😈[DSH_Part 1]🦋 နတ်ဆိုးတစ်ပါးအားမွေးဖွားခြင်း

3.4K 229 36
                                    

Fated: Devil's scarlet heart😈🦋

🦋>>နတ်ဆိုးတစ်ပါးအားမွေးဖွားခြင်း<<🦋

နတ်သမီးပုံပြင်တိုင်းမှာ လှပတဲ့ အဆုံးသတ်ဆိုတာရှိတယ်။ဒါပေမယ့်...လက်တွေ့ကမ္ဘာမှာတော့ နွေးထွေးတဲ့ နှလုံးအိမ်ရှိသော သူတွေရဲ့ ပြီးဆုံးခြင်းမည်သော ချစ်ခြင်းတရားတွေရဲ့ အဆုံးသတ်အနားတွေကား နတ်သမီးပုံပြင်တိုင်းလို မလှပနိုင်ပါဘူး...။ တစ်ခါတစ်ရံ ၀မ်းနည်းစရာတွေ ကြုံပြီးမှ လှပတဲ့ချစ်ခြင်းတစ်ခုပိုင်ဆိုင်ချင်ပိုင်ဆိုင်မယ် ။ တစ်ခါတစ်ရံလည်း ပျော်ရွှင်ခြင်းတွေနဲ့ စခဲ့ပြီးမှ ကြေကွဲ၀မ်းနည်းဖွယ်အဆုံးသတ်နဲ့လည်း ကြုံချင်ကြုံကြမယ် ။ ဒါမှမဟုတ်လည်း တွေ့ဆုံခြင်းအမှားတွေနဲ့ဆုံတွေ့ခဲ့ပြီး မလှပတဲ့ခွဲခွာခြင်းတွေနဲ့လည်း အဆုံးသတ်ချင်သတ်ကြမယ်။ ဤသို့အမျိုးမျိုးသော စတင်ခြင်းတွေနဲ့ အစပြုပြီး မတူညီသော အဆုံးသတ်ဆိုတာတွေနဲ့ ကြုံတွေ့ ကြလိမ့်မယ်။ အဘယ်သူမျှ လုပ်ယူဖန်တီးလို့မရနိုင်သလို မိမိနှစ်သက်သလိုခြယ်လှယ်စီမံခွင့်လည်းမရနိုင်‌ပေ။ အရာအားလုံးက ကြမ္မာဆိုတဲ့ကံစီမံရာအတိုင်းပါပဲလေ။ မည်သူမျှအတွန့်တက်ခွင့်မရနိုင်ပါတကား။

တစ်ခါတစ်ရံကြ‌တော့လည်းဆန်းကြယ်တဲ့ကံကြမ္မာဆိုတာကြီးက လောကနိယာမနဲ့ဆန့်ကျင်တဲ့ ချစ်ခြင်းတစ်ရံကိုဖန်တီးတတ်ပြန်သလို ထူးထူးဆန်းဆန်းအရာတွေလည်းဖန်တီးတတ်ပြန်ပါသေး၏။ ထိုအရာတွေရဲ့အဆုံးသတ်အနားကိုတော့ မည်သူကမျှကြိုတင်မြင်လိမ့်အံ့မထင်။ ထိုကံကြမ္မာကိုခြယ်လှယ်နိုင်တဲ့ နတ်ဘုရားဆိုတဲ့ဖြစ်တည်မှုကလွဲ၍သာပေါ့။

>>>>>>>>>>>>>>>>🦋<<<<<<<<<<

အလွန်တရာမှဆန်းကြယ်လှသော စကြာ၀ဠာကမ္ဘာကြီးသည် ထူးခြားဆန်းကြယ်မှုများစွာဖြင့်အမြဲတစေပြည့်နှက်နေတတ်၏။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက "လူ" ဆိုတဲ့ ဖြစ်တည်မှုတစ်ရပ်ကို ဤကမ္ဘာမြေကြီးပေါ်၌ ဖန်ဆင်းစေခဲ့သည်။ သို့နှယ် အမျိုးမျိုးဖြစ်တည်မှုအရာများကိုလည်း ဖန်ဆင်းခဲ့ပါသေးသည်။ "လူ" ၊ "မိစ္ဆာ" ၊ "နတ်ဘုရား" ဟူ၍ ။
"လူ" ဆိုတဲ့ဖြစ်တည်မှုကို "မွေးဖွားခြင်း၊ သေဆုံးခြင်း" ဟူသည့် သံသရာစက်၀န်းဖြင့် ကန့်သတ်ထားပြီး လူသားများသည် ဤလောကကြီး၌ ကျင်လည်ကြရ၏။ ခန္ဓာနှင့်နာမ်ဝိဉာဉ် နှစ်ခုပေါင်းစပ်ထားသော လူသားတွေကား မိမိတို့အတွက် သတ်မှတ်ထားသော အချိန်စက်၀န်းကုန်ဆုံးချိန်တွင်တော့ ကြီးကြီးရွယ်ရွယ် အနှီခန္ဓာကို နာမ်ဝိဉာဉ်ကစွန့်ခွာရမည်မှာဧကန်။ သေဆုံးခြင်းရဲ့တခြားတစ်ဖက်ဆီကို သွားရပေမည်။ သေဆုံးခြင်းသည်ကား အဆုံးသတ်မဟုတ်။ ထိုသို့ကျင်လည်ခဲ့စဉ်ကာလတစ်လျှောက်လုံးအတွင်း မိမိလုပ်ခဲ့သမျှ ကောင်းမှုအဟူ၊ မကောင်းမှုအဟူ၏ အကျိုးကို သေဆုံးခြင်းတံတိုင်းတစ်ဖက်မှာ ခံစားရလတ္တံ့။ လူသားအဖြစ်တစ်ဖန်ပြန်မွေးဖွားနိုင်သလို လွန်လေပြီးသောဘ၀က အစွဲတရာရာကြောင့်လည်း မကျွတ်လွတ်နိုင်ကာ ဝိဉာဉ်၊ တစ္ဆေ အဖြစ် ဤလူ့ကမ္ဘာ၌ပဲ ယောင်ချာချာ ကျင်လည်တတ်ကြသည်။ အငြိုးအာဃာတ တရားကြီးလျှင်ကြီးသလို မကျွတ်လွတ်နိုင်တဲ့ ဝိဉာဉ်ရဲ့ မိစ္ဆာစွမ်းအင်များလည်းကြီးတတ်ပြီး ကျွတ်လွတ်ဖို့ရာလည်းခက်ချေ၏။ ၎င်းနှင့်ဆန့်ကျင်ဘက် အေးချမ်းခြင်းအတိသုခ ပြည့်နှက်လျက်ရှိသော နတ်ပြည်နတ်နန်းသို့ စံမြန်းခွင့်ရနိုင်ပြီး "နတ်ဘုရား" ဖြစ်ရန်ကား အင်မတန် ခဲလွန်းရာ၏။
လူတစ်သောင်းမှာတစ်ယောက်သာလျှင် "နတ်ဘုရား" ဖြစ်တန်ရာ၏။ "နတ်ဘုရား" များကား ကမ္ဘာမြေထုကြီး၏ အထက် ကောင်းကင်ယံ၌သာ တသီးတသန့် စံမြန်းကြသော်ငြား လူနှင့် မိစ္ဆာများသည်ကား ကမ္ဘာမြေလောကတစ်ခုထဲတွင်သာ ရောပြွန်းနေထိုင် ကျက်စားကြရ၏။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now