😈[DSH-part14]🦋 ကိုယ့်ကို "ကိုကို" လို့ခေါ်လို့ရတယ်

873 99 55
                                    

#unicode
Fated: Devil's Scarlet Heart 😈🦋

🦋>>ကိုယ့်ကို "ကိုကို" လို့ခေါ်လို့ရတယ်<<🦋

"ကိုယ်ကတိပေးခဲ့တယ်လေ....မင်းကို ကာကွယ်ပေးပါ့မယ်လို့...!"

ရှောင်းကျန့်ရဲ့ လျှပ်တစ်ပြတ်တိုက်ခိုက်မှုဝယ် တစ်ဖက်သို့လွင့်စင်သွားသော မိစ္ဆာကြီးရဲ့ မျက်နှာကိုအုပ်ထားသော ဝတ်ရုံရှည်ခြုံလွှာမှ ခေါင်းဆောင်းကြီးကား သူ့ကို ဆက်ပြီး မဖုံးကွယ်ထားနိုင်တော့။ ထိုမိစ္ဆာကြီး၏ ဘယ်ဘက်မျက်နှာတစ်ခြမ်းမှာ ထင်းလင်းပြတ်သားနေတဲ့ ဓားခုတ်ရာလိုလို အမာရွတ် အစင်းကြောင်း အကြီးကြီးတစ်ခု။ ထိုအခြင်းအရာကို ရှောင်းကျန့်အပါဝင် ရိပေါ် ပါမြင်ဖြစ်အောင်မြင်လိုက်ရ၏။

ထိုသူ့ပေါ်မှ ၎င်းအမာရွတ်ကြီးကား နဖူးအလယ်စပ်တည့်တည့်ကနေ သက်ဆင်းကာ ဘယ်ဘက် မျက်ခွံအလယ်ကိုဖြတ်၍ ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံးလုံးတွင် ကြီးမား နက်စောက်လှသော လျှို‌မြောင်ကြီးအလား ။ နှစ်ပေါင်းရာချီတိုင် တည်ရှိနေခဲ့ပုံရသော ၎င်းအမာရွတ်ကြီးကား တစ်စုံတစ်ယောက် စီရင်ထားသော အပြစ်အမှတ်သားတစ်ခုနှယ်။ အမှောင်ထုထဲတွင် အလင်းရောင်တစ်ချို့ ဖြတ်ပြေးသွားတိုင်း ထိုမိစ္ဆာ၏ အသွင်သည်လည်း ထင်းထင်းလင်းလင်းကို ပေါ်လာချေ၏။

ရှောင်းကျန့်၏ စိတ်အဟူ၌ ထိုသူ့ကို သိ၍သော်၊ မသိ၍သော် နှစ်ဖြာ ရောထွေးစွာဖြင့် မဟူရာရောင် မျက်ခုံးနှစ်သွယ်ကို အလယ်စုကာ မသိစိတ်၏ အလိုမကျမှုကြောင့် ခပ်တင်းတင်းသာ ကျုံ့၍...!

"မင်းက.....???"

နတ်ဆိုးအရှင် ရှောင်းကျန့်တစ်ယောက် ထိုမိစ္ဆာ၏ အသွင်သဏ္ဌာန်ကို ပြတ်သားစွာ မြင်လိုက်ရသော တဒင်္ဂဝယ် အဘယ်ကြောင့်ရယ်မသိ ကျော်လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက ပတ်သတ်ခဲ့ဖူးသော ရန်သူတော်တစ်ယောက်ကို ပြန်တွေ့လိုက်ရသလိုနှယ် ခံစားရ၏။ ၎င်းကို မြင်လိုက်ရသဖြင့် သူ၏ နှလုံးသားသည်လည်း ပေါက်ကွဲထွက်တော့မယောင် အလိုလိုပင် ဒေါသမီးအဟုန်တို့ကား တောက်လောင်လာချေ၏။ ထိုအခြင်းအရာအတွက် အဖြေကားမရှိ။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now