😈[DSH-part11]🦋ကြောက်ရွံ့မှုကိုသူမကိုယ်တိုင်စတင်ခဲ့တယ်ဆိုတာလက်မခံနိုင်ခဲ့

842 105 63
                                    

#Unicode

Fated: Devil's Scarlet Heart 😈🦋

🦋>>တစ်ကယ်တမ်း အထီးကျန်မှု၊ ကြောက်ရွံ့မှုကို သူမကိုယ်တိုင်ဆီက စတင်ခဲ့တယ်ဆိုတာ လက်မခံနိုင်ခဲ့ပြီ<<🦋

[Recalling previous part]

(စာအုပ်အပြင်ဘက်မှာ) အရိုးအိုးကွဲသံနှင့်အတူ ပုံပြင်နတ်မိမယ်ရဲ့အသံနက်ကြီးက ဟိန်းထွက်လာပြီး သူမ၏အောင်မြင်လုလု အမှတ်စဉ် ⟨100⟩မြောက်စာအုပ်က လွတ်ကျသွားတော့၏။ လင်းထွက်လာတဲ့ အလင်းတန်းစူးစူးတွေနဲ့အတူ ရှောင်းကျန့်ဟာလည်း မတုံ့မဆိုင်းဘဲ အလင်းစွမ်းအားကြောင့် စာရွက်တွေ တဖျပ်ဖျပ်လှန်နေသည့် စာအုပ်ကြီးထဲ ဝင်သွားသည်။ ဝမ်ရိပေါ်ဆိုသည့်ကောင်လေးကို ပြန်ခေါ်ဖို့ရာအတွက်...။

"ကောင်လေး မင်းဘာမှမဖြစ်လောက်ဘူးမလား..."

ချောက်နက်ကြီးထဲကို တုံ့ဆိုင်းခြင်းမရှိ ခုန်ဆင်းလာသော၊ မည်သည့်အတောင်ပံမှမရှိ၊ မည်သည့်အကာအကွယ်မှမရှိသော ရှောင်းကျန့်ဟူသည့် ဖြစ်တည်မှုတစ်ခု...။

အလင်းအရှိန်နဲ့ ပြုတ်ကျနေတဲ့ ‌ကောင်လေးကိုမီဖို့ရာ မိမိသည်လည်း လေအလျင်နှင့်အတူ အရှိန်ပြင်းစွာ ခုန်ဆင်းနေရ၏။

အဆုံးမရှိသော ချောက်နက်ကြီးထဲကို အလင်းအရှိန်နဲ့ ပြုတ်ကျနေတဲ့ ‌ငါးနှစ်သားအရွယ်ရိပေါ်က ထိန်းချုပ်ထားတဲ့သူမရှိတော့ လေထုအလယ်မှာ မေ့မြောနေပေပြီ။

"ကောင်လေး ငါမင်းကို ဒီကနေ အမြန်ဆုံးခေါ်သွားမယ်...မင်းဘာမှမဖြစ်စေရဘူး...!"

မကြာခင်မှာပဲ လေထုအလယ်က မေ့မြော‌နေတဲ့ ကောင်လေးကို လက်အစုံနှင့် ဖမ်းမိလိုက်‌‌ပေ၏။

အေးစက်သော အငွေ့အသက်ရှိပေမယ့်လည်း လုံခြုံဘေးကင်းသော နတ်ဆိုးအရှင်ရဲ့ ရင်ခွင်ထဲ ဘေးကင်းစွာ ကျရောက်သွားတဲ့ ရိပေါ်၏ ငယ်ဘဝအရွယ်ခန္ဓာကိုယ်‌လေး။

ရှောင်းကျန့်က ရိပေါ်ကို ထွေးပွေ့ထားရင်းနှင့်ပင် အရှိန်ပြင်းစွာပြုတ်ကျနေတဲ့ လေကိုဆန်၍ အထက်ဆီ ပြန်တက်ရန်ကြံ၏။

ဤသို့ ဆန်တက်ဖို့ရာ......?!

သိပ်မကြာခင်မှာပဲ သူတို့၏ ဘေးပတ်ပတ်လည်မှာ ဝန်းရံပေါ်ထွက်လာတဲ့ သွေးနီရောင်မရဏလိပ်ပြာအသင်္ချေက ပတ္တမြားရောင် တလက်လက်နှင့်...။ ထိုသွေးလိပ်ပြာတို့က သူတို့ဝန်းရံထားတဲ့ သူတို့၏အရှင်သခင်နှင့် လူသားကောင်လေးကို သယ်ဆောင်ကာဖြင့် ဤနေရာ၏ ထွက်ပေါက်ဆီသို့ ဦးတည်ကာ................!

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now