😈[DSH-PART 8]🦋 မရည်ရွယ်လိုက်သော ပထမဆုံးအနမ်း

988 129 48
                                    

#unicode

Fated: Devil's Scarlet Heart😈🦋

🦋>>မရည်ရွယ်လိုက်သော ပထမဆုံးအနမ်း<<🦋

နေဝင်ရီတရောအချိန်၌၊ လေတစ်သွဲ့တိုက်လိုက်တိုင်း မွှေးပျံ့လာတဲ့ မက်မွန်ပန်းရနံ့တွေပြည့်နှက်လျက်ရှိသော၊ နတ်ဆိုးအရှင်ရဲ့ ပိုင်နက်နေမြေထဲကတစ်နေရာဖြစ်သည့် "ထောင်ဟွားယွမ်" (မက်မွန်ပန်းဥယျာဉ်) ကြီးဝယ်....။ လျှို့ဝှက်ချက်တွေအရမ်းများလွန်းလှပါသော..မဟူရာရောင်မျက်နှာဖုံးနှင့် လူသားတစ်ယောက်။ လက်နောက်ပစ်ကာဖြင့် ထုံသင်းသော မက်မွန်ပန်းရနံ့များကို ခံစားနေလျက်။

လူသားတစ်ယောက်ဖြစ်ပါလျက် အဘယ်ကြောင့် နတ်ဆိုးအရှင်အတွက် Gang ပြီးရင် အားကိုးရဆုံး ဘယ်လက်ရုံးတစ်ယောက်ဖြစ်လာခဲ့ပါသနည်း။ အချိန်‌တွေကား ကုန်ဆုံးတာ အင်မတန်မြန်ပေ၏။ လွန်ခဲ့သော ၁၉နှစ် အနှစ် ၂၀ လောက်ကဖြစ်မည်ထင်၏။ တစ်နေ့သော ယခုလို နေဝင်ရီတရော အချိန်မျိုး၌၊ နေဝန်းနီညိုညိုကြီးသည် မကြာခင် ပင်လယ်ရေပြင်အောက် လုံးဝဥဿုံ ပြောက်ကွယ်ကာ လောကကြီးကို နှုတ်ဆက်ပေတော့မည်။ ခန့်မှန်းခြေ အသက် ၁၉၊ ၂၀ မျှသာ ရှိသေးသော ပိန်ပါးပါး ဖြူသွယ်သွယ် လူငယ်တစ်ယောက်သည်လည်း နေဝန်းကြီးနှင့်အတူ လောကကြီးကို နှုတ်ဆက်ဖို့ရာ စိတ်ပိုင်းဖြတ်ထားပုံပေါ်၏။ 

ကျောက်ဆောင်ကျောက်တန်း‌နွယ်တွေပေါ်မှ နေဝန်းနီညိုညိုကြီးကို ငေးမောနေပြီး သူ၏စိတ်ဆုံးဖြတ်ထားသည့်အတိုင်း တိုင်ပင်မခေါ်ပါဘဲ...

“နှုတ်ဆက်ခဲ့ပါတယ်”

ဆိုသည့် မည်သူ့ကို ရည်ရွယ်မှန်းမသိသော စကားတစ်ခွန်းသာ ဆိုပြီးနောက် နေဝန်းနီညိုညိုကြီးနှင့်အတူ ပင်လယ်ရေပြင်အောက် ခုန်ချလိုက်ပြီတည်း။ 

‌သူ၏ ဘေးဝန်းကျင်အရပ်မျက်နှာတို့မှ ရေတို့ကြောင့်မွန်းကြပ်မှု၊ အေးစက်မှု၊ မှောင်မိုက်နေမှု၊ အထီးကျန်ဆန်မှု တို့ကား တစ်လုံးတစ်ရင်းတည်း ဝင်လာခဲ့သည်။ မထင်မှတ်ထားသော ထိုဒဏ်တို့ကြောင့် စိတ်ပြောင်းကာ ရုန်းကန်ခြင်းငှာစိုးစိမျှမပြုမိ။ အမှန်တစ်ကယ်ပဲ ဒီဘဝကို နှုတ်ဆက်ဖို့ရာ အဆင်သင့်ဖြစ်နေသူပင်။ မျက်လုံးအစုံတို့ကိုသာမှိတ်ပြီး မကြာခင် အဆုတ်ထဲ ပင်လယ်‌ရေများပြည့်နှက်ကာ ဇီဝိန်ချုပ်တော့မည့် အချိန်ကိုသာစောင့်နေမိတော့သည်။ ရုန်းကန်ခြင်းငှာမပြုသောကြောင့် ပင်လယ်ရေအောက်သို့ တရစ်ရစ် နစ်မြုပ်နေပေတော့သည်။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now