့ မစားခဲ့ရသေးဘူး...".

"အမ် ဘာဖြစ်သွားသေးလဲ...ပြကြည့်."

ပြောရင်း တကိုယ်လုံး လှည့်ပတ်ကြည့်လာသော.Daddy ကြောင့်..

"အာ...daddy ကလဲ...သားဘာမှမဖြစ်ပါဘူး.. minor case ပါ သွား မယ်လေ...daddy သား ဗိုက်ဆာပြီ....Hot Pot ချဉ်စပ်စား ချင်တာဟိုမှာက မစားရဘူးလေ...နော် daddy."

"Ok baby...as you like.."

"Yayyy...that's my daddy.."

........................................
Hot Pot ဆိုင်တွင်....hot pot အစပ်ကို အားရပါးရစားနေသော David ကိုကြည့်ပြီး....

"သား ဟိုမှာ hot pot မစားရဘူးလား..."

ဟင်းရည်ခပ်သောက်နေရင်းသားက..

"စားတယ်... Daddy ...ဒါမဲ့ အရသာတော့ ကွာတာပေါ့...."

"အင်းပါ...အရမ်းမစားနဲ့ ..ဒီလောက်စပ်တာ.. ဗိုက်နာမယ်..."

My Special One💗💗 (Completed) #Z & U#Where stories live. Discover now