😈[DSH-Part20]🦋 ပုန်းအောင်းနေခဲ့သောတောင့်တလိုစိတ်ထွက်ပေါ်လာချိန်

322 35 2
                                    

#unicode

Fated: Devil's Scarlet Heart

🦋>>အတွင်းနှလုံးသားထံမှ ပုန်းအောင်းနေခဲ့သော တောင့်တလိုစိတ် ထွက်ပေါ်လာချိန်<<🦋

ဒုအကြီးအကဲရန် ခေါ်ဆောင်လာတဲ့အတိုင်း ယုန်ရှန်းစံအိမ်တော်ဆီရောက်ခဲ့၏။ ကျပ်သည်းထူထပ်‌နေပြီး အချင်းချင်းအလုအယက်တိုးဝှေ့ကာ ပြွတ်သိပ်နေတဲ့ အသုဘဝတ်ရုံဖြူ တစ္ဆေ‌တွေကြားထဲမှ မနည်းထိုးဖောက်ထွက်ခဲ့ကာမှ အနီရောင်ဝတ်ရုံ သခင်အား အသေအချာမြင်တွေ့ရ၏။ ဆုံစည်းသွားသော အကြည့်လေးတွေမှာ ခဏတာ မှင်သက်ပြီး တစ်ကိုယ်လုံးမှိုင်းမိသလို ရှေ့ဆက်မရွေ့နိုင်လောက်အောင် နေရာမှာတင် တောင့်ဆက်သွားခဲ့ပေမယ့် ဘာကြောင့်ရယ်မသိ အလိုလိုမို့တက်သွားတဲ့ ကိုယ့်ရဲ့ ပါးမို့မို့တွေနဲ့ ကော့တက်သွားတဲ့ ကိုယ့်ရဲ့နှုတ်ခမ်းစွန်းစွန်းတွေ။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ အခုလိုမျိုး မျက်လုံးတွေ မှေးစင်းရအောင်အထိ မပြုံးဖူးတာတော့ အမှန်ပင်။ ထိန်းချုပ်လို့မရလောက်အောင် ဒီ‌ကော့ညွှတ်နေခဲ့တဲ့နှုတ်ခမ်းစွန်းတွေက ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားရှေ့မှာပဲ ပထမဦးဆုံး သူစိမ်းတစ်ယောက်ကို ပြုံးပြဖူးတာပါတဲ့လေ...။ ခင်ဗျား ယုံမလားတော့ မသိပေမယ့်ပေါ့။

ဘေးဘက်ဆီမှာ တိုးဝှေ့နေကြတဲ့သူတွေဆီမှ မိမိအား တွန်းတိုက်မိကြတော့ ယိုင်သွားတဲ့ ဒီခြေထောက်တွေက လဲကျဖို့အခွင့်အရေးလေးတောင်မရလိုက်ပါဘဲ လူတစ်ယောက်ရဲ့ လက်မောင်းတွေကြားထဲ နေရာယူသွားလေရဲ့။ ထိုသူ့လက်ထဲ ပေါ့ပါးစွာ ရောက်သွားတဲ့ မိမိခန္ဓာကိုယ်လေးက ထိုသူ့အတွက်တော့ ငှက်မွှေးလေးတစ်ခုသာသာပဲ ရှိမယ်ထင်ပါရဲ့။

နှစ်ယောက်မရှိပါသော ထိုသူမှ သူ့အား ပွေ့လိုက်ခဲ့ခြင်း။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးတုန်းက ယုန်ရှန်းဒုတိယထပ် လသာဆောင်မှာရပ်နေခဲ့တဲ့ နီဆွေးသောဝတ်ရုံ ဆင်မြန်းထားသော နတ်ဆိုးအရှင်သခင်ပင်။ လျင်မြန်လွန်းလှသည်မှာ လေပွေတစ်ခုက စုပ်ယူသွားသည့်အလား ၊ လေအလျင်နှင့်အတူ အပွေ့ခံလိုက်ရကာ ၊ ရှင်းလင်းသည့်နေရာထံ ကိုယ်ဖော့သိုင်းသုံးလို့ သူ့အား ချီဆောင်သွားပါ၏။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now