😈[DSH-PART9]🦋 ကြောက်ရွံ့မှုနှင့် အထီးကျန်ဆန်မှု (၁)

900 106 43
                                    

#Unicode

Fated: Devil's Scarlet Heart 😈🦋

🦋>>ကြောက်ရွံ့မှုနှင့် အထီးကျန်ဆန်မှု (၁)<<🦋

“ဆန်းကြယ်လွန်းတဲ့ ကံကြမ္မာက နောက်တစ်ကြိမ် ထပ်တူညီတဲ့ ချစ်ခြင်းတစ်ရံကို ပြုလုပ်ဖို့ရာ မျိုးစေ့ချ၊ ပျိုးကျဲနေပြီလားလေ...။ ဒီတစ်ခါရော မလှပတဲ့ နာကျင်ခြင်းအဆုံးသတ်တွေကို ဖန်တီးလေဦးမလား..?? ချစ်ခြင်းနတ်ဘုရားက ဒီလိုအဆုံးသတ်မျိုးတွေကို သဘောကျတယ်ဆိုရင်ပေါ့..!”

...........

မရည်ရွယ်လိုက်‌တဲ့ အနမ်းမမည်သော အကြင်နာပါးပါးလေးကို မိမိကိုယ်တိုင်က ပြုမူခဲ့သည်ဆိုတာ ယုံကြည်ရခက်ခက်ပင်..။ Sean ပိစိလေးကို သေချာစောင်ခြုံပေးပြီး မိမိကိုယ်တိုင်ကတော့ မြစိမ်းရောင်မွေ့ယာကျယ်ကြီးရဲ့ ထောင့်စွန်းတစ်ဖက်မှာ အိပ်မည့်အစား အိပ်ခန်းထဲက အနည်းငယ် သက်တောင့်သက်သာရှိတဲ့ sofa bed မှာပဲ အိပ်လိုက်သည်။

စိတ်ထဲကနေလည်း တောင်းပန်စကားထပ်ပြောမိသည်။

'မရည်ရွယ်လိုက်မိပါဘူး...တောင်းပန်ပါတယ်'

မားမားဆုံးပြီးကတည်းက နဂိုကတည်းကမှ အပေါင်းအသင်းနည်းတဲ့ ကျွန်တော်က အလေလွင့်ဝိဉာဉ်ငယ်အချို့နှင့် ရင်းနှီးဖို့အကြောင်းဖန်လာခဲ့သည်။
သာမန်လူတွေအနေနှင့် ကြောက်ရွံ့စရာကောင်းတဲ့ သနားစရာ လေလွင့်ဝိဉာဉ်ငယ်တွေက ကျွန်တော့်အတွက်တော့ အကောင်းဆုံး အဖော်ပြုဖော်တွေပင်။

'အခုချိန်‌လောက်ဆို သူတို့တွေတော့ မျှော်နေကြတော့မှာပဲ.. ဒီညလည်း မလာနိုင်လို့ တောင်းပန်ပါတယ်ကွာ'

ဒီ‌ညတော့ အဖော်အဖြစ်မားမားဓာတ်ပုံလေး မလိုတော့ဘူးပါလား..။ မိမိအိပ်ယာထက်က ဆယ်နှစ်သားအရွယ် နတ်ဆိုးငယ်လေးကိုလည်း တစ်ချက်ကြည့်ပြီး မားမားကလွဲ၍ မည်သူ့မျှ မဆိုဖူးသော ညအိပ်ယာဝင် နှုတ်ဆက်စကားဆိုမိလိုက်သည်။

"ကောင်းသောညပါ...! Sean...!"

ဒီညလေးတော့ အိပ်မက်လှလှတွေနဲ့ ကြုံချင်မိပါရဲ့....!

ဒီနေ့အဖို့ ပင်ပန်းသွားတာကြောင့် ခေါင်းချလိုက်သည်နှင့် တစ်ချိုးထဲ အိပ်ပျော်သွားသည်။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now