My Special One 😘

8.6K 609 6
                                    

Unicode

"Wow...ကားမောင်သင်ဖို့ ပေးတဲ့ ကားက လဲ မိုက်လိုက်တာ...ကျန့်ကျန့် မင်းတော့ ပွတာပဲ...ဒါနဲ့ မင်း ဘယ်သူနဲ့ ကားမောင်သင်မှာလဲ..."

ရန်ရန် တစ်ယောက် XZ's Condo ရဲ့ Car parking မှာ ရပ်ထားသော... ကားကို ​ကြည့်ရင်းပြောနေခြင်း ဖြစ်သည်...

"ဦးကတော့ ကားမောင်သင်မဲ့ ဆရာ ခေါ်ထားပေးပြီ ပြောတယ်..မနက်ဖြန်က စပြီးသင်ရတော့မယ်ပြော တယ်..."

"Aww အင်းပါ..မြန်မြန်တတ်အောင်သင်...ငါမင်း မောင်းတဲ့ကားနဲ့...တအားလျှောက်လည်ချင်နေပီ...."

"ဟုတ်ပါပြီ..ရန်ရန်ရယ်..ကဲ အပေါ်တက်ရအောင်.."

"ကျန့်ကျန့် မင်း ပျော်နေပြီလား...."

ရှောင်းကျန့် ဘာဖြေရမှန်းမသိဖြစ်သွားသည်..... ရန်ရန့်မျက်နှာကို အကဲ ခတ်ကြည့်မိတော့ တည်ငြိမ်စွာဖြင့် အကဲ ဖမ်းမရ ရှိနေသည်....

"ငါလဲ လူတယောက်ပဲလေ...ချမ်းသာမှုမှာတော့.. သာယာတာတော့ ရှိတာပေါ့..."

"အင်းပါ...ဒါမဲ့..ကျန့်ကျန့် မင်းက အရမ်းရိုးသားလို့ တခုခုဆို မင်း ခံနိုင်ရည်မရှိမှာစိုးတယ်..."

"အင်းပါ..ငါကြိုးစားနေပါတယ်..."

"ဟုတ်ပါပြီ....မင်းက ဒီတိုင်းတောင် ဘဝကို ရိုးရိုးသားသား ရပ်တည်ချင်တဲ့သူပဲ...ဒါတွေ မရှိတော့ရင်တောင် မင်းပျော်မှာပါ..ဟုတ်တယ်မလား.."

ရှောင်းကျန့် ရန်ရန် မျက်လုံးကို စိုက် ကြည့်မိလိုက်သည်... ရန်ရန့်မျက်လုံးတွင် အရိပ်တချို့ ဖြတ်ပြေးနေသည်...

"ရန်ရန် မင်းဘာဖြစ်နေတာလဲ..."

"ငါ့သူဌေးက ငါ့ကို sponsor မပေးတော့ဘူး.တဲ့"

"ဟင်..ဒါဆို."

"မဟုတ်ဘူး...Company မှာတော့ အလုပ်ဆင်း ခွင့်ပေးသေးတယ်...ဒါပေမဲ့ပတ်သက်မှုကို ရပ်လိုက်တာ..အေးလေ..ငါက ဟောင်းနေပြီလေ.. တခြား အသစ် ငယ်ငယ်လေးတွေပဲ ပြန်ရှာမှာပေါ့..."

ရန်ရန်စကားကြောင့် ရှောင်းကျန့်ရင်ထဲ ဆစ်ခနဲ ဖြစ်သွားသည်.. တဆက်ထဲ..ရိပေါ်သည်လည်း.မိမိကို ဘယ်ချိန် စွန့် ပစ်သွားမလဲ..တွေးမိလိုက်ရင်း.... နာကျင်သွားရ သည်......တွေးနေရင်း....ရန်ရန် နှုတ်ဆက်ပြန်သွားသည်ကိုပင် ပြန်မနှုတ်ဆက်လိုက်မိပေ....

My Special One💗💗 (Completed) #Z & U#Where stories live. Discover now