😈[DSH- part2]🦋 ကြာပန်းရနံ့သင်းသောအဖြူရောင်မျက်နှာဖုံးပိုင်ရှင်

1.8K 175 60
                                    

#Unicode

Fated: Devil's scarlet heart 😈🦋

🦋>>ကြာပန်းရနံ့သင်းသောအဖြူရောင်မျက်နှာဖုံးပိုင်ရှင်<<🦋

သက္ကရာဇ်တွေသာ တစ်ရာစုပြီးတစ်ရာစု ရွေ့‌ရွေ့သွားတယ် ။ သူ့ရဲ့ဖြစ်တည်မှုကတော့ အခုချိန်ထိတည်ရှိနေဆဲပဲ။ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလာရတဲ့သူ့အဖို့ ပုံစံအမျိုးမျိုးဖြင့် အသွင်ပြောင်းပြီး လူတွေရဲ့ကြားထဲမှာ တစ်နေရာမှတစ်နေရာလှည့်လည် ပြောင်းရွှေ့‌နေထိုင်ရတယ်။ လူတွေကြားထဲမှာအနှောက်ယှက်ပေးကြတဲ့ ဝိဉာဉ်တွေကို ထိန်းသိမ်းဖို့ရာအတွက် လူတွေနဲ့အနီးကပ်ဆုံးမှာနေထိုင်ရခြင်းသာ။
အများဆုံးသက်တမ်း ကိုးဆယ်၊ တစ်ရာထိသာ ရှင်သန်နိုင်တဲ့ လူသား‌တွေရဲ့မျိုးဆက်တွေက ကမ္ဘာမြေကြီးမှာတစ်နေ့ထက်တစ်နေ့ တိုးပွားလာတယ်။ မျိုးဆက်တစ်ခုထက်တစ်ခုလည်းပိုပြီး ရှင်သန်နေထိုင်နည်းတွေ ပြောင်းလဲတိုးတက်လာခဲ့၏။ သူသည် လူသားခန္ဓာသာပိုင်ဆိုင်ထားသော်ငြား သာမန်လူသားတွေထက်တော့ ထူးခြားပါ၏။ အချိန်ဘယ်လောက်ကြာကြာ ပျိုမြစ်နုပျိုဆဲရှိနေသော မျက်နှာ၊ အိုစာမသွားသော ရုပ်ရည်ရူပကာ ။ သို့ကြောင့် ပတ်သတ်တွေ့ဆုံခဲ့ဖူးတဲ့ လူသားတွေ သူ့ကိုမမှတ်မိဖို့ရာ ပြောင်းရွှေ့နေထိုင်ရခြင်းပင်။ အလွန်ခဲအေးလှသောတောင်၀င်ရိုးစွန်းတွေထိသွားဖူးသလို ကျစ်ကျစ်တောက်ပူပြင်းခြောက်သွေ့သော မြေထဲပင်လယ်ထဲက သဲကန္တာရကိုပင် ဖြတ်ဖူးပါ၏။ အနှီအတောတွင်း တစ္ဆေသရဲပေါင်းများစွာကိုလည်းဖြေသိမ့်၊ ထိန်းချုပ်ပေးခဲ့ပြီးပြီ။

ယခုလက်ရှိ (၂၁)ရာစု ၊ နည်းပညာတွေလည်းတိုးတက်လာခဲ့ပြီ။ မြင့်မြင့်မားမားအဆောက်အဦးတွေနဲ့ ၂၄နာရီ အပြည့်နီးပါး လူပေါင်းများစွာနှင့် တရုတ်ပြည်ကြီးကားသက်၀င်စည်ကားလျက်ပင်။ ၀တ်ပုံစားပုံတွေလည်း သူဖြတ်သန်းခဲ့တဲ့အရင်ခေတ်‌ တွေကနှင့်မတူ‌တော့။ ယောက်ျားလေးများသည်ဆံရှည်မထားကြတော့သလို မိန်းကလေးများသည်လည်း ပိုးထည်အင်္ကျီရှည်ရှည်ကြီးတွေ အထပ်ထပ်မ၀တ်ကြတော့ပေ။ ခေတ်နှင့်အညီ စကပ်တိုတို လည်ဟိုက်ဟိုက် ၀တ်ကြသူတွေအများသားပင်။
တော်သေးသည်က ယဉ်ကျေးမှုရိုးရာ ကိုတော့ ထိန်းသိမ်းထားသည်။ တရုတ်နှစ်သစ်ကူး ကဲ့သို့သော ပွဲ‌တော်ရက်များတွင်တော့ ရိုးရာအင်္ကျီကို၀တ်ကြသည်လေ။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now