My Special One😍

17.9K 846 10
                                    

Unicode

တရုတ်နိုင်ငံ ပေကျင်းမြို့ရဲ့...လူချမ်းသာတွေပဲ.နေတဲ့..Luxury Condo..၉လွှာအခန်းတခုမှာ...
ကျန့်ကျန့်လျှောက်ကြည့်နေရင်း...ကျန့်ကျန့် ၏ လက်ရှိဘဝကို တွေးနေမိသည်...

*Sponsor...အင်း...မိမိသည်...ယခု ဝမ်ရိပေါ်ဆိုတဲ့...China ရဲ့ Top 5စာရင်းဝင်..Wang Group ရဲ့ သူဌေးရဲ့...Partner အဖြစ်...ဒီနေ့က စပြီး...ရောက်ရှိခဲ့ပြီဖြစ်သည်...မည်သို့ပင်.ဘဝပေးအခြေအနေအရပဲ ဆိုဆို မိမိသည်....သူဌေးကို ချူစားတဲ့ ပိုင်းလုံးဆိုတဲ့ အမည်ကိုတော့ရရှိပြီးဖြစ်နေသည်...*

"ဟူး......."

တွေးရင်း ကျန့်ကျန့်သည်...သက်ပြင်း ရှည်တခုကို ချလိုက်ပြီး.... ရေမိုးချိုးရန်ပြင်ဆင်လိုက်သည်...

ယနေ့က မိမိ၏ ဖြူစင်သော ဘဝရဲ့ နောက်ဆုံးညဖြစ်နိုင်သည်...ထို့ကြောင့်...မှန်ထဲတွင်မြင်နေရသော...
မိမိ၏ ရေစိုနေသော ခန္ဓာကိုယ်ကို နှမြောသတစွာ...စိုက်ကြည့်နေမိသည်..

သို့သော်..တခုလို ချင်ရင် တခုကို ပေးဆပ်ရစမြဲဖစ်သော လောကကြီးအတွက်..ကျန်ကျန့်၏ကင်ဆာ ရောဂါသည်မား၏ကျန်းမာရေးနှင့်....အိမ်ထောင်ရေးဆင်မပြေ၍ အမျိုးသားနှင့် ကွဲကာ..သား၂ယောက်
နှင့် အိမ်ပေါ်ပြန်တက်လာသော...ဘာမှမလုပ်တတ်သော.. ကျဲအတွက် လိုအပ်တဲ့ ထောက်ပံ့မှုပေးနိုင်ရန်...ကျန့်ကျန့် ယခုလမ်းကို ရွေးချယ်ခဲ့ရခြင်းဖြစ်သည်...

သို့သော် ပတ်ဝန်းကျင်၏ အမြင်တွင်တော့ မိမိသည်..... ထိုအရာများကို အကြောင်းပြချက်ပေးတဲ့ ပိုင်းလုံးတယောက်သာ...တော်သေးသည်က...မိမိ၏ Partner အင်း...partner လို့ပဲပြောရမှာပေါ့...သူသည်..အိမ်ထောင်သည်ဖြစ်မနေခြင်းသာ....

ကျန်ကျန့်သည်...ဤအလုပ်ကို မလွှဲသာ၍ လက်ခံလိုက်သော်ငြားလည်း...အများသူတွေလို မိမိအဆင်ပြေရန်အတွက်...သူများမိသားစု ပြိုကွဲမျက်ရည်ကျရမည့် အဖြစ်မျိုးတော့ မလိုလားပေ...

ထို့ကြောင့် မိမိ ပိုက်ဆံလို၍ သူငယ်ချင်းဖြစ်သူ..ရန်ရန်အား..ပြောတော့

Flash Back..

"ရန်ရန်...ငါ့ကို တခုလောက်ကူညီပါလား.."

"အင်း ကျန့်ကျန့်ပြောလေ....ငါတတ်နိုင်တာဆို ကူညီမယ်..."

"ဟို လေ..ငါ ပိုက်ဆံ တအားလိုနေလို့ .....အတိုးနဲ့ပိုက်ဆံချေးလို့ရတဲ့..နေရာရှိလား..."

My Special One💗💗 (Completed) #Z & U#Where stories live. Discover now