😈[DSH-part3]🦋 ကြာပန်းလေး(FuHūa)

1.2K 150 23
                                    

#Unicode

Fated: Devil's Scarlet Heart

🦋>>ကြာပန်းလေး(FuHūa)<<🦋

ညလေကအေးစိမ့်စိမ့်။ အတော်လုနီးပါးမှောင်ရီပျိုးနေပြီဖြစ်သောကြောင့် လူခြေပင်အတော်တိတ်ဆိတ်နေပေပြီ။ လမ်းမီးတိုင်မှိန်ဖျဖျသာရှိသောကျောက်စရစ်လမ်းလေး၀ယ်။ လူကုံထံအသိုင်းဝိုင်းများသာနေနိုင်သော ခြံကျယ်ကျယ် အိမ်ကြီးကြီးတွေသာရှိသော ရပ်ကွက်တစ်ခု။အိမ်မီးရောင်တွေတောင်ထိန်ထိန်လင်းလင်းမရှိတော့။ မှိန်ယဲ့ယဲ့အလင်းသာ အိမ်‌ရှေ့‌တွေ၌‌ နေရာယူထားသည်။သူသည် ရှေ့ကိုဆက်လျှောက်လာရာ တစ်ခုသော မီးရောင်ထိန်ထိန်လင်းကျင်းနေသေးသော ခြံကျယ်ကျယ်ကြီး‌ရှေ့‌ ခြေစုံရပ်လိုက်သည်။ ခြံအတွင်းဘက်ရှိ ခြံတံခါးအနီးက ကင်းတဲမှာ ထိုင်စောင့်နေသော ညစောင့်ဦးလေးကြီးက အိပ်ငိုက်နေသည်ထင်ရ၏။

သူသည် ခြံတံခါး သံတိုင်ကြားကနေ မတိုးမကျယ်သောအသံအနေထားဖြင့်ခေါ်လိုက်၏။

"ဦးလေးကြီး"

တစ်ခေါက်နှင့်မကြား သုံးခေါက်လောက်အသံပြုမှသာ တဟမ်ဟမ်နဲ့ လှုပ်ရွလာပြီးသူ့ကိုမြင်သွားပုံပေါ်၏။

"သခင်လေး ပြန်လာပြီပဲ! တောင်းပန်ပါတယ် တောင်းပန်ပါတယ်သခင်လေး! ဦးလေးကြီး နည်းနည်းအိပ်ငိုက်သွားတယ်"

ပြောပြောဆိုဆိုပင် ခြံတံခါးကိုဖွင့်ပေးလာ၏။

ပြုံးစစနှင့် သူလည်းတုံ့ပြန်မိသည်။

"ရပါတယ် ဦးလေးကြီးရာ တောင်းပန်ဖို့မလိုပါဘူး!
ကျွန်တော့်ကြောင့် အအိပ်ပျက်သွားပြီထင်ရဲ့"

ဦးလေးကြီးကလည်းခြံတံခါးပြန်ပိတ်ရင်း....

"သခင်လေးရယ် ညတိုင်း ဒီအချိန်ကြီးမှပဲအမြဲပြန်လာတယ်ကွယ်! ဘယ်တွေများသွားနေလို့လဲ သခင်လေးရယ်! ၀မ်သခင်ကြီး စိတ်ပူအောင်မလုပ်ပါနဲ့လားကွယ်"

"ကျွန်တော့်ကိုစိတ်ပူဖို့နေနေသာသာ ရှိတယ်လို့တောင်ထင်မှာမဟုတ်ပါဘူးဗျာ"

"သခင်‌ေ......"

ဆက်ပြောဖို့ရာအလုပ် ခြံတံခါးသော့ခတ်ပြီး ပြန်အလှည့် သခင်လေးကတော့ ခပ်လှမ်းလှမ်းကိုရောက်သွားပြီး အိမ်တော်ကြီးဆီ‌လျှောက်လှမ်းသွားနေ၏။ ခြံစောင့်ဦးလေးကြီးလည်း သက်ပြင်းမောတစ်ချက်နှင့်အတူ ခေါင်းသာအသာယမ်းနိုင်တော့၏။

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now