😈[DSH-PART13]🦋 အနက်ရောင်ခြုံလွှာဝတ်ရုံအောက်က ထူးဆန်းသောဖြစ်တည်မှုနှင့်.....

976 98 61
                                    

#unicode

Fated: Devil's Scarlet Heart 😈🦋

🦋>>အနက်ရောင်ခြုံလွှာဝတ်ရုံအောက်က ထူးဆန်းသောဖြစ်တည်မှုနှင့်လျှပ်တစ်ပြတ် ခဏတာ<<🦋

"အန်း_ယွီပင်း!!! မင်း ဘာလုပ်လိုက်တာလဲ?"

လေထုအလယ်မှာ ရိပေါ်ရဲ့ အသံကြီးက ပြည့်လွှမ်းလာတယ်။ တစ်ဖက်မှာ‌တော့ အချိန်ခဏလေးအတွင်းမှာပင် အငိုက်မိသွားပြီး ဘလိုင်းကြီး အထိုးခံလိုက်ရ‌တာကြောင့် လည်ထွက်သွားတဲ့ ပါးပြင်တစ်ဖက်နှင့်အတူ ကြမ်းပြင်ပေါ် လဲကျသွားသော နတ်ဆိုးအရှင် ရှောင်းကျန့်။

ယွီပင်းက ရိပေါ် အော်လိုက်တာကြောင့် ပြာပြာသလဲနှင့်။ မျက်လုံးကတော့ ရိပေါ်လည်ပင်းဆီကိုသာ ကြည့်ရင်းဖြင့်။ ကိုယ်ချစ်ရတဲ့သူကို နာကျင်အောင်လုပ်တဲ့ ‌ဘယ်ကမှန်းမသိ၊ ရိပေါ်နဲ့ပါလာတဲ့ အနှီ ဖြူဖပ်ဖြူရော်၊ အရပ်ရှည်ရှည်၊
ကလန့်ကလားကောင်ကို တွေးမြင်မိတော့ ဒေါသကထွက်လာ၏။

"ရိပေါ်..., သူက မင်းကို နာကျင်အောင်လုပ်တာလေ... ဒါကို.. ငါက...ဒီအတိုင်း ကြည့်နေ..."

!ခွပ်!

လက်မြန်တဲ့ ရိပေါ်က ယွီပင်းရဲ့ ပါးတစ်ဖက်ကို ထိုးဖို့ တုံ့ဆိုင်းခြင်းမရှိခဲ့ပါဘူး။ ရိပေါ်က ယွီပင်းကို ရှောင်းကျန့်အစား လက်တုံ့ပြန်ပြီး အခုထိ မိမိဘာ‌ကြောင့် ဘလိုင်းကြီး အထိုးခံလိုက်ရသလဲဆိုတာ စဉ်းစားနေပုံရတဲ့ ရှောင်းကျန့်ကို သွားထူပေးလိုက်၏။

"Sean, တောင်းပန်ပါတယ်..."

"ဘာကြောင့်လဲ?"

ဟုတ်သည်လေ..! ဒီကောင်လေးက ဘာလို့ ဒီစကားကို သူမမှားပါဘဲ တောင်းပန်ရတာလဲ? ရိပေါ်နဲ့ ခုနက သူ့ကို ဘလိုင်းကြီးထိုးလိုက်တဲ့ ငနဲကရော ဘယ်လိုတွေ ပတ်သတ်နေလို့လဲ? သူတို့က ဘာတွေလဲ?! အတွေးများနှင့်အတူ အလိုမကျမှုကြောင့် ထွက်လာတဲ့ စကားလုံးက ခပ်ပြတ်ပြတ်နိုင်သလို ဘောက်ဆက်ဆက်လည်း နိုင်လှ၏။

"တစ်ကယ်ဆို Sean ကို ခေါ်မလာခဲ့သင့်ဘူး။ အစောကတည်းက ကျွန်တော်တို့ လမ်းခွဲခဲ့သင့်တယ်... အခုတော့ Sean..."

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now