😈[DSH-part10]🦋 ကြောက်ရွံ့မှုနှင့် အထီးကျန်ဆန်မှု (၂)

843 107 30
                                    

#unicode

Fated: Devil's Scarlet Heart 😈🦋

🦋>>ကြောက်ရွံ့မှုနှင့် အထီးကျန်ဆန်မှု (၂)<<🦋

မနက်ခင်းအချိန်တွေက ဆာလောင်မှုအပြင်းထန်ဆုံးအချိန်တစ်ခု။ ဆာလောင်မှုကို ခေတ္တဖြေသိမ့်ဖို့ရာ ကြိတ်မှိတ်ပြီးအိပ်နေတဲ့ ကလေးမလေးတစ်ယောက်။ နွမ်းချာစုတ်ပြတ်နေတဲ့ ဆယ်နှစ်စွန်းစွန်းကလေးမလေးက တစ်စုံတစ်ယောက်ကို တင်းကြပ်စွာဖက်ထားရာမှာထူးဆန်းသလိုခံစားမိလာ၏။ သူမ ဖက်ထားတဲ့ တစ်စုံတစ်ရာက လေဟာနယ်တစ်ခုလိုဖြစ်နေသည်ကို ခံစားမိတဲ့အခါ၊ စိုးရိမ်ပူပန်စွာဖြင့် အနားတစ်ဝိုက် ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်မိသည်။

"မောင်လေး..! မောင်လေး..! ကူကူး..! ကူကူး..မောင်လေး.. မမ ကိုမနောက်ပါနဲ့ကွာ...! မောင်လေးဘယ်မှာလဲ? လိမ္မာတယ်နော်.. ပုန်းမနေပါနဲ့.. ထွက်လာခဲ့ပါကွာ..ကူကူးရေ.."

ဆာလောင်နေတဲ့ဗိုက်ကို ချိုးနှိမ်ရင်း ပျောက်သွားတဲ့ သူမ၏တစ်ဦးတည်းသော မိသားစုဝင်မောင်လေးကို အနီးပတ်ဝန်းကျင်တစ်လျှောက်ရှာဖွေနေမိသည်။ "ကူကူး" ဆိုသည့် အမည်နာမလေးကို တကြော်ကြော်ခေါ်နေရင်း..!

မြစ်ကမ်းယံဆီက တိုက်ခတ်လာတဲ့လေအေးအေးတွေကသူမဝတ်ဆင်ထား‌သော အပြဲပေါင်းဆယ်ကျော် အဖာထေးပေါင်းတစ်ရာရှိတဲ့ ညစ်ထေးထေး အင်္ကျီလေးကို ရိုက်ခတ်နေလျက်။

"ကူကူး......... မင်းဘယ်မှာလဲ...! ! ! ! ! ! ! ! ! ! !"

အက်ကွဲနေတဲ့ သူမအသံ‌သေးသေးလေးက မြစ်ကမ်းယံတစ်လျှောက် ပျံ့လွင့်သွားသံနှင့်အတူ သူမသည်လည်း အင်အားချိနဲ့ကာ မြေပြင်ပေါ် လဲကျမေ့မြောသွားတော့၏။ *ကူကူး*ဆိုသည့် သူမခေါ်လိုက်တဲ့ အမည်နာမပိုင်ရှင်လေးကို လေညှင်းလေးတွေက ရှာပေးကောင်းရှာပေးလောက်မှာပါလေ...။

.....................🦋

Seanကတော့ Sean ပီသပါပေတယ်။ မနေ့ညက Seanကိုယ်ပွား ကျန့်ကျန့်ဆိုတဲ့ ဆယ်နှစ်သား သာသာအရွယ် ကလေးတစ်ယောက် ဘယ်သောအခါမှ ဝမ်အိမ်တော်ကိုမရောက်ခဲ့ဖူးသလိုပါပဲ..။ ထင်တဲ့အတိုင်းပဲ၊ ဆယ်နှစ်သား ကျန့်ကျန့်ကို မြင်လိုက်၊ သိလိုက်တဲ့ ဝမ်အိမ်တော်ကလူတွေအကုန်လုံးရဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဖြောက်ပစ်လိုက်တယ်ဆိုတာ..။ ချွင်းချက်အနေနဲ့ ကျွန်တော်ကတော့ မပါခဲ့ဘူးပေါ့..။ Sean ရဲ့စွမ်းအားတွေက ကျွန်တော့်အပေါ် မသက်ရောက်ဘူးနဲ့တူပါရဲ့....။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now