😈[DSH-part7]🦋 ဒုတိယတစ်ဖန်တွေ့ဆုံမှု

999 130 35
                                    

#unicode

Fated: Devil's Scarlet Heart 😈

🦋>>ဒုတိယတစ်ဖန်တွေ့ဆုံမှု<<🦋

ရိပေါ်တစ်ယောက် လုပ်နေကြတာ၀န်ကို ပြုလုပ်ဖို့ရာ အခုအချိန်က စော‌နေသေးတာကြောင့် အိမ်အရင်ပြန်ပြီးရေအရင်ချိုးဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။ မည်သူထင်ထားမည်လဲ?? အိမ်မရောက်ဘဲ ရဲစခန်းရောက်သွားမယ်လို့ -_-

......................🦋

အဖြစ်က ဤသို့...။

"အော် ဘယ်သူများလဲလို့...ဟားဟား ဒုတိယနှစ် အနုပညာမေဂျာကပဲ...။ ၀မ်အိမ်တော်ကသားဆိုပြီး ဘ၀င်လေဟပ်၊ လူ‌တွေကိုမတူသလိုမတန်သလိုမျက်နှာထားနဲ့ ရေခဲတုံးလို့နာမည်ကြီးနေတဲ့ ၀မ်ရိပေါ်ပါလား??!"

ဆင်းနေကြမဟုတ်တဲ့ ဘတ်စ်ကားမှတ်တိုင်ကနေဆင်းပြီး ခါတိုင်းထက် ၀မ်အိမ်တော်ကြီးဆီ လျှောက်လှမ်းဖို့ရာ နှစ်ဆလောက်ကြာမည့်လမ်းကို အေးအေးလူလူလှမ်းနေသော သူ့ရှေ့ လူလေးငါးယောက်ဖြင့် ပိတ်ဆီးခြင်းခံလိုက်ရ၏။

ဒါတွေကလည်း ဟိုပေါကြောင်ကြောင် ယွီပင်း ဆိုသောလူကြောင့်လို့ပဲပြောရမလား?? ကိုယ်နဲ့ ဆင်းမယ့်မှတ်တိုင်တူနေသောကြောင့် ရှုပ်ရှုပ်ရှပ်ရှပ်တွေ ဖြစ်မလာချင်၍။ ယခုတော့ ထို့ထက်ပိုဆိုးနေပါပြီရော့လား??! စကားမများချင်၍ ထိုလူ‌လေးငါးယောက်ကို မသိကျိုးကျွံပြုကာ ကျော်ခွသွားမည်ပြုသော်လည်း မအောင်မြင်ခဲ့။ သူ၏ ကျောပိုးအိတ်အစွန်းထွက်ကြိုးကို လှမ်းဆွဲလိုက်သောကြောင့်။

"ဝေ့~~ ဘာလဲ မင်းက ငါတို့ကို မသိချင်ယောင်ဆောင်တာလား?? စီနီယာတွေက နှုတ်ဆက်ရင်ပြန်ဖြေရမယ်ဆိုတာ နားမလည်ဘူးလား??"

"ဟက်!! ဟား ဟား ဟား"

ထိုအမှိုက်သာသာလူတွေရဲ့ စကားကြောင့် ချုပ်တည်းပေမယ့်လည်း မထိန်းနိုင်စွာရယ်မိပါ၏။ ခနဲ့တဲ့တဲ့ ။ အက်အက်ကွဲကွဲ ။

စောနက သူ၏ ကျောပိုးအိတ်ကြိုးအစွန်းစကိုလှမ်းဆွဲလိုက်သော ခေါင်းဆောင်ဟုထင်ရတဲ့ လူက သူ့အရပ်မမှီတမှီနှင့် ရိပေါ်၏ ကော်လံစကို တင်းကြပ်ကြပ်ဆွဲကာ ရယ်မိတာကိုပင် အပြစ်သဖွယ်ဆိုလာ၏။ ထိုသူက ဒေါသစွက်ကာအော်ပြောလာ၏။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Dove le storie prendono vita. Scoprilo ora