😈[DSH-Part17]🦋 ဝူးကွမ်းချန် ၏ အရှင်သခင်

513 65 104
                                    

#unicode

Fated: Devil's Scarlet Heart 😈
🦋>>ဝူးကွမ်းချန် ၏ အရှင်သခင်<<🦋

"အရှင်Sean... အရှင်... အရှင်...!"

သစ်ရွက်လို‌ပေါ့ပါးကာ သွက်လက်တက်ကြွလွန်းပြီး ယောက်ျားဆန်မှုများ ကိန်းဝပ်နေသော ရှတတအသံတစ်ခု။ ထိုသူက ဝိဉာဉ်၊တ‌စ္ဆေလောက၏ တစ်ဦးတည်းသော နတ်ဆိုးအရှင်နှင့် စိတ်စွမ်းအားအသုံးပြုကာ ဆက်သွယ်မှုတစ်ခုအား အဆောတလျင် ချိတ်ဆက်နေပြီး အဆက်အသွယ်မိသွားပြီဆိုကာမှ။ သူ့ဝတ္တရားအတိုင်း အရှင်သခင့်ဆီကို ပေးပို့လိုက်၏။

"အရှင်...! မြို့ကို ကာကွယ်စီရင်ထားတဲ့ အတားအဆီးတံတိုင်းကို ကျုးကျော်လာသူ တစ်ယောက်ရှိပါတယ်"

ဤသို့ ထိတ်ထိတ်ပြာပြာ အလန့်တကြားနဲ့အသံပို့လွှတ်လာသူကား တစ်ခြားသူမဟုတ်။ Gangပင်။

တစ်ဖက်က ဖြေဆိုသံမူနတ္ထိ။ ထိုအစား အလွန်ငြိမ်သက်လွန်းသော လေထုထဲ *ဟက်*ခနဲ အသံတစ်သံ‌ပြေးဖြတ်သွားသည်ကလွဲ၍ မည်သည့်တုံ့ပြန်အသံမျှရောက်ရှိမလာခဲ့။ ထို့ကြောင့် သူလည်း.... စိတ်အလျင်လိုစွာပင်။ အရှင်သခင်အမိန့်သာဆိုပါစေ အမြဲအသင့်ရှိ လိုက်နာမည့်၊ တာဝန်သိတတ်သူ ညာလက်ရုံးပီပီ။ နောက်ထပ်အသံတစ်သံပို့လွှတ်လိုက်၏။

"အရှင် အမိန့်တစ်ခုသာပေးလိုက်ပါ... ကျွန်တော် အခုချက်ချင်းပဲ အဲ့ကျူးကျော်လာသူကို...."

သို့ပေမယ့် သူ့ပို့လွှတ်သံမဆုံးသေးခင်မှာပင်။ တစ်ဖက်ဆီမှ... ထင်မှတ်ထားသလိုမဟုတ်သော တုံ့ပြန့်သံတစ်ခု စီညံလာခဲ့သည်!

တစ်ဖက်က ရှောင်းကျန့်, သူသည်လည်း အစောကမူ မိမိညာလက်ရုံးထံမှ ဤသို့ပို့လွှတ်လာသည်ကို အတန်ငယ် အသံတိတ်ရယ်သံသွေးနေပါသော်လည်း။ အကြောင်းအရာ တစ်စုံတစ်ရာအား အမှတ်ရသွားရာဝယ်။

"Gang မင်းက အခု မြေအောက်နိုင်ငံတော်မှာ ရှိနေရမှာမဟုတ်ဘူးလား... ဘယ်လိုလုပ် "ဝူးကွမ်းချန်" ရဲ့ အကာအကွယ်စည်းတံတိုင်းဆီ ကျူးကျော်လာသူကို သိရတာလဲ...မဟုတ်မှ မင်း..."

"ဟင်....အဲ့လို....မဟုတ်... အရှင်Sean..."

ပြန်ဖြေရှင်းချက်လေးမဆိုမိခင်မှာတင် ထပ်ပြီးအပြစ်ဆိုလာသူ အရှင်သခင်။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now