10

3.8K 263 10
                                    

Unicode

ဆေးရုံမှာ VVIP အခန်းဖြစ်လို့
ကျန့်ကျန့်တို့အဆင်ပြေသည်.

ကျန့်ကျန့်က ကလေးမွေးဖို့လာသည်
နှင့်မတူ.... ဆေးရုံးခန်းက Hotel လိုပင်ဖြစ်နေသည်...

ဦးက ကျန့်ကျန့်လိုချင်တာတွေ လိုအပ်တာတွေအားလုံးကို ဦးက အခန်းထဲတွင် ပြည့်စုံအောင်ထားပေးသည်.....

ခဏနေကျရင် ခွဲခန်းဝင်ရတော့မှာဖြစ်လို့ ဦးက စိတ်ပူနေသည်.....

ဆရာဝန်ကတော့ စိတ်မပူရန်နှင့် ကြိုခွဲမွေးတာကြောင့် အားလုံးအဆင်ပြေမည်​ဖြစ်ကြောင်း ပြောပေမဲ့ ဦးက ကျန့်ကျန့်လက်ကို ကိုင်ပြီး တဖွဖွနမ်းကာ... ငြိမ်သက်နေသည်.....

ခွဲခန်းကိုသွားရန် ကုတင်လာတွန်းတော့ ဦးက ဘေးက ပြေးလိုက်လာကာ...

"Bunny ကိုယ့်ဆီရောက်အောင်ပြန်လာနော်... ကလေးလေးတွေကိုလည်း သေချာခေါ်ခဲ့နော်...ချစ်တယ်....ကိုယ့် အသက်လေး..."

နဖူးကိုဖွဖွလေးနမ်းပြီး မှာလိုက်ကာ...
ခွဲခန်းထဲကိုဝင်သွားတဲ့ Bunny ကို မျက်စိတဆုံးကြည့်နေလိုက်သည်....

ခွဲခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရိပေါ် စိတ်ပူနေသည်....

အချိန် ၂ နာရီခန့်ကြာတော့ ခွဲစိတ်ခန်းတံခါး ပွင့်လာကာ ဆရာဝန်နှင့် Nurse များထွက်လာသည်....

ရိပေါ်လည်း ဝမ်းသာအားရနဲ့ ဆရာတို့ဆီပြေးသွားလိုက်တော့...

"Congratulations ပါ CEO ဝမ်....
အမွှာတို့ရဲ့ ဖခင်ဖြစ်သွားတဲ့အတွက် ဝမ်းသာပါတယ်.... လူကြီးရော ကလေးရော ကျန်းမာပါတယ်.....အခန်းပြောင်းပြီးရင် တွေ့လို့ရပါပြီ...."

"ကျေးဇူးတင်ပါတယ်ဆရာ.... "

ဆရာဝန်ရဲ့ပြောစကားအဆုံး ရိပေါ် ဝမ်းသာမျက်ရည်များကျလာပြီး ဆရာ့လက်ကိုဆွဲကိုင်ပြီး ကျေးဇူးတင်စကား အထပ်ထပ်ပြောမိသည်....

အသက် ၄၀ နားနီးမှ ချစ်တဲ့သူနဲ့ ကိုယ်ပိုင်မိသားစုဘဝလေး ပိုင်ဆိုင်ရတာကြောင့် အရမ်းကိုပေါ်ရွှင်မိသည်....

David လည်း ဝမ်းသာမျက်ရည်များ နဲ့ Daddy ကိုကြည့်ပြီး ပြုံးနေမိသည်....

My Special One💗💗 (Completed) #Z & U#Where stories live. Discover now